မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
သန့်မင်းအိမ် (NSS) - စက်တင်ဘာ ၁၂
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို မြနန်းစံကျော် ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ကုန်းဘောင်ဆက်မောင်နှမများမှ အနွယ်တော်တစ်ဦးဖြစ်သူ ဦးထိပ်တင်အောင်က NP News သို့ပြောသည်။
ရတနာပုံ မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး နတ်ပြည်စံပြီးနောက် သီပေါမင်းတရား လက်ထထက်က စတင်ကာ မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသည့်နေ့တွင် သေသူအား ရည်မှန်းကာ ဆွမ်းဆက်ကပ်ခြင်း အလှူဖြစ်သော မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၇)ရက် က မြနန်းစံကျော်ရွှေနန်းတော် မြေနန်းပြသာဒ်ဆောင်တွင် မင်းတုန်းမင်းတြားကြီး နတ်ပြည်စံသက် (၁၄၇)နှစ်မြောက် မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းမှု အထိမ်းအမှတ် ဓမ္မသဘင်နှင့် ကုသိုလ်အမျှဆက်သခြင်းအခမ်းအနား ဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။
ယခု နှစ်တွင်လည်း ရွှေနန်းတော်ကြီးပေါ် ဆွမ်းကပ်လှူဒါန်းနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်း ဦးထိပ်တင်အောင်က ပြောသည်။

“လုပ်ဖြစ်/မလုပ်ဖြစ်က အဓိကတော့ ငွေကြေးပေါ်ငွေကြေးပေါ်မှာ မူတည်တာ။ရရှိလာတဲ့ အလှူငွေ နဲ့ အလှူရှင်ပေါ်မူတည်ပြီးတော့ နန်းတော်ကြီးပေါ်မှာ ဆွမ်းကပ်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်” ဟု အနွယ်တော် ဦးထိပ်တင်အောင်က ပြောသည်။
ယခုနှစ်ပြုလုပ်ရာတွင် ဝါတော်သက်တော်ကြီးသော ဆွေတော်မျိုးတော်များ ကန်တော့ပွဲအား ဖြစ်ပေါ်နေသော အခြေအနေများအရ ခေတ္တ ကျင်းပခြင်းမပြုနိုင်သေးပဲ အခြေအနေပေးပါက ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် မင်းတုန်းမင်းတြားကြီး နတ်ပြည်စံ (၁၄၈)နှစ်မြောက် မတကဘတ် ဆွမ်းဆက် ကပ်လှူဒါန်းမှုအား မဟာဓမ္မိကာရမ ရွှေကျင်တိုက်မကြီး အတွင်းရှိ သံဃာတော်များ၊ သာမဏေများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
