Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လူငယ်တွေရဲ့စိတ်ကျန်းမာရေးအတွက် စင်ကာပူမှာ လူမှုကွန်ရက်သုံးစွဲမှုအပေါ်စည်းကမ်းသစ်တွေ ထုတ်ပြန်ဖို့ ပြင်ဆင်နေ

ရောင်နီ (NSS) - စက်တင်ဘာ ၁၁ 

            လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို အကာအကွယ်ပေးဖို့အတွက် လူမှုကွန်ရက် ပလပ်ဖောင်းတွေပေါ်မှာ နေ့စဉ် အသုံးပြုချိန် ကန့်သတ်ခြင်း၊ ကြည့်ရှုမှု ခေတ္တရပ်နားစေခြင်းနဲ့ စက်ပစ္စည်းတွေမှာ 'Minor Mode' (လူငယ်သုံး စနစ်) သီးသန့် ထည့်သွင်းခြင်း အပါအဝင် အစီအမံအသစ်တွေ ဆောင်ရွက်ဖို့ စင်ကာပူ အာဏာပိုင်တွေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ 

           ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကျန်းမာရေးဝန်ကြီးဌာန ကျွမ်းကျင်သူများ အဖွဲ့မှ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ အစီအမံသစ်တွေဟာ အသက် ၁၃ နှစ်မှ ၁၇ နှစ်အကြား အသုံးပြုသူတွေအတွက် ထိခိုက်စေနိုင်တဲ့ အချက်တွေကို အဓိက ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီအချက်တွေထဲမှာ အသုံးပြုသူတွေကို အချိန်အကြာကြီး စွဲလန်းနေစေတဲ့ ကန့်သတ်မဲ့ ပွတ်ဆွဲကြည့်ရှုခြင်း (Infinite Scroll)၊ ဗီဒီယိုတွေ အလိုအလျောက် ပွင့်ခြင်း (Auto-play)၊ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အကြောင်း အရာတွေကို ပိုမိုပြသပေးတဲ့ Algorithm Feed တွေနဲ့ စိတ်ဓာတ်ရေးရာ ယှဉ်ပြိုင်မှုတွေ ဖြစ်ပေါ်စေတဲ့ "Like" အရေအတွက် ဖော်ပြမှုတွေအထိ ပါဝင်ပါတယ်။


ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သတင်းအချက်အလက်ဝန်ကြီး ဂျိုးဆက်ဖင်တီယို က အဆိုပါ စည်းမျဉ်းတွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ အသက်အရွယ် စိစစ်တဲ့ စနစ်တွေ ပါဝင်တဲ့ ဥပဒေပြင်ဆင်ချက်တွေကို ၂၀၂၇ ခုနှစ် အစောပိုင်းမှာ လွှတ်တော်ကို တင်သွင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ သတင်းတွေအရ အသုံးပြုသူ လူငယ်တွေအတွက် နေ့စဉ် လူမှုကွန်ရက် အသုံးပြုချိန်ကို ပလပ်ဖောင်းအလိုက် ၁ နာရီမှ ၂ နာရီအထိ ကန့်သတ်ရေးကိုလည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါအပြင် တရုတ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ အတိုင်း ဖုန်း Operating System ပေါ်မှာ မိဘတွေက ထိန်းချုပ်နိုင်တဲ့ 'Minor Mode' ထည့်သွင်းရေး၊ Algorithm အစား အသုံးပြုသူကိုယ်တိုင် ကြည့်ရှုလိုတဲ့ အကြောင်းအရာများကို စိတ်ကြိုက် ရွေးချယ်နိုင်ရေးနဲ့  နေ့စဉ် ပို့စ်ကြည့်ရှုမှု ပမာဏ ကန့်သတ်ပေးတဲ့ Page Break စနစ်တွေ ထည့်သွင်းရေးတို့ကိုလည်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ စင်ကာပူရဲ့ အွန်လိုင်း ဘေးကင်းလုံခြုံရေး ကျင့်ဝတ်စနစ် (Code of Practice for Online Safety) အရ လက်ရှိ Facebook, Instagram, TikTok, HardwareZone, X နဲ့ YouTube မှာ ဒေသတွင်း အသုံးပြုသူတွေအတွက် အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ ထိတွေ့မှုကို လျှော့ချဖို့ တာဝန်ရှိပြီး အဆိုပါ ပလပ်ဖောင်းတွေမှာ ကာကွယ်ရေး စည်းကမ်းသစ်တွေကို ပထမဆုံးအနေနဲ့ စတင် အကောင်အထည် ဖော်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွှေလီ (၁) ဓာတ်အားပေးစက်ရုံ (၁) ပတ်ခန့် ပြုပြင်မည်ဖြစ်ရာ မူဆယ်နှင့် နမ့်ခမ်းမြို့တို့ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်

RECENT POSTS
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
10 Oct 2026
တပ်မတော်သားအယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေကြေးလိမ်လည်သူ (၃) ဦး ဖမ်းဆီးရမိ
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved