နိုင်ငံတော်သမ္မတကို ကမ္ဘောဒီးယားက ခမ်းခမ်းနားနားကြိုဆိုပြီး ပထမနေ့တွင် သဘောတူစာချုပ်နှင့် MOU (၄) ခု လက်မှတ်ရေးထိုး
ပီယ (NSS) - စက်တင်ဘာလ ၁၂
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ဖိတ် ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်သည့် နိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံက ခမ်းခမ်းနားနားကြိုဆိုခဲ့ပြီး ခရီးစဉ်ပထမနေ့တွင် ကမ္ဘောဒီးယားနိုင်ငံတာဝန်ရှိသူများနှင့်တွေ့ဆုံသည့်အပြင် သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ (MOU) (၄)ခုကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် စက်တင်ဘာလ (၁၁)ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုသည့်အပြင် ပြည်သူများကလည်း ယာဉ်တန်းဖြတ်သန်းရာ လမ်းဘေး ဝဲ၊ ယာတွင် မြန်မာနိုင်ငံအလံနှင့် နိုင်ငံတော် သမ္မတ၏ဓာတ်ပုံတို့ ကိုကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြောင်း သိရသည်။
ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေး နန်းတော်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်ဟွန် ဆင်၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကာ ငြိမ်းချမ်းရေးနန်းတော်၌ နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်တို့ တွေ့ဆုံဆွေး နွေးကာ နှစ်နိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများက သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ (MOU) (၄)ခုကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary ခွန်ဆန်ဒရီနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာလ (၁၁) ရက် မှ (၁၂) ရက်အထိ သွားရောက်ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
RELATED POSTS
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
