Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းရဲ့ပြည်နှင်ဒဏ် ဥပဒေသစ် မြန်မာတွေအတွက် ဘယ်လိုလဲ (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - စက်တင်ဘာ ၉

ဩဂုတ် (၂၈)ရက်က ထိုင်းနိုင်ငံမှာ စတင်အ သက်ဝင်ခဲ့တဲ့ ပြည်နှင်ဒဏ်ဆိုင်ရာစည်းမျဉ်းသစ်ကို ဝန် ကြီးချုပ်အနုတင်က လက်မှတ်ရေးထိုးအတည်ပြု ခဲ့ကြောင်း၊ အဲဒီဥပဒေအရ ပြစ်မှုအမျိုးအစား (၆) မျိုးအတွက် ပြစ်ဒဏ်ကျခံပြီး နိုင်ငံခြားသားတွေကို ပြည်ထဲရေးဝန်ကြီးက ပြည်နှင်ဒဏ်ချမှတ်နိုင်ကြောင်း၊ ထောင်ကပြန်လွှတ်မယ့်အကျဉ်းသားတွေနဲ့ပတ်သက် လို့ ကြိုတင်အကြောင်းကြားရမယ့် လုပ်ထုံးလုပ်နည်း တွေသတ်မှတ်ထားပြီး၊ မူရင်းနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်း ခံရနိုင်မယ့်အန္တရာယ်ရှိတယ်ဆိုလျှင် ဘေးကင်းရာ တတိယနိုင်ငံကိုလွှဲပြောင်းပေးနိုင်မယ့် လူ့အခွင့်အ ရေးဆိုင်ရာပြဋ္ဌာန်းချက်တွေလည်းပါဝင်တယ်လို့ ဘန် ကောက်အခြေစိုက် “နေးရှင်း” (28 August 2026)  ကရေးတယ်။

ဒီသတင်းဟာ ထိုင်းနိုင်ငံမှာ လူ (၄)သန်းခန့် ရောက်ရှိနေပြီး မကြာခဏ အစုအပြုံလိုက်ဖမ်းဆီးခံရ၊ ဒုက္ခသည်နဲ့ ခိုလှုံခွင့်ရရှိဖို့ မဲဆောက်လို နယ်စပ်မြို့မှာ လူသိန်းချီစောင့်ဆိုင်းနေတဲ့မြန်မာတို့အတွက် စိတ် လှုပ်ရှားစရာပဲဖြစ်တယ်။ ယခုဥပဒေအရ မူရင်းနိုင်ငံ မှာ နှိပ်စက်ညှဉ်းပန်းခံရနိုင်ခြင်း၊ လူမဆန်စွာ ဆက်ဆံ ခံရခြင်း၊ အတင်းအကျပ် ဖျောက်ဖျက်ခံရနိုင်ခြင်းတွေ ရှိမယ်ဆိုရင် အဲဒီနိုင်ငံကို ပြန်မပို့ရန် တားမြစ်ချက်ဟာ ထိုင်းနိုင်ငံရဲ့ (၂၀၂၃) ခုနှစ် ညှဉ်းပန်းနှိပ်စက်မှုတားမြစ်ရေးဥပဒေ ပုဒ်မ (၁၃)နဲ့လည်း ကိုက်ညီမှုရှိတယ်။ 

ဖမ်းဆီးခံရသူအနေနဲ့ ဥပဒေချိုးဖောက်မှုကြောင့် ပြည်နှင်ဒဏ်ပေးရမယ်ဆိုလျှင်ပင် တခြားနိုင်ငံတစ်ခု သို့မဟုတ် အဖွဲ့အစည်းကတောင်းဆိုပြီး ကုန်ကျစ ရိတ်ကျခံရင် ဒါမှမဟုတ် အစီအစဉ်ရှိသူဖြစ်မှသာ အဲဒီတတိယနိုင်ငံကို လွှဲပြောင်း/ထွက်ခွာခွင့်ပြုမှာ ဖြစ်တယ်။ ဥပဒေသစ်ရဲ့ပြဋ္ဌာန်းချက်တွေဟာ ကောင်း မွန်ကြောင်း၊ ဒါပေမဲ့ နိုင်ငံခြားသားတွေကို ရက်ပေါင်း (၃၀)အတွင်း အမြန်ဆုံး ပြည်နှင်ဒဏ်ပေးဖို့သတ်မှတ် ထားတဲ့အတွက် တစ်ဦးချင်းစီရဲ့ ဘေးအန္တရာယ်ရှိမှုကို သေချာစိစစ်ဖို့ အချိန်မလောက်ငဘဲ မူရင်းနိုင်ငံကို မှားယွင်းပြန်ပို့မိနိုင်တယ်လို့ Fortify Rights လူ့အ ခွင့်အရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံဒုက္ခသည်တွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ Asylum Access Thai­land(AAT) တို့က စိုးရိမ်နေတယ်။  


ပြည်နှင်ဒဏ်ပေးမယ့်အမိန့်အပေါ် ထိရောက်စွာ အယူခံဝင်နိုင်ခွင့် သို့မဟုတ် ကန့်ကွက်နိုင်ခွင့်ယန္တရား များလုံလောက်စွာမပါရှိခြင်း။ ထိုင်းနိုင်ငံဟာ  (၁၉၅၁) ခုနှစ် ဒုက္ခသည်များဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းပြည်ဖြစ်တဲ့အ တွက် မြန်မာဒုက္ခသည်တွေနဲ့ တခြား နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေအပေါ် ယခုဥပဒေကို အပြည့်အဝ တရားမျှတစွာ လက်တွေ့ကျင့်သုံးပေးမှာလားဆိုတာ စောင့်ကြည့်ရဦးမယ်လို့ Fortify Rights (6th Aug­ust 2026) ကပြောတယ်။

ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ထွက် ခွာလာသူ မြန်မာလူမျိုး အများအပြားရှိနေတယ်။ အဲဒီ ထဲမှာ စစ်ဘေး၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အသက်အန္တ ရာယ်ကြောင့် အမှန်တကယ်ထွက်ပြေးလာသူတွေရှိ သလို အလုပ်အကိုင်၊ စီးပွားရေးနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝတက်လမ်းကို ရှာဖွေလိုသူတွေလည်း ရှိနိုင်တယ်။ တတိယနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်အတွက် ခိုလှုံ ခွင့်/ဒုက္ခသည်စနစ်ကိုအသုံးချလိုသူတွေလည်း ရှိ နိုင်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံလို အလုပ်အကိုင်ရှားပါး ပြီး အနောက်နိုင်ငံတွေမှာ ဘဝသစ်ထူထောင်လိုသူ တွေအတွက် ခိုလှုံခွင့်/ဒုက္ခသည်စနစ်ဆိုတာ လူကုန် ကူးပွဲစားတွေအတွက် အကြံအဖန်လမ်းကြောင်းကြီး တစ်ခုဖြစ်နေပါတယ်။ မြဝတီနယ်စပ်မဲဆောက်မှာ ရောက်ရှိနေတဲ့မြန်မာတွေအကြား ခြေချင်းလိမ်နေတဲ့ ပွဲစားအမျိုးမျိုးသတင်းကိုလည်း ကြားနေရတယ်။ တကယ်တော့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူတွေ ကိုလက်ခံဖို့သဘောတူထားတဲ့နိုင်ငံတွေဟာ များ သောအားဖြင့် အမေရိကန်နဲ့ဥရောပလို ချမ်းသာတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။  အဲဒီနိုင်ငံတွေမှာ သာမန် အားဖြင့် ပြည်ဝင်ခွင့်၊ အလုပ်လုပ်ကိုင်၊ ပညာသင်ယူ ခွင့်ရရှိဖို့ အလွန်ခဲယဉ်းပါတယ်။ ကုလသမဂ္ဂရဲ့အစီအ စဉ်က မိမိအစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြရုံမျှ နဲ့ ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ ခိုလှုံခွင့် အလွယ်တကူ ရနိုင်သလို ထင်စရာရှိတယ်။ အရေးကြီးဆုံးပြဿနာ တစ်ခုက ခိုလှုံခွင့်တောင်းခံသူတင်ပြတဲ့ အထောက်အ ထားကို အပြည့်အဝအတည်ပြုဖို့ ခက်ခဲခြင်းဖြစ်ပါ တယ်။ 


မြန်မာနိုင်ငံကလျှောက်ထားသူတစ်ဦးဟာ ဆန့် ကျင်နိုင်ငံရေးလှုပ်ရှားမှု ဓာတ်ပုံ၊ ဗီဒီယို၊Facebook post  ၊ ဖမ်းဝရမ်း၊ တရားရုံး စာရွက်စာတမ်း စတာတွေ တင်ပြနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအထောက်အထား ဟာ အစစ်အမှန်လား၊ အတုလား၊ ပြင်ဆင်ထားတာ လား၊ ဖြစ်ရပ်မှန်ကိုချဲ့ကားထားတာလားဆိုတာကို နိုင် ငံရပ်ခြားစိစစ်သူတွေအတွက် ဘယ်လိုမှ လွယ်ကူနိုင် စရာမရှိပါ။

ဒါ့ပြင် အာဏာပိုင်တွေက လူတစ်ဦးကို အမှန် တကယ်ပစ်မှတ်ထားနေသလားဆိုတာ မူရင်းနိုင်ငံရဲ့ သက်ဆိုင်ရာအာဏာပိုင်ထံ တိုက်ရိုက်မေးမြန်းအ တည်ပြုရန်လည်း မဖြစ်နိုင်အောင်ရှိပါတယ်။ ဒါ ကြောင့် ဒုက္ခသည်ခိုလှုံခွင့်ဆုံးဖြတ်ချက်တွေဟာ ရရှိ နိုင်တဲ့အထောက်အထား၊ လျှောက်ထားသူရဲ့ထွက်ဆို ချက်နဲ့ မူရင်းနိုင်ငံအခြေအနေဆိုင်ရာ အချက်အ လက်တွေကို ပေါင်းစပ်ပြီးဆုံးဖြတ်ရတာဖြစ်တဲ့အ တွက် လွဲမှားမှုတွေနဲ့မသမာမှုတွေ ရှိနိုင်ပါတယ်။ 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံ UNHCR ကိုယ်တိုင်လည်း ဒုက္ခသည်အဆင့်အ တန်းသတ်မှတ်ခြင်းနဲ့ ပြန်လည်နေရာချထားခြင်း လုပ်ငန်းစဉ်တွေမှာ မသမာမှုပြဿနာရှိကြောင်း အ သိအမှတ်ပြုထားပြီး မဟုတ်မမှန်အချက်အလက်လွဲ မှားစွာတင်ပြခြင်းတို့ကို မသမာမှုအဖြစ်သတ်မှတ် ထားပါတယ်။ မသမာမှုဟာ လျှောက်ထားသူတွေဆီ မှာပဲ ရှိနိုင်တာမဟုတ်ပါ။ UNHCR ဝန်ထမ်း၊ မိတ် ဖက်အဖွဲ့အစည်း၊ စကားပြန် ဘာသာပြန်သူ၊ ကန်ထ ရိုက်တာစတဲ့ ဒုက္ခသည်ယန္တရားနဲ့ဆက်စပ်သူတွေဆီ မှာလည်း အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ဦးစားပေးဆက်ဆံမှုတွေရှိခဲ့ကြောင်း တွေ့ရပါ တယ်။

(၁၉၉၀)ပြည့်နှစ် အာဖရိက ကင်ညာနိုင်ငံUNHCR ရဲ့ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ရေး မှာ ရာဇဝတ်ဂိုဏ်းဆန်ဆန်ကျူးလွန်မှု ရှိခဲ့ပါတယ်။ တတိယနိုင်ငံ ခိုလှုံခွင့်စာရင်းထည့်သွင်းပေးဖို့ ဒုက္ခ သည်တွေထံက ဒေါ်လာ(၃,ဝဝဝ) မှ (၅,ဝဝဝ) အထိ တောင်းခံခဲ့သူ UNHCR ဝန်ထမ်း (၃)ဦးအပါအဝင် လူ (၉)ဦးကို ကင်ညာရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပါတယ်။ (၂၀၁၇)ခုနှစ် ကင်ညာနိုင်ငံ အခြား ဒုက္ခသည်စခန်း တစ်က အလားတူမသမာမှုကို UNHCR ကိုယ်တိုင်စုံ စမ်းပြီး ဝန်ထမ်း (၅)ဦးပါဝင်တဲ့ အဂတိလိုက်စားမှုကို အတည်ပြုခဲ့ပါတယ်။ (၃)ဦးကို ကင်ညာရဲတပ်ဖွဲ့ထံ လွှဲပေးခဲ့ပြီး တစ်ဦး ဖမ်းဆီးခံခဲ့ရတယ်။

UNHCR ရဲ့ စုံစမ်းစစ်ဆေးရေးမှူးရုံး (IGO)  မှတ်တမ်းတွေအရ ဒုက္ခသည်အဆင့်အတန်းသတ် မှတ်ခြင်းနဲ့ ပြန်လည်နေရာချထားခြင်းလုပ်ငန်းစဉ် တွေမှာ မသမာမှုတွေ ထပ်ခါတလဲလဲတွေ့ရကြောင်း၊ (၂၀၂၂-၂၀၂၃)ခုနှစ်အစီရင်ခံစာမှာ တိုင်ကြားချက် ပေါင်း (၁,၉၈၂)ခုရှိခဲ့ပြီး (၁၄)ရာခိုင်နှုန်းက အဲဒီခေါင်း စဉ်အောက်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကု လသမဂ္ဂအဖွဲ့အစည်းကြီးရဲ့ အဲဒီစနစ်မှာ မသမာမှု ကင်းစင်ခြင်းမရှိဘူးလို့ပြောရလိမ့်မယ်။

ထိုင်း-မြန်မာနယ်စပ်မှာလည်း ဒီအချက်ကို ပိုမို ဂရုစိုက်ဖို့လိုပါတယ်။ UNHCR  က ဝန်ဆောင်မှုတွေ အခမဲ့ဖြစ်ကြောင်းနဲ့ “ငွေပေးရင် မှတ်ပုံတင်မြန်အောင် လုပ်ပေးမယ်၊ အမေရိကန် သို့မဟုတ် တခြားအနောက် နိုင်ငံကိုသေချာပို့ပေးမယ်”ဆိုတဲ့ ပွဲစားတွေရဲ့ကတိစ ကားတွေကိုမယုံကြည်ဖို့ သတိပေးထားတယ်။ ထိုင်း နိုင်ငံမှာ ဒုက္ခသည်ခိုလှုံခွင့်တောင်းခံသူများပြားမှု ကြောင့် မှတ်ပုံတင်ရန်ပင် အချိန်ကြာမြင့်ပြီး၊ မှတ်ပုံ တင်ရုံမျှနဲ့ ဒုက္ခသည် သို့မဟုတ် တတိယနိုင်ငံကိုသွား ရတော့မယ်လို့ အာမခံခြင်းလည်းမဟုတ်ပါ။

UNHCR  မှာ ခိုလှုံခွင့်လျှောက်ထားပြီး ဒုက္ခ သည်အဆင့်အတန်း စိစစ်အတည်ပြုချက် (Refu- gee Status Determination)ရရှိဖို့ လူဦးရေနဲ့ မြေပြင်အခြေအနေပေါ်မူတည်ပြီး ပျမ်းမျှ (၁)နှစ်မှ (၃)နှစ်ကျော်အထိကြာမြင့်နိုင်တယ်။ အသိအမှတ်ပြု ခံရပြီး တတိယနိုင်ငံတစ်ခုခုက(Resettlement)     ပြန်လည်နေရာချထားပေးဖို့ ရွေးချယ်ခေါ်ယူတဲ့အထိ စိစစ်မှုအဆင့်ဆင့်ကြောင့် နောက်ထပ် (၂)နှစ်မှ (၅) နှစ် သို့မဟုတ် ထိုထက်မက ထပ်မံစောင့်ဆိုင်းရလေ့ရှိ တယ်။ ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်စုစုပေါင်းရဲ့ (၁) ရာခိုင်နှုန်းအောက်သာ တတိယနိုင်ငံတွေကို အမှန် တကယ်ရွှေ့ပြောင်းခွင့် ရရှိကြတယ်။ 

တတိယနိုင်ငံတွေကလက်မခံဘဲ ကျန်ရစ်ခဲ့သူ တွေဟာ ထိုင်းနိုင်ငံလို ဒုက္ခသည်ကွန်ဗင်းရှင်းမှာမပါ ဝင်တဲ့တိုင်းပြည်တွေက တရားမဝင်ရွှေ့ပြောင်းနေထိုင် သူတွေအဖြစ်သတ်မှတ်ပြီး လူဝင်မှုကြီးကြပ်ရေးထိန်း သိမ်းရေးစခန်း(IDC)တွေမှာ ကာလအကန့်အသတ် မရှိ ဖမ်းဆီးချုပ်နှောင်ခံရခြင်း သို့မဟုတ် ဖမ်းဆီးပြည် နှင်ဒဏ်ပေးခံရမယ့်အန္တရာယ်ကြားမှ မြေအောက်လူ့ အဖွဲ့အစည်းမှာ လူမသိသူမသိပုန်းအောင်းပြီး အရိပ် မည်းအောက် ရုန်းကန်နေထိုင်ရုံသာရှိပါတယ်။

ကုလသမဂ္ဂဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်အစီအစဉ် ဆိုတာ စစ်ဘေး၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အသက်အန္တ ရာယ်ကြောင့် မိမိနိုင်ငံမှာမနေရဲတော့ဘဲ ထွက်ပြေး လာရသူတွေကို လူသားချင်းစာနာမှုအရအကာအ ကွယ်ပေးတဲ့ ကမ္ဘာလုံးဆိုင်ရာစနစ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစနစ်ဟာ အတိတ်က ကျွန်ပြုခြင်း၊ ကိုလို နီစနစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း လူမျိုးတုံးသတ်ဖြတ် မှုတွေကျူးလွန်ခဲ့တဲ့ အနောက်နိုင်ငံကြီးတွေက သူတို့ ရဲ့သမိုင်းဆိုးတွေကို ပြည်ဖုံးကားချဖို့နဲ့ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဟန်ဆောင်မျက်နှာဖုံးစွပ် အသုံးချနေ ခြင်းဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်တွေနဲ့ သမိုင်း လေ့လာသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြ တယ်။ 

(၁၉၅၁)ခုနှစ် ဒုက္ခသည်များဆိုင်ရာကွန်ဗင်းရှင်း ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပဒုက္ခသည် ပြဿနာကို ရည်ရွယ်ပေါ်ပေါက်လာခြင်းဖြစ်ပြီး (၁၉) နိုင်ငံသာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ (၁၉၅၁)ခုနှစ် ဇန်နဝါရီ (၁)ရက်မတိုင်မီ ဥရောပတစ် ခွင်ဖြစ်ရပ်တွေကြောင့် ဒုက္ခသည်ဘဝသက်ဆင်းရသူ တွေကိုသာ အကာအကွယ်ပေးဖို့ဖြစ်တယ်။ (၁၉၆၇) Protocol  က အဲဒီကန့်သတ်ချက်အများစုကိုဖယ် ရှားခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ကျယ်ပြန့် လာပါတယ်။ ကွန်ဗင်းရှင်းနှစ်ရပ်လုံးကို လက်မှတ်ရေး ထိုးသူမှာလည်း (၁၄၉)နိုင်ငံဖြစ်လာပါတယ်။ 

ဒါပေမဲ့ သဘောတူစာချုပ်ကိုအကောင်အထည် ဖော်ရာမှာ မျက်နှာနှစ်ဖက်ရှိပြီး လူမျိုးရေးခွဲခြားတယ် လို့ဝေဖန်ခံရတယ်။ ဥရောပနိုင်ငံတွေဟာ အာဖရိကန် လူမည်းနဲ့ ဆီးရီးယားလို အရှေ့အလယ်ပိုင်းမှထွက် ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည်တွေကို နယ်စပ်တွေ မှာ တားဆီးပြီးနှင်ထုတ်ခဲ့တယ်။ ဒါပေမဲ့ (၂၀၂၂)ခုနှစ် ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်မှာတော့ လူဖြူခရစ်ယာန်အ ချင်းချင်း ယူကရိန်းဒုက္ခသည်သန်းပေါင်းများစွာကို ရက်ပိုင်းအတွင်း နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့တယ်။ 

အနောက်နိုင်ငံတွေဟာ အတိတ်ကာလ ကိုလိုနီ ပြုခြင်း၊ သယံဇာတလုယူခြင်းနဲ့ နောက်ပိုင်း အီရတ်၊ လစ်ဗျားတို့လို အရှေ့အလယ်ပိုင်းမှာ ကျူးကျော်စစ် ပွဲတွေဆင်နွှဲခဲ့တယ်။ သူတို့လက်ချက်နဲ့အဲဒီနိုင်ငံတွေ ပျက်စီးပြီး ဒုက္ခသည်တွေဖြစ်လာရပေမယ့် လက်တွေ့ မှာ အဲဒီဒုက္ခသည်တွေကို ကူညီဖို့ငြင်းဆန်ပြီး နယ်စပ် မှ အတင်းတိုးဝင်လာမှာကိုကြောက်ရွံ့နေတယ်လို့ စွပ် စွဲကြတယ်။ အနောက်နိုင်ငံတွေဟာ သူတို့ရန်ဘက်ဖြစ် တဲ့ ကွန်မြူနစ်အစိုးရ သို့မဟုတ် အာဏာရှင်အစိုးရတွေ အပေါ် ဆန့်ကျင်သူတွေကိုသာ နိုင်ငံရေးအရသိက္ခာ ချဖို့ ခိုလှုံခွင့် အလွယ်တကူပေးလေ့ရှိပြီး၊ သူတို့နဲ့ မဟာမိတ်ဖြစ်သူ အာဏာရှင်နိုင်ငံတွေက ထွက်ပြေး လာတဲ့ ဒုက္ခသည်တွေကိုတော့ လျစ်လျူရှုနေတယ်။ ကမ္ဘာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး တွေအဖြစ်ဟန်ဆောင်ထားပေမယ့် လက်တွေ့မှာ ဒုက္ခသည်တွေကို လက်မခံချင်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေ (ဥပမာ တူရကီ၊ လစ်ဗျား သို့မဟုတ် ရဝမ်ဒါ) နိုင်ငံတို့ ကို ငွေပေးပြီး ဒုက္ခသည်တွေကိုထိန်းသိမ်းခိုင်းထား ခြင်း၊ ဒုက္ခသည်အားလုံးကို တန်းတူမကူညီဘဲ သူတို့ နိုင်ငံအတွက် စီးပွားရေးအရအကျိုးရှိမယ့် ပညာတတ် တွေ၊ အင်ဂျင်နီယာတွေနဲ့ဆရာဝန်တွေကိုသာ ရွေး ချယ်ခေါ်ယူပြီး အမှန်တကယ်စစ်ဘေးသင့်နေတဲ့ အောက်ခြေလူတန်းစားတွေကိုတော့ ပစ်ပယ်ထား တယ်လို့ ဝေဖန်ကြတယ်။ 

ဒါကြောင့် ယနေ့ ဒုက္ခသည်ခိုလှုံခွင့်အစီအစဉ် ဟာ ဥရောပကို ဗဟိုပြုပြီးဖြစ်ပွားခဲ့တဲ့ သမိုင်းနောက်ခံ၊ ကိုလိုနီခေတ်ရဲ့အမွေဆက်ခံမှု၊ ချမ်းသာတဲ့နိုင်ငံတွေ ရဲ့ နိုင်ငံရေးအကျိုးစီးပွားနဲ့ ခိုလှုံခွင့်မူဝါဒတို့ကြား ဆက်နွှယ်မှုတွေကိုထောက်ပြသူ ပညာရှင်များစွာရှိ တယ်။  အနောက်နိုင်ငံတွေဟာ အတိတ်ကာလ ကိုလို နီနယ်ချဲ့မှု၊ လူမျိုးရေးခွဲခြားမှုနဲ့ လူအစုအပြုံလိုက် ကျွန် ပြုရွှေ့ပြောင်းရာမှာပါဝင်ခဲ့ပေမယ့် ဒီနေ့မှာတော့ ဒုက္ခ သည်ကာကွယ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာစံနှုန်း သတ်မှတ်ပေးသူအဖြစ်ရှိနေခြင်းဟာ သမိုင်းဆိုင်ရာ အမြီးအမောက်မတည့်ခြင်းတစ်ရပ်ဖြစ်တယ်လို့ ဝေ ဖန်ကြတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငါးစာကုန်ကြမ်းဖွဲနုဖတ်အတွင်း ဖွဲကြမ်းများရောနှောရောင်းချလာသဖြင့် တိုင်းဧရာမှ ငါးလုပ်ငန်းရှင်များ အခက် တွေ့နေ

RELATED POSTS
RECENT POSTS
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved