အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
ကိုဖြိုး (NSS) - စက်တင်ဘာ ၁၂
အကြမ်းဖက်သမားများ၏ဖျက်ဆီးမှုကြောင့် အဓိကဓါတ်အားလိုင်းကြီးအချို့ပျက်စီးခဲ့ပြီး စက်တင်ဘာ(၁၁) ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် (၂၃၀) ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းတွင် အပြစ်ဖြစ်ပေါ်ခဲ့ပြီး ဓာတ်အား လိုင်းကြီးအချို့ ဖျက်ဆီးခံထားရခြင်းကြောင့် ကျန်ရှိနေသည့်ဓာတ်အားလိုင်းများပေါ်တွင်သာ ဝန်ပိုစီးဆင်းမှုထပ်ဆင့်ဖြစ်ပေါ်ရကာ ဆင့်ကဲဓာတ်အားပြတ်တောက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အချိန်မှီပြန်လည်ပြင်ဆင်ရန်ကြိုးပမ်းခဲ့သော်လည်းနေ့လည်ပိုင်းတွင် (၃၀) ကေဗွီ နေပြည်တော်-တောင်တွင်းကြီး ဓာတ်အားလိုင်းတွင် အပြစ်ထပ်မံဖြစ်ပေါ်ခဲ့သဖြင့် System Breakdown ထပ်မံဖြစ်ပွားခဲ့သည်။
ပြင်ဆင်မှုများ ပြန်လည်ဆောင်ရွက်ပြီး ဓာတ်အားပြန်လည် ချိတ်ဆက်ခဲ့ရာ မွန်းလွဲ (၃) နာရီ (၅၉) မိနစ်တွင် ဓာတ်အားစနစ် ပုံမှန်မောင်းနှင်ခဲ့နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
RELATED POSTS
01 Nov 2025 | ပြည်တွင်း,ပြည်တွင်း
