Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မလေးရှားမှာ (၉) နှစ်ကြာနားထားတဲ့ F1 ပြိုင်ပွဲ ပြန်လည်ကျင်းပ

ရောင်နီ (NSS) -  အောက်တိုဘာ ၄

           မလေးရှားနိုင်ငံ Sepang International Circuit (SIC) မှာ ၉ နှစ်ကြာအတွင်း ပထမဆုံးအကြိမ်အဖြစ် Formula 1 (F1) ပြိုင်ပွဲကို အောက်တိုဘာ (၂)ရက်က ပြန်လည်ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲလာရောက်ကြည့်ရှုသူတွေ များပြားတာကြောင့် Shuttle Bus စီးဖို့ နာရီနဲ့ချီတန်းစီစောင့်ဆိုင်းခဲ့ရကာ သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

          မလေးရှားနိုင်ငံဟာ ဧပြီလက ဘာရိန်း Grand Prix ပြိုင်ပွဲကို မကျင်းပနိုင်ခဲ့တာကြောင့် အစားထိုးအဖြစ် ဒီနှစ် F1 ပြိုင်ပွဲကို လက်ခံကျင်းပခဲ့တာဖြစ်ပါတယ်။ F1 ပြိုင်ပွဲကို Sepang Circuit မှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကျင်းပခဲ့ဖူးပြီး ကျင်းပစရိတ်နဲ့ လိုင်စင်ကြေးတွေ မြင့်တက်လာတာကြောင့် ရပ်နားခဲ့တာဖြစ်ပါတယ်။ 

ပြိုင်ပွဲအတွက် မလေးရှားနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးအော်ပရေတာ Rapid KL ကတော့ KLIA Terminal 2၊ Mitsui Outlet Park နဲ့ Bandar Baru Enstek တို့ကနေ ည (၇) နာရီကနေ သန်းခေါင်ယံအထိ အခမဲ့ Shuttle Bus ၉၅ စီး ပြေးဆွဲပေးမယ်လို့ ကြေညာထားပါတယ်။ ဘတ်စ်ကားတွေကို (၁၀) မိနစ်ကနေ (၁၅) မိနစ်အတွင်း တစ်စီး စီ ပြေးဆွဲဖို့ စီစဉ်ထားပေမယ့် ယာဉ်ကြောအခြေအနေအပေါ် မူတည်ပြီး အချိန်ကွာခြားနိုင်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ F1 ပြိုင်ပွဲကို အောက်တိုဘာ (၂) ရက်ကနေ (၄) ရက်အထိ ကျင်းပမှာဖြစ်ပြီး ပရိသတ် ၂၀၀,၀၀၀ ကျော် လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ကားပါကင်နေရာ အကန့်အသတ်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်နိုင်တာ ကြောင့် ပရိသတ်တွေကို အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အသုံးပြုဖို့ ကြိုတင်အကြံပြုထားခဲ့ပါတယ်။

          ဒါပေမယ့်လည်း အောက်တိုဘာ (၂) ရက် ညပိုင်းပွဲမှာတော့ ပရိသတ်တွေဟာ Shuttle Bus စီးဖို့ နာရီနဲ့ချီ စောင့်ဆိုင်းခဲ့ရပြီး တချို့ကလည်း ကားကို မစောင့်နိုင်တာကြောင့် အဝေးပြေးလမ်းမတစ်လျှောက် ကီလိုမီတာ အတော်များများ လမ်းလျှောက်ထွက်ခဲ့ကြရတယ်လို့ သိရပါတယ်။ Social Media ပေါ်က တင်ထားတဲ့ပို့စ်တွေအရ ဘတ်စ်ကားရဖို့ စောင့်ဆိုင်းနေသူတွေကြား တွန်းတိုက်မှုတွေ၊ ဘတ်စ်ကားရဖို့ အပြေးအလွှားသွားလာမှုတွေ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်တရားရုံးက AI အဝတ်မဲ့ပုံ ဖန်တီးမှု တားမြစ်ဥပဒေကို ယာယီရပ်ဆိုင်း

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved