Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာတိုင်းရင်းသားလက်နက်ကိုင်များကို ဒရုန်းတိုက်ခိုက်နည်း သင်တန်းပေးခဲ့တဲ့ အမေရိကန်ကြေးစားစစ်သားနဲ့ ယူကရိန်းများအမှု အိန္ဒိယက ဘာဆက်လုပ်မှာလဲ (အတွေးအမြင် ဆောင်းပါး)


HtayOung (NP News)- စက်တင်ဘာ ၁၁

အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ဟာ ၎င်းတို့ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား မက်သရူးအာရွန်ဗန်ဒိုက်ခ် နဲ့ ယူကရိန်းနိုင်ငံသား ခြောက်ဦးတို့အပေါ် တရားမဝင် လုပ်ဆောင်မှုများမှ တားဆီး ရေးဥပဒေ (UAPA) ပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပုဒ်မများကို အသုံးမပြုဘဲ စွဲချက်လွှာ တင်သွင်းလိုက်တဲ့အတွက် အိန္ဒိယမှာ နိုင်ငံရေးအရ ဝေဖန်ငြင်းခုံမှုများ ဖြစ်နေတယ်။ 

ယခင်စွပ်စွဲချက်များမှာ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထောက်ခံအားပေးခြင်းနဲ့ စစ်ရေးလေ့ကျင့်သင်ကြားပေးခြင်းတို့ ပါဝင်တယ်လို့ ANI, တောင်အာရှ ဦးဆောင် မာလ်တီမီဒီယာ သတင်းဌာန (11 September 2026) က ရေးတယ်။

ဗန်ဒိုက်ခ်ကို တရားသူကြီး ချုပ်မိန့်ရမန် ရက်ပေါင်း (၁၈၀) မကုန်ဆုံးမီ နယူးဒေလီမြို့ရှိ တရားရုံးတစ်ခုမှာ ရက်အနီးကပ်ပြီး ယခုလို စွဲချက်လွှာကို တင်သွင်းလိုက်ခြင်းဖြစ်တယ်။

 NIA ဟာ ၎င်းတို့ (၇)ဦးကို UAPA ဥပဒေအရ စွဲ ချက်တင်ရမယ့်အစား လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားသားများဆိုင်ရာဥပဒေ ပုဒ်မ ၂၁ နဲ့၂၃ တို့အရ စွဲချက်တင်ခဲ့တယ်။ အဆိုပါအမှုကို မူလက အကြမ်းဖက်မှုဆိုင်ရာ ကြံစည်မှု စွပ်စွဲချက် UAPA ဥပဒေ ပုဒ်မ ၁၈ အရ ရုံး တော်မှတ်ပုံတင်ပြီး အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်တယ်။

UAPA ဥပဒေပုဒ်မများကို  ထည့်သွင်းမထားခြင်းဟာ အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ရပ်ဆိုင်းလိုက်ခြင်း မဟုတ်ကြောင်း NIA က အလေးအနက်ပြောပြတယ်။ 

စွပ်စွဲခံရသူ (၇)ဦးလုံးအနေနဲ့ UAPA ဥပဒေကို ချိုး ဖောက်မှု ရှိ-မရှိ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း ပြစ်မှုကျူးလွန်ရာရောက်ရှိတဲ့ အထောက်အထားများ ပေါ်ပေါက်လာပါက နောက်ဆက်တွဲ စွဲချက်လွှာတင်သွင်းနိုင်တယ်လို့  ဆိုပါတယ်။ 

တရားရုံးအနေနဲ့ အဆိုပါအမှုကို အောက်တိုဘာလ (၁) ရက်နေ့မှာ တရားဝင် စတင်ကြားနာရန် စီစဉ်ထားတယ်။

NIA ရဲ့အဆိုအရ ၎င်းတို့ (၇)ဦးဟာ ခရီးသွားဗီဇာဖြင့် အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြောင်း၊ လိုအပ်တဲ့ ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ကန့်သတ်နယ်မြေများအတွင်း ခရီးသွားလာကာ ခွင့်ပြုချက် မရှိတဲ့ လမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံဘက်ကို  ဝင်ရောက်ခဲ့ကြတယ်။။ ၎င်းတို့ဟာ (မြန်မာ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဒရုန်းနည်းပညာသုံး တိုက်ခိုက်ရေးနဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အခြားစစ်ရေး ပုံစံလှုပ်ရှားမှုများကို လေ့ကျင့်သင်ကြားပေးရာမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံထားရတယ်။

မက်သရူးအာရွန်ဗန်ဒိုက်ခ်ဟာ သာမန်အရပ်သားတစ်ဦးမဟုတ်ပဲ "Sons of Liberty International" (SOLI) ခေါ်ပုဂ္ဂလိက လုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာ NGO အဖွဲ့အစည်းကို တည်ထောင်သူဖြစ်ပြီး၊ လစ်ဗျား ပြည်တွင်း စစ်၊ အီရတ် (ISIS) အစွန်းရောက်အကြမ်းဖက် တိုက်ဖျက်ရေး) နဲ့ ယူကရိန်းစစ်ပွဲများမှာ ပါဝင်ပတ်သက်ခဲ့ဖူးသူ Mercenary ကြေးစားစစ်သား သို့မဟုတ် အကြံပေးပညာရှင်ဖြစ်တယ်။ 

