Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမျိုးသမီးများကိုပါ စစ်မှုထမ်းခိုင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း ရုရှားစွပ်စွဲပြောဆို

Pika (NSS) - စက်တင်ဘာလ ၁၂

ယူကရိန်းတွင် အမျိုးသားစစ်မှုထမ်းအင် အားပြတ်လပ်မှုပြဿနာများ လျော့နည်းလာမှုနှင့်အတူ အမျိုးသမီးမျိုး ကိုပါ စစ်မှုထမ်းရန်အတွက် စစ်သားအဖြစ်စုဆောင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂ (EU) ကတိုက်တွန်းခဲ့ကြောင်း ရုရှားနိုင်ငံ၏ပြည်ပ ထောက်လှမ်းရေးဌာန (SVR)ကပြောဆိုခဲ့သည်။ ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံရေး အရဆုံး ဖြတ်ချက်တစ်ရပ်ကို ချက်ချင်းချမှတ်ရန် ယူကရိန်းကို ဥရောပသမဂ္ဂကတောင်းဆိုထားကြောင်း (SVR) က ပြောကြားခဲ့သည်။

(၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်း ကယူကရိန်း အစိုးရက စစ်သားစုဆောင်းရေးလှုပ်ရှားမှုများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရှေ့တန်းစစ်မြေ မျက်နှာပြင်မှာ ကျဆုံးသူများနှင့် တပ်ပြေးအရေအတွက်များ တိုးပွားလာမှုနှင့်အတူ ယူကရိန်း၏ စစ်သားစုဆောင်းရေး လုပ်ငန်းစဉ်မှာ ပိုမိုကြမ်းတမ်းလာခဲ့ခြင်းလည်းဖြစ်သည်။


စစ်မှုထမ်းရန်ဆန္ဒမရှိသူများကို ယူကရိန်းစစ်သားစုဆောင်းရေးအရာရှိများက လိုက်လံဖမ်းဆီးခြင်း၊ ရိုက်နှက် ခြင်းနှင့် ကားပေါ်သို့အတင်းအဓ္ဓမခေါ် ဆောင်သွားခြင်းတို့ကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံက အဓ္ဓမပြုကျင့်သည့်နိုင်ငံ တစ်ခုဖြစ်လာနေပြီဆိုသည့် ဝေဖန်ပြောဆိုချက်များ လည်းထွက်ပေါ်လာခဲ့သည်။ မကြာသေး မီကပြုလုပ်ခဲ့သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးအတွင်း ယူကရိန်း အမျိုးသမီးများကိုပါ စစ်သားစုဆောင်းရေးထဲတွင် ထည့်သွင်းရန်အစီအစဉ်ကို မှန်ကန်သောဦးတည် ချက်ဆီသို့ လှမ်း လိုက်သည့် ခြေလှမ်းတစ်ခုအဖြစ် ဥရောပသမဂ္ဂ၏ထိပ်တန်းသံတမန် ကာဂျာကဲလက်စ်က ဖော်ပြပြောဆိုခဲ့ကြောင်း သတင်းအချက်အလက် များကိုကိုးကားပြီး SVR က ထုတ်ပြန်ပြောဆိုခဲ့သည်။

ထို့ပြင် စစ်မှုထမ်းရန်သင့်လျော်သောအမျိုး သားဦးရေလျော့နည်းလာမှုကြောင့် ယူကရိန်းတွင် လူအင်အားက မကြာမီအချိန်အတွင်း ကုန်ဆုံးသွားနိုင်ကြောင်း ကာဂျာကဲလက်စ်က သတိပေးပြောဆိုခဲ့ပြီး ယူကရိန်းအနေဖြင့် အစ္စရေး ကို စံနမူနာတစ်ခုအဖြစ် အတုယူသင့်သည်ဟု ပြောကြားခဲ့ကြောင်းလည်းသိရသည်။ လက်ရှိ ယူကရိန်းဥပဒေအရ အသက်(၂၅)နှစ်မှ (၆၀)နှစ်အရွယ်ကြားရှိအမျိုးသားများမှာ စစ်မှုထမ်းရန်အတွက်သင့်လျော်ပြီး အသက်(၂၃)နှစ်မှ (၆၀) နှစ်ကြားရှိအမျိုးသားများကို နိုင်ငံတွင်းမှထွက်ခွာ ခွင့်ပိတ်ပင်ထားကာ အမျိုးသမီးများအနေဖြင့် ၎င်းတို့ ၏ဆန္ဒ အလျောက် စစ်မှုထမ်းခွင့်ရှိကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်

RECENT POSTS
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved