ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
Pika (NSS) - စက်တင်ဘာလ ၁၂
အီရန်ကျောထောက်နောက်ခံပြု ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က Mocha ဆိပ်ကမ်းမြို့ကိုသိမ်း ပိုက်လိုက်ပြီး ပင်လယ်နီကမ်းရိုးတန်းတစ်လျှောက် ရှိ မဟာဗျူဟာမြောက်ကျွန်းများဆီသို့ ဦးတည်ချီတက်လာခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များကပြောကြားခဲ့သည်။ အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲများ အပြီးတွင် အီရန်စစ်ပွဲကပြီးဆုံးသွားလိမ့်မည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြော ဆိုခဲ့ ပြီးနောက် နာရီပိုင်းအကြာတွင် ဟူသီလက်နက်ကိုင်အဖွဲ့၏ သိမ်းပိုက်မှုဖြစ်စဉ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာ့ အရေးအပါဆုံး ရေကြောင်းသွားလာရေးလမ်းကြောင်းများထဲမှတစ်ခုဖြစ်ပြီး ပင်လယ်နီ၏ တောင်ဘက်ထွက်ပေါက်ဖြစ် သော Babel-Mandeb ရေလက်ကြားအပေါ် ဟူသီ လက်နက်ကိုင်အဖွဲ့က ပိုမိုလွှမ်းမိုးလာနိုင်ခဲ့ပြီး ံညေငျ့ ကျွန်းစုများ ဆီသို့ပင်ရောက် ရှိသွားပြီဖြစ်ကြောင်း ယီမင်အစိုးရ၏ စစ်ရေးသတင်းရင်းမြစ်များကပြောကြားခဲ့သည်။
ဟော်မုဇ်ရေ လက်ကြားနှင့်ဆန့်ကျင်ဘက်ဖြစ်သော အာရေးဗျကျွန်းဆွယ်၏တစ်ဖက် ခြမ်းရှိရေလမ်းကြောင်းကို ဟူသီလက်နက် ကိုင်အဖွဲ့က ထိန်းချုပ်သွားနိုင်ခဲ့မည်ဆိုပါက ၎င်းတို့ကိုကျောထောက်နောက်ခံပြုထားသော အီရန်အတွက် အမေရိကန် နှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် အရေးပါသည့်အားသာချက်တစ်ခုရရှိလာနိုင်ပြီး ဒုတိယမြောက် အဓိကသယ်ယူပို့ဆောင် ရေးလမ်းကြောင်းမှတစ်ဆင့် ကုန်စည်စီးဆင်းမှုများကို လျော့ကျသွားစေမည်ဖြစ်ကာ ရေနံဈေးနှုန်းများကိုလည်း မြင့်တက်သွားစေနိုင်ကြောင်း ယင်းသတင်းရင်းမြစ်များကပြောကြားခဲ့သည်။ ယင်းကဲ့သို့ဖြစ်လာမည်ဆိုပါက လာမည့် နိုဝင်ဘာလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများမတိုင်မီ ၎င်း၏ ရီပတ်ဘလစ် ကန်ပါတီ၏ ရွေးကောက်ပွဲ ဆိုင်ရာအလားအလာများကိုထိခိုက်စေခဲ့သော အီရန်စစ်ပွဲမှ ထွက်လမ်းရှာဖွေရန်ကြိုးပမ်းနေသည့် ဒေါ်နယ်ထရမ့် အတွက် အခက်အခဲများပိုရှိလာနိုင် ကြောင်း အဆိုပါစစ်ရေးသတင်းရင်းမြစ်များကပြောကြားခဲ့သည်။

ဆော်ဒီအာရေးဗျသင်္ဘောများမှလွဲပြီး အခြားသင်္ဘောကုမ္ပဏီအားလုံးအ တွက် ပင်လယ်နီရေကြောင်းသွားလာမှု မှာ ဘေးကင်းလုံခြုံလိမ့်မည်ဖြစ်ကြောင်း ဟူသီ လက်နက်ကိုင်အဖွဲ့ကလည်ပတ်သည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာညှိနှိုင်း ရေးဗဟိုဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သည့်နိုင်ငံ ဖြစ်သော ဆော်ဒီအာရေးဗျသည် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်စီးဆင်းမှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်ချိန်မှစတင်ပြီး ပင်လယ်နီလမ်းကြောင်းကို အဓိကအားထားအသုံးပြုလာခဲ့ရခြင်းလည်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
