အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
ALynn (NSS)- စက်တင်ဘာ ၁၂
မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြည်သူများအတွက် အိန္ဒိယအစိုးရ အကူအညီဖြင့် ဆောင်ရွက်မည့် အမြန်အကျိုးပြုစီမံကိန်း (QIP) (၅) ခုအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲကို စက်တင်ဘာ (၁၁) ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းများတွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်း၊ မီဒီယာကဏ္ဍ တိုးချဲ့ခြင်းနှင့် ရေရှည်တည်တံ့သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပါဝင်သည်။
လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur တို့ တက်ရောက်ခဲ့ကြသည်။ နားလည်မှုစာချွန်လွှာများကို အိန္ဒိယသံရုံးမှ ပထမအတွင်းဝန် (ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး) Shri Amit Shreeansh နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။

အိန္ဒိယအစိုးရသည် QIP အစီအစဉ်အောက်မှ မြန်မာပြည်သူများအတွက် တိုက်ရိုက်လိုအပ်နေသော အရေးပေါ်လုပ်ငန်းများတွင် ထောက်ပံ့ပေးရန် လာမည့် (၅) နှစ်အတွင်း အမေရိကန်ဒေါ်လာ (၂) သန်းအထိ ကူညီပံ့ပိုးပေးသွားမည်ဟု ကတိပြုထားသည်။
လွန်ခဲ့သည့် (၃) နှစ်တာကာလအတွင်းကလည်း ယခုကဲ့သို့သော အမြန်အကျိုးပြု စီမံကိန်း မူဘောင်အောက်မှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၂၅) သန်းအထိ သုံးစွဲကာ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပြည်သူ့အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ရက်ကန်းလုပ်ငန်း၊ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် ပြန်လည်ပြင်ဆင်ခြင်း စသည့် ပြည်သူ့အဓိက အခြေခံအဆောက်အအုံဆိုင်ရာ နယ်ပယ်များတွင် ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တွင် လူပေါင်း(၂၀ဝဝ)နီးပါးက Jeppson’s Malort အရက်ကို တစ်ပြိုင်တည်းသောက်ပြီး ဂင်းနစ်စံချိန်သစ်တင်
RELATED POSTS
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
