မန္တလေးလေဆိပ်မှ နိုင်ငံတကာခရီးစဉ်များ ခေတ္တရပ်ဆိုင်းကာ ပြည်တွင်းခရီးစဉ်များကို ပြင်ဦးလွင်အနီးစခန်းလေဆိပ်မှပြောင်းလဲပြေးဆွဲမည်ဟု MAI အသိပေး
သန့်ဇင် (NSS) - စက်တင်ဘာ ၁၁
မန္တလေးလေဆိပ်မှ ပြေးဆွဲပျံသန်းနေသည့် နိုင်ငံတကာခရီးစဉ်များ ခေတ္တရပ်ဆိုင်းကာ ပြည်တွင်းခရီးစဉ်များကို ပြင်ဦးလွင်အနီးစခန်းလေဆိပ်မှ ပြောင်းလဲပြေးဆွဲမည်ဟု Myanmar Airways International (MAI) လေကြောင်းလိုင်းမှ ယမန်နေ့(စက်တင်ဘာ ၁၀ ရက်) ညပိုင်းက အသိပေးထုတ်ပြန်ထားသည်။
လုပ်ငန်းလည်ပတ်မှုဆိုင်ရာကိစ္စရပ်များကြောင့် မန္တလေးလေဆိပ်မှ ပျံသန်းပြေးဆွဲနေသည့် နိုင်ငံတကာခရီးစဉ်များအားလုံးကို နောက်ထပ်အကြောင်းမကြားမီကာလအထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အလားတူ မန္တလေးလေဆိပ်မှ ပျံသန်းပြေးဆွဲရန် စီစဉ်ထားသော MAI နှင့် မင်္ဂလာလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်များ အားလုံးကိုလည်း အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) မှ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထိုသို့ခရီးစဉ်ရွှေ့ပြောင်းမှုကြောင့် ခရီးသည်များအနေဖြင့် လက်မှတ်ခများ ငွေအပြည့် ပြန်လည်ထုတ်ယူခြင်း ခရီးစဉ်လမ်းကြောင်း (၁)ကြိမ်အခမဲ့ပြောင်းလဲနိုင်ခြင်း တို့ကို ရွေးချယ် လုပ်ဆောင်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် ခရီးသွားအေဂျင်စီများနှင့် အွန်လိုင်းမှလက်မှတ်ရောင်းချသည့် ကိုယ်စားလှယ်များထံမှ လက်မှတ်ဝယ်ယူထားသော ခရီးသည်များအနေဖြင့် သက်ဆိုင်ရာကိုယ်စားလှယ်များထံ တိုက်ရိုက်ဆက်သွယ်ရန်လည်း အသိပေးထားသည်။ ထို့နောက် ခရီးစဉ်ပြောင်းလဲခြင်းများအတွက် ဝမ်းနည်းရပါကြောင်းနှင့် နားလည်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ခရီးစဉ်အပြောင်းအလဲများရှိပါက MAI ၏ တရားဝင် လူမှုကွန်ယက် စာမျက်နှာများတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်
RELATED POSTS
08 Oct 2026 | ခရီးသွား,နိုင်ငံတကာ
08 Oct 2026 | ခရီးသွား,ပြည်တွင်း
07 Oct 2026 | ခရီးသွား,ပြည်တွင်း
06 Oct 2026 | ခရီးသွား,ပြည်တွင်း
