Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယာဉ်စုစုပေါင်း (၆၀၀၀)ကျော်ကို Telematics GPS စနစ် တပ်ဆင်ပြီးဖြစ်


ထိုက်စံ(NSS)-စက်တင်ဘာ ၁၀

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်းခွင့်ရရန်အတွက် ယာဉ်စုစုပေါင်း (၆၀၀၀)ကျော်ကို Telematics GPS စနစ် တပ်ဆင်ပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် သတ်မှတ်ခွင့်ပြုထားသည့် ကုန်စည် (၁၄) မျိုးသာ တင်ဆောင်ရမည့် ကုန်တင်ယာဉ်ကြီးများသည် Telematics GPS စနစ် တပ်ဆင်ပြီးမှသာ လမ်းအသုံးပြုခွင့်ရမည် သိရသည်။

ထို့ကြောင့် ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးပေါ်တွင် Telematics စနစ် GPS စက်များ တပ်ဆင်ပြီး ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ ကို (၂၀၂၄) ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့(စက်တင်ဘာ ၉ ရက်)အထိခရီးသည်တင် မော်တော်ယာဉ် (၃၅၂၅) စီး၊ ကုန်တင်ယာဉ် (၂၅၁၂) စီးတို့ကို Telematics စက်များ တပ်ဆင်ပေးပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော် စီလမ်းဆုံ တိုးဂိတ်ရှိ Telematics Com-mand & Control Centerဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးပေါ်တွင် သွားလာလျက်ရှိသည့် ခရီးသည်တင် မော်တော် ယာဉ်များ သတ်မှတ်အရှိန်နှုန်း (ကီလို ၉၀) အတွင်းသာ မောင်းနှင်စေရေး၊ ယာဉ်မရပ်ရသည့်နေရာများတွင် ရပ်တန့်မှုမရှိစေရေးတို့အတွက် တယ်လီဖုန်းဖြင့် သတိပေးခြင်းကို (၂၄) နာရီ ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ Telematics Com-mand & Control Center ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယမန်နေ့(စက်တင်ဘာ ၉ ရက်) နံနက်ပိုင်းက သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရန်ကုန်-နေပြည်တော် လမ်းပိုင်းရှိ တိုးဂိတ်များရှိ CCTV အခန်းများ၊ ငွေကောက်ခံမှုစနစ်များ၊ နည်းပညာဆိုင်ရာ ဆောင်ရွက်ထားမှု၊ ကတ္တားပေါ်၌ မော်တော်ယာဉ်များ အခြင်အတွယ်၍ ဖြတ်သန်းမောင်းနှင် သွားလာ နေမှုနှင့် တိုးဂိတ်အဆောက်အအုံ များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယောက္ခမနှင့် သမက်စကားများရာမှ သမက်ဖြစ်သူက ယောက္ခမကို ချွန်ထက်သောလက်နက်ဖြင့် ထိုးမှုဖြစ်ပွား

RECENT POSTS
(ICC)အကြီးအကဲနှင့် အခြားတာဝန်ရှိသူများကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားအစိုးရ တောင်းဆို
10 Oct 2026
(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
10 Oct 2026
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved