Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့ဘောလုံးလောကတိုးတက်ရန် မျိုးစေ့ချနေသော်လည်း ဘောလုံးကွင်းများလည်းလိုအပ်နေဟု ဆို

သန့်ဇင် (NP News) - စက်တင်ဘာလ ၁ဝ 

မြန်မာ့ဘောလုံးလောကတိုးတက်ရန် ယခု နှစ်ကစတင်ကာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲများ (Football For School) အစီအစဉ်ဖြင့် မျိုးစေ့ချနေ သော်လည်း ယှဉ်ပြိုင်လေ့ကျင်ရန် ဘောလုံးကွင်းများ စွာလိုအပ်နေသေးကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်(MFF)နှင့်နီးစပ်သူသတင်းရင်းမြစ်က NP News သို့ပြောသည်။

Football For School Project ကို ယခု နှစ် မေလကစတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခုရှိ အခြေခံပညာကျောင်းများတွင် Pilot Pro­ject  ဖြင့် စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါအစီအစဉ်ကို ပညာရေးဝန်ကြီးဌာ န၊ အားကစားရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အ စိုးရများ ပူးပေါင်းအကောင်အထည်ဖော်နေခြင်းဖြစ် ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှလည်း ပံ့ပိုးကူညီမှုများ ရှိကြောင်းသိရသည်။

" နံပါတ် (၁)ကတော့ နံပါတ် (၁)ဦးစား အရေးကြီးဆုံးဝန်ကြီးဌာနကတော့ ပညာရေးဝန်ကြီး ဌာန။ ဘာလို့ဆို ကျောင်းတွေမှာ အဓိကဖော်ဆောင်ရ မှာ။ အားကစားဝန်ကြီးဌာနကတော့ လိုအပ်တဲ့ဘော လုံးကွင်းတို့လိုအပ်တဲ့ အကူအညီတွေပေးတယ်။ ဘောလုံးအဖွဲ့ချုပ်ကျတော့ FIFA  ရဲ့ နည်းစနစ်ပံ့ပိုးမှု တွေနဲ့ ဘောလုံးတွေပေါ့နော် အဲဒါတွေကို ဘောလုံးအ ဖွဲ့ချုပ်ကပံ့ပိုးပေးတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်က အစိုးရအဖွဲ့တွေကလည်း ဒေသတွင်းမှာရှိတဲ့ကျောင်း တွေကို Organize လုပ်ပြီးတော့ ဝိုင်းဝန်းပါဝင်ကူညီ ပြီး ပွဲတွေလုပ်ပေးတယ်"ဟု အထက်ပါသတင်းရင်း မြစ်ကပြောသည်။


ယင်းအစီအစဉ်မှာ ကလေးငယ်များ ဘော လုံးအားကစားကိုချစ်မြတ်နိုးကာ နည်းစနစ်တကျက စားတတ်စေရန်နှင့် အစုအဖွဲ့ဖြင့်လုပ်ဆောင်နိုင်စေရန်ရည်ရွယ်ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ရွက်ပုန်းသီးက စားသမားပေါ်ထွက်စေရန်လည်းရည်ရွယ်ကြောင်း ၎င်းကဆိုသည်။

ထို့နောက် အလားလာရှိ ကစားသမားများ ကိုရွေးချယ်ကာ U-14, U-15 မှတစ်ဆင့် အကယ်ဒမီ၊ ပြည်တွင်းလိဂ်ပြိုင်ပွဲဝင်ကစားသမားနှင့် လက်ရွေးစင် များအထိမျှော်မှန်းနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

" အဆင့်ဆင့်ကနေ ကလေးတွေက ထူး ချွန်သလိုပေါ့နော်။ Professional  ကစားသမားတွေ လည်းဖြစ်လာနိုင်တယ်။ ဒါမှမဟုတ်လည်း ဒီကနေပြီး တော့ အဆင့်ဆင့်ကောက်ပြီးတော့ ရွေးချယ်သွားတာ လည်းခံရနိုင်တယ်။ သူတို့ရဲ့ Life ကတော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ သူတို့ရဲ့ပါရမီပါမှု၊ မပါမှုအပေါ် မူတည်သေးတာပေါ့။ အဲဒီတော့ အဆင့်ဆင့်လက်ရွေး စင်အဆင့်အထိ အားကိုးရမှာပေါ့လေ။ ဒီတော့ ဒီအစီ အစဉ်က ဘောလုံးအခြေခံမျိုးစေ့ချတာပေါ့။ ကျောင်း တွေမှာ ဘောလုံးအခြေခံမျိုးစေ့ချလိုက်တဲ့သဘောပဲ"ဟု ၎င်းကဆက်ပြောသည်။ သို့သော်လည်း မြန်မာ့ ဘောလုံးလောကတိုးတက်စေရန်အတွက် အဓိကကျ သည့် အခြေခံအကြောင်းအရင်းတစ်ရပ်မှာ ယှဉ်ပြိုင် ရေးနှင့် လေ့ကျင့်ရေးအတွက် ဘောလုံးကွင်းများလိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

" လက်ရှိ ဘောလုံးလောကအတွက်ဆိုရင် တော့ ကွင်းကလိုတာပေါ့။ ဘာကြောင့်လိုလဲဆိုတော့ ပြိုင်ပွဲတစ်ခုလုပ်ပြီဟေ့ဆိုရင် ကွင်းဖြစ်ရုံနဲ့မပြီးဘူး၊ ပြိုင်ပွဲကျင်းပရုံနဲ့မပြီးဘူး။ ပြိုင်ပွဲကျင်းပဖို့အတွက် ဒီကလေးတွေ လေ့ကျင့်ဖို့အတွက် လေ့ကျင့်ရေးကွင်း ကောင်းကောင်းတွေလိုအပ်တယ်လေ။ အဓိက ဘော လုံးလောကတိုးတက်ဖို့ဆိုရင် ဘောလုံးကွင်းကောင်း ကောင်းမရှိဘဲနဲ့တော့မဖြစ်နိုင်ဘူး။ ကွင်းတွေရှိရင် တော့ ကစားတဲ့လူလည်းများမယ်။ ပြိုင်ပွဲတွေလည်း များမယ်"ဟု အထက်ပါသတင်းရင်းမြစ်ကဆိုသည်။

                                                 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝ ဒေသရှိ မန်းမော် ခဲမဖြူမိုင်း လုပ်ငန်းများ ပြန်လည်စတင်နေပြီဟုဆို

RECENT POSTS
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved