မြဝတီတွင် ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ကုမ္ပဏီတစ်ခု အဆိုပြု
ပုံစာ။ ။အိန္ဒိယနိုင်ငံရှိ ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံ စနစ်တစ်ခုကို တွေ့ရစဉ်
ထိုက်စံ(NSS)- စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ မြဝတီမြိုတွင် (၁၀) မဂ္ဂါဝပ် ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေး K-STARS EMPIRE COMPANY LIMITED မှ အဆိုပြု တင်သွင်းထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြဝတီမြိုတွင် အမေရိကန်ဒေါ်လာ (၁၃) သန်းခန့် ရင်းနှီးမြှုပ်နှံပြီး စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းများကို အသုံးပြု၍ (၁၀) မဂ္ဂါဝပ် ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေး အဆိုပြုတင်သွင်းသည့် K-STARS EMPIRE COMPANY LIMITED မှ တာဝန်ရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲဝင်များက ပြီးခဲ့သည့်(စက်တင်ဘာ ၉ ရက်)က ပြည်နယ်အစိုးရအဖွဲရုံး ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသိုတွေ့ဆုံစဉ် K-STARS EMPIRE COMPANY LIMITED မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံသားပညာရှင်များက ဇီဝလောင်စာဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာသတ်မှတ်ချက်၊ ဆောက်လုပ်ရေးအချိန်ဇယား၊ အချက်အလက်ပြင်ဆင်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ မြို့ပြနှင့်ဖွဲစည်းပုံဆိုင်ရာလုပ်ငန်းများ၊ စက်ယန္တရားနှင့် ပစ္စည်းကိရိယာများ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်းနှင့် စတင်အသုံးပြုခြင်း စသည်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် ဓာတ်အားရောင်းချမှုနင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၊ လူမှုအသိုက်အဝန်းနှင့် ပတ်ဝန်းကျင်အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဓာတ်အားပေးစက်ရုံတည်ဆောက်ဖြန့်ဖြူးရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်တွင် ခရီးသည်တင် သင်္ဘော မီးလောင်၊ (၅) ဦး သေဆုံးပြီး (၈၇) ဦး ပျောက်ဆုံးနေ
RELATED POSTS
05 Oct 2026 | နည်းပညာ,ပြည်တွင်း
05 Oct 2026 | နည်းပညာ,နိုင်ငံတကာ
04 Oct 2026 | နည်းပညာ,နိုင်ငံတကာ
02 Oct 2026 | နည်းပညာ,နိုင်ငံတကာ