၎င်းတို့အဖွဲ့ဟာ ဥရောပမှ အရည်အသွေးမြင့် မောင်းသူမဲ့ ဒရုန်းများနဲ့ အီလက်ထရောနစ် လှိုင်းတားကိရိယာ (Jamming Technology) များကို အိန္ဒိယနယ်စပ်မှတဆင့် မြန်မာနိုင်ငံအတွင်း မှောင်ခိုသွင်းယူခဲ့တယ်လို့ NIA က စွပ်စွဲတယ်။ 

၎င်းတို့ဟာ  မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကို FPV (First-Person View) “ကိုယ်တိုင်မောင်းနှင်နေသလို မြင်ရတဲ့” တိုက်ခိုက်ရေး ဒရုန်းများ တပ်ဆင်နည်းနဲ့ အသုံးပြုနည်း သင်တန်းပေးခဲ့ယုံသာမက၊ မြန်မာနိုင်ငံအတွင်း အရပ်ဘက် ခရီးသည်တင် လေယာဉ်တစ်စင်းကို ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း ပါဝင်ပတ်သက်တယ်လို့ စုံစမ်းစစ်ဆေးသူများက အိန္ဒိယတရားရုံးမှာ တင်ပြခဲ့တယ်။ 

အဲ့ဒီနိုင်ငံခြားသားတွေ လေ့ကျင့်ပေးခဲ့တဲ့ မြန်မာပြည်တွင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့တွေဆိုတာ အိန္ဒိယနိုင်ငံမြောက်ပိုင်း (အထူးသဖြင့် မဏိပူရနဲ့ မီဇိုရမ်နယ်စပ်) မှာ လှုပ်ရှားနေပြီး နယူးဒေလီက ပိတ်ပင်ထားတဲ့ အိန္ဒိယသူပုန်အဖွဲ့များနဲ့ ပူးပေါင်းမှုများ ရှိနေခြင်းဟာ အိန္ဒိယအစိုးရရဲ့ အဓိကစိုးရိမ်ချက်ဖြစ်တယ်။

၎င်းတို့အဖွဲ့ဟာ ခရီးသွားဗီဇာနဲ့ အိန္ဒိယကို ဝင်ရောက်လာပြီး၊ နိုင်ငံခြားသားများ သွားလာခွင့် ကန့်သတ်ထားတဲ့ မီဇိုရမ်ပြည်နယ် နယ်စပ်ဒေသများကို ခွင့်ပြုချက်မဲ့ ဖြတ်သန်းကာ ချင်းတောင်တန်းဘက်သို့ တရားမဝင် ဝင်ရောက်ခဲ့ကြတယ်။ ဒီကိစ္စမှာ အမေရိကန်က ဖိအားပေးခြင်းကြောင့်လို့ အိန္ဒိယအတိုက်အခံများက စွပ်စွဲနေပေမယ့် လတ်တလော စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့ဟာ မြန်မာအစိုးရကို တိုက်ခိုက်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ အိန္ဒိယနိုင်ငံကို တိုက်ရိုက်ဆန့်ကျင်တိုက်ခိုက်ရန် သို့မဟုတ် အိန္ဒိယအတွင်း အကြမ်းဖက်ရန် လုပ်ဆောင်ခဲ့ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား မတွေ့ရှိရသေးခြင်းကြောင့် အကြမ်းဖက်ဥပဒေ (UAPA) ကို လောလောဆယ် ချန်လှပ်ထားခြင်း ဖြစ်တယ်လို့ အတွင်းသတင်းများက ဆိုပါတယ်။ ဒါပေမဲ့ အမှုစစ်ဆေးမှုကို အပြီးပိတ်လိုက်ခြင်း မဟုတ်ဘဲ အကယ်၍ အိန္ဒိယဆန့်ကျင်ကြောင်း အထောက်အထား ထပ်မံတွေ့ရှိပါက နောက်ဆက်တွဲ စွဲချက်ထပ်မံတင်သွင်းမယ်လို့ သိရှိရတယ်။ 

ဗန်ဒိုက်ခ်ကို အနောက်ဒေလီ နာမည်ကျော် “တီဟားအကျဉ်းထောင်” မှာ တစ်ယောက်တည်း သီးသန့်ချုပ်နှောင်ထားပြီး ဆေးဝါးကုသခွင့်၊ မိသားစုဆက်သွယ်ခွင့်ပိတ်ပင်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ သံတမန်ရေးအရ ကြားဝင်ပေးရန် သူ့ရဲ့ မိသားစုဝင်မျာက အပြင်းအထန် တောင်းဆိုခဲ့တယ်။

အနောက်နိုင်ငံသားများ ပါဝင်ပြီး ဒေသတွင်းလက်နက်ကိုင်များနဲ့ ပတ်သက်တဲ့ နယ်စပ်ဖြတ်ကျော် ပူးပေါင်းကြံစည်မှုကြောင့် မြန်မာနိုင်ငံအတွင်း အနောက်အုပ်စုနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းများရဲ့ ဒရုန်းနည်းပညာ ပြန့်ပွားလာမှုကို တားဆီးရန် အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြား ထောက်လှမ်းရေးသတင်း အချက်အလက်ချင်း ဖလှယ်ဖို့ ပိုမိုပူးပေါင်းလာရတဲ့ အခြေအနေအထိ ပထဝီနိုင်ငံရေး ဂယက်ရိုက်ခတ်မှု ရှိခဲ့တယ်လို့ News18 က အင်စတာ ဂရမ်မှာ ရေးတယ်။

အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် အကြမ်းဖက်မှုနဲ့ ခြောက်လကြာ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် နောက်ဆုံး လူဝင်မှုကြီးကြပ်ရေး- နိုင်ငံခြားသားများဆိုင်ရာဥပဒေဖြင့်သာ စွဲချက်တင်ခဲ့ရတဲ့အပေါ် ဗန်ဒိုက်ခ်ရဲ့ ရှေ့နေက မေးခွန်းထုတ်ခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့် ဗန်ဒိုက်ခ်အနေနဲ့ ပြန်လည်လွတ်မြောက်နိုင်ခြေ ရှိကြောင်းလည်း ပြောပြတယ်။

အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် ဗန်ဒိုက်အပေါ်  အကြမ်းဖက်ပုဒ်မ စွဲချက်များကို NIA က ဖယ်ရှားခဲ့ခြင်း ဖြစ်နိုင်တယ်လို့ အိန္ဒိယအတိုက်အခံများက စွပ်စွဲပြီး၊ မူလစွပ်စွဲချက်များကိုယ်တိုင် သက်သေအထောက်အထား လုံလောက်မှု ရှိ-မရှိပါ ဝေဖန်နေကြတယ်။

 ဒါပေမဲ့ အမေရိကန်သံတမန်များက သူတို့နိုင်ငံသား ဖမ်းဆီးခံရမှုအတွက် ဝင်ရောက်မေးမြန်းခြင်းဟာ ပုံမှန်ကောင်စစ်ဆိုင်ရာလုပ်ငန်းစဉ်သာဖြစ်ပြီး၊ အဲ့ဒီတစ်ချက်တည်းနဲ့ ဝါရှင်တန်က မသင့်လျော်တဲ့ ဖိအားပေးမှုရှိတယ်လို့ မဆိုနိုင်ကြောင်း၊ မိုဒီအစိုးရကိုယ်တိုင် ပြည်ပမှာ အိန္ဒိယနိုင်ငံသားများ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခံရတဲ့အခါ  အလားတူ ဆောင်ရွက်လေ့ရှိကြောင်း နယူးဒေလီ နိုင်ငံခြားရေးဌာနက တုံ့ပြန်ထားတယ်။

ဗန်ဒိုက်ခ်အနေနဲ့ ကြားကာလအာမခံနဲ့ အချုပ်လွတ်ထုချေခြင်း မပြုနိုင်အောင် သေချာတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ကနဦး စွဲတင်ခြင်းဖြစ်ကြောင်း၊ လက်ရှိ စွဲချက်တင်လွှာမှာ UAPA အိန္ဒိယအကြမ်းဖက် ဥပဒေအရ ပုဒ်မများ မပါဝင်သေးသည့်တိုင် မြန်မာနိုင်ငံနဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲခံထားရတဲ့ အကြမ်းဖက်လုပ်ရပ်များနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း NIA (အိန္ဒိယ အမျိုးသားစုံစမ်းစစ် ဆေးရေးအေဂျင်စီ) က အခိုင်အမာ ပြောကြားတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မီးပျက်ချိန် မန္တလေးမှာ လျှပ်စစ်ဝန်ထမ်းတစ်ဦး သေဆုံး၊ EU ရဲ့အထောက်အပံ့လေယာဥ် ရန်ကုန်လေဆိပ်မှာဆင်း၊ မန္တလေးခရီးသည်တွေ ပြင်ဦးလွင်အနီးစခန်းလေဆိပ်မှာ ဆင်းရမယ်၊ မြန်မာ့ဆန် တန် (၂၅၀) ပိုးတွေ့လို့ ပိုလန်မှာ ပိတ်ပင်၊ မြန်မာသမ္မတကို ကမ္ဘောဒီးယားရဲ့ကြိုဆိုမှု၊ တောစီးဖိနပ်ကလေးရဲ့အိမ်ပြန်ချိန် (၁၁-ဝ၉-၂ဝ၂၆)

RELATED POSTS
RECENT POSTS
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved