Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မန္တလေး - မြစ်ကြီးနား ခရီး (သို့) ကိုယ်ကျိုးစီးပွားဖြင့် ကာသောလမ်း

သုတကျော် (NSS) - စက်တင်ဘာ ၉

“(၁၅) သိန်းဆိုရင် နှစ်ပတ်လောက် စောင့်ရမယ်၊ သိန်း (၃၀) ဆိုရင်တော့ လေယာဉ်ချက်ချင်းရတယ်” ဟု ပြောလာသူက ကချင်ပြည်နယ်သားတစ်ဦး ဖြစ် သည်။ မြစ်ကြီးနားမှ မန္တလေးသို့သွားရန်အတွက် လေ ယာဉ်စီးရန် တန်းစီ စောင့်ဆိုင်းသူများပြားနေသည်။ 

မန္တလေး-မြစ်ကြီးနား ခရီးအတွက် လက်ရှိတွင် အား ကိုးအားထားအပြုရဆုံးလမ်းကြောင်းက လေကြောင်း သာရှိသည်။ ကုန်လမ်းကြောင်းက ခရီးလမ်းကြန့်ကြာ သည်။ ထို့ကြောင့် မြစ်ကြီးနားသားတို့အတွက် လေ ကြောင်းလမ်းသည် အားကိုးစရာခရီးတစ်ခုဖြစ်လာ သည်။ 

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ မင်းနေပြည် တော်ဟောင်းဖြစ်ခဲ့သည့်အပြင် ယခုထက်တိုင်လည်း အရေးပါသော မြို့တစ်မြို့ဖြစ်သည်။ ကုန်သွယ်ရေး အနေအထားအားဖြင့်လည်း မန္တလေးမြို့သည် အ ချက်အချာနေရာတွင်ရှိသည်။ လမ်းပန်းဆက်သွယ် ရေးသင့်သည်။ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းမှ မြစ်ကြီး နားမြို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော် များအနက် အကြီးဆုံးမြို့များထဲတွင်စာရင်းဝင် မြို့ တစ်မြို့ဖြစ်သည်။ ကချင်လူမျိုးများသာမက အခြား တိုင်းရင်းသားများစွာလည်း မှီတင်းနေထိုင်ကြခြင်း ဖြစ်သည်။ 

မန္တလေးမြို့နှင့် မြစ်ကြီးနားမြို့ကြား အခြေအ နေမှာ ကုန်သွယ်ရေးအရလည်း အဆက်အစပ်ရှိ သည်။ ထို့ပြင် လူမှုရေး၊ စီးပွားရေး စသည်ဖြင့် အခြေ အနေများနှင့်လည်း အဆက်အသွယ်ရှိသည်ဖြစ် သောကြောင့် တစ်ချိန်က မြို့တော်ဖြစ်ခဲ့ဖူးပြီး ယခု ထက်တိုင် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ ထက်ပင် မြစ်ကြီးနားသည် မန္တလေးနှင့် ပိုမိုအထိအ တွေ့များသည်ဟု ပြောနိုင်ပေသည်။ 

မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ကို ဆက်သွယ်ရန် အတွက် ကားလမ်းရှိသည်၊ မီးရထားလမ်း ရှိသည်။ ထို့ပြင် လေကြောင်းလမ်းလည်း ရှိသည်။ အစဉ်လိုက် ကြည့်လျှင် ဈေးနှုန်းအရ ကားလမ်းနှင့် မီးရထားလမ်း ကိုအသုံးပြုသူများပြားပြီး လေကြောင်းခရီးကို အသုံး ပြုသူ နည်းပါးသည်။ “သမိုင်းကို ပြန်ကြည့်မယ်ဆို ရင် အရင်တုန်းက မီးရထားလမ်းကို အသုံးများတယ်။ နောက်ပိုင်းကျတော့ ကားလမ်းက ပိုအဆင်ပြေလာ တော့ ကားစီးတဲ့သူများလာတယ်” ဟု ယင်းလမ်း ပိုင်းတွင် နှစ်ပေါင်းများစွာ ကုန်စည်ကူးသန်းသွားလာ ခဲ့ဖူးသူတစ်ဦးက ဆိုသည်။ 


ကားလမ်းအခြေအနေသည်လည်း နောက်ပိုင်း တွင် တိုးတက်ကောင်းမွန်လာသည်။ ထို့ကြောင့် ကုန် စည်စီးဆင်းမှုတို့သည် ကားလမ်းဖြင့်လည်း သွား သည်။ ရထားလမ်းဖြင့်လည်း သွားသည်။ မြစ်ကြီးနား မှတစ်ဆင့် ကုန်တို့သည် မန္တလေးမှတစ်ဆင့် ရောက် ပြီး မြန်မာနိုင်ငံအနှံ့ ပြန်လည်ဖြန့်ဝေသည်။ မန္တလေးမှ ကုန်တို့သည်လည်း မြစ်ကြီးနားသို့ရောက်သည်။ ကား လမ်းသည်လည်း အဆင့်မြှင့်တင်လာခဲ့ရာ အခြေအ နေ ကောင်းမွန်သောအချိန်တွင် စစ်မီးသည် ယင်းနှစ် မြို့ကြား ရောက်လာခဲ့သည်။ လမ်းပိုင်းကလည်း ရှည် သည်။ လမ်းပေါ်သို့လည်း သူပုန်တို့တက်လာခဲ့ရာ လမ်းပိုင်းအခြေအနေမှာ ပုံမှန်လမ်းအဖြစ်မှ ဆက် ကြေးပေးလမ်းအဖြစ် ပြောင်းသွားခဲ့သည်။ 

ကွင်းလမ်းဆိုသောအရာသည် မန္တလေး - မြစ် ကြီးနားလမ်းတွင် ပုံမှန်အခေါ်အဝေါ်ကဲ့သို့ ဖြစ်လာ သည်။ လမ်းကောင်းမှတစ်ဆင့် မြေသားပေါ်မှ ကွင်း လမ်းတို့ကို သူပုန်တို့က အသစ်ဖန်တီးလိုက်သည်။ ခံရသူမှာ ပြည်သူတို့သာ။ ကွင်းလမ်းဆိုသည်မှာ မိုးရွာ လျှင် ဗွက်ထသည်။KIA  နှင့် ၎င်း၏ တပည့် PDF  တို့ကို အခွန်ပေးရသည်။ မိုးတွင်းကာလများတွင် လမ်းသည်အနည်းဆုံး နှစ်ရက်အထိကြာနိုင်ပြီး စိုး ရိမ်စိတ်တို့ ကြီးစိုးနေစေသည်။ လူမှုကွန်ရက်Tik -         tok အသုံးပြုသူများဆိုလျှင် မန္တလေး - မြစ်ကြီးနား လမ်းနှင့်ပတ်သက်၍ ခက်ခက်ခဲခဲမောင်းနှင်နေရ သောဗီဒီယိုကို တွေ့မြင်နိုင်ပေလိမ့်မည်။ 

“ကားတွေက စုပြီးသွားရင်တော့ရတယ်။ စိတ် တော့ ရှည်ရမှာပေါ့။ ခရီးသည်တင်ကားတွေလည်း သွားတယ်။ ဒါပေမဲ့ ဗွက်နစ်တာနဲ့ ဘာနဲ့ မိုးတွင်းက လုံးဝအဆင်မပြေဘူး” ဟု မန္တလေး-မြစ်ကြီးနား လမ်းတွင် သွားလာခဲ့ဖူးသူတစ်ဦးက ဆိုသည်။ ထို့ပြင် ယင်းလမ်းတွင် KIA တို့က တပ်သားသစ်အဖြစ် စု ဆောင်းခြင်းမျိုးလည်း ရှိနေသည်။ တစ်ချိန်က အ ဆင်ပြေခဲ့သာ လမ်းပိုင်းတွင် ဥပဒေပြင်ပလက်နက် ကိုင်တို့ရောက်လာသည်။ ထို့ပြင် စိုးရိမ်စိတ်တို့လည်း ရောက်လာသည်ဟု ဆိုရပေမည်။ 

“လမ်းမှာ KIA က စုဆောင်းရေးဆွဲတာရော၊ မလုံခြုံတာရောဆိုတော့ သွားရဲတဲ့သူက နည်းနေ တာ။ ကုန်ကြောင်းလမ်းကောင်းရင်တော့ ဘယ်သူမှ လေကြောင်းလမ်းကို မြစ်ကြီးနားသားတွေ သိပ်မသုံး ကြပါဘူး။ အခုက လေယာဉ်စီးရင်က သိတဲ့အတိုင်း လေယာဉ်ကွင်းသွားရတာနဲ့၊ ပြန်ရတာနဲ့၊ လက်မှတ် စောင့်ရတာနဲ့လေ” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ဆိုသည်။ 

ကားလမ်းက မန္တလေးမြို့သို့သွားရောက်ရန် ကြာပြီး မီးရထားလမ်းက အဆင်မပြေသည့်အခါ မြစ် ကြီးနား မြို့ခံတို့အတွက် လေကြောင်းလမ်းသည် ရွေး ချယ်စရာကောင်း ဖြစ်လာသည်။ “အခုက ကချင်ပြည် နယ်မှာ ရှိတဲ့လူတွေအကုန်လုံးက စုပြုံပြီးတော့ ဒီ လေယာဉ်ခုံလေး လုနေကြတာပဲ။ အဲဒါက ဈေးတက်ရ တဲ့အကြောင်းအရင်းပဲ။ လူကအများကြီးလေ” ဟု ၎င်းကဆိုသည်။ 

မြစ်ကြီးနား - မန္တလေး လေကြောင်းခရီးသည် အောက်ထစ် ကျပ် (၁၆) သိန်းခန့် ဈေးပေါက်နေ ကြောင်း စုံစမ်းသိရှိရသည်။ ယင်းအတွက် အဆိုပါ ဒေသခံထံဟုတ်ပါသလားဟုမေးမြန်းရာ ယင်းမှာ အောက်ထစ်ဈေးသာဖြစ်ကြောင်း ဆိုသည်။ “အဲဒီ (၁၆) သိန်းဆိုတာက ဒါက နှစ်ပတ်လောက်၊ တစ် ပတ်လောက် စောင့်တဲ့သူတွေပဲရတာ။ နည်းနည်း မြန်ချင်တယ်ဆိုရင် သိန်း (၂၀)။ တချို့က ချက်ချင်း လိုချင်တယ် သိန်း (၃၀) ပေးမယ် ဘယ်သူ လုပ်ပေး မလဲဆိုတာက ရှိသေးတယ်။ တကယ်တမ်း သေရေး၊ ရှင်ရေးဆိုရင်တော့ သွားရမှာပဲ” ဟု ၎င်းကပြော သည်။ 

မြစ်ကြီးနားမြို့တွင် တစ်နေ့လျှင် လေယာဉ် (၂)စင်း၊ (၃) စင်းခန့် ပုံမှန်ဆင်းသည်ဟု  ၎င်းကဆိုသည်။ သို့သော် ရောင်းလိုအားထက် ဝယ်လိုအားက များ သည်။ ဈေးကွက်သဘောအရ ရောင်းလိုအားနှင့် ဝယ် လိုအား မမျှလျှင် မည်သို့ဖြစ်ပါမည်နည်း။ ယင်းမှာ အဖြေ ဖြစ်သည်။ လူလတ်တန်းစားများ၊ အောက်ခြေ လူတန်းစားများအတွက် လေယာဉ်လက်မှတ်သည် ရွှေကဲ့သို့ ဖြစ်လာသည်။ 

“တကယ်တော့ သဘောက ချမ်းသာတဲ့သူဆို ရင် စီးနိုင်တယ်လေ ဘာမှမဖြစ်ဘူး။ အခုက အသံ တွေထွက်လာတာက လူလတ်တန်းစားတွေ၊ ဆင်းရဲ သားတွေအတွက် မစီးနိုင်တော့ အသံထွက်လာတာ ပေါ့။ မြစ်ကြီးနားက သူများအလုပ်လုပ်ရင် ဘယ် လောက်ရမှာလဲ။ တစ်လမှ (၃)၊ (၄) သိန်းပေါ့” ဟု  ၎င်းကဆိုသည်။ ယင်းလေယာဉ်လက်မှတ်ကို တန်း စီးတိုးဝှေ့ ဝယ်ယူသူများထဲတွင် KIA လူကြီးပိုင်းတို့ ၏သားသမီးများပင်ပါကြောင်း  ၎င်းကဆိုသည်။ 

“သူတို့တွေလည်း တန်းစီဝယ်နေကြတာပဲ” ဟု  ၎င်းကပြောသည်။ သို့သော် KIA ခေါင်းဆောင် ပိုင်း၏သားသမီးတို့မှာ ငွေကြေးတတ်နိုင်သူများ ဖြစ် နေပေရာ ၎င်းတို့အတွက်မူ လေယာဉ်လက်မှတ်သည် သာမန်လူများထက် ပိုမိုမြန်ဆန်ပေလိမ့်မည်။ မြစ်ကြီး နားမှ မန္တလေးသို့လေယာဉ်စီးရန်အတွက် လက်မှတ် ဈေးနှုန်း မြင့်တက်နေသည့်အတွက် အစိုးရတွင် တာ ဝန်မရှိဟု မဆိုသော်လည်း အဓိကတာဝန်ရှိသူများမှာ လမ်းပိုင်းကိုပိတ်ထားသည့် လက်နက်ကိုင်သူပုန်တို့ ဖြစ်ကြောင်း အခြားကချင်ပြည်နယ်သားတစ်ဦးက ဆို သည်။ 

“လမ်းပိတ်ထားတဲ့ကောင်တွေကျရင်တော့ သိ တဲ့အတိုင်း သူတို့လုပ်တာအောင်မြင်တယ်ဆိုပြီး တော့ ထိုင်ကြည့်နေတာပေါ့ဗျာ။ အဲဒါ မခံချင်ဘူးဗျာ။ သူတို့မှာ တာဝန်ရှိတယ်။ ဒီကောင်တွေလုပ်လို့ အဲဒီလိုဖြစ်သွားတာ” ဟု  ၎င်း ကဆိုသည်။ ကုန်းလမ်း အဆင်မပြေသည့်အပြင် ကုန်ကားဖြင့် ကုန်ပို့ လျှင်လည်း KIA နှင့် PDF တို့ထံ ဆက်ကြေးပေးရ သည့်အတွက် မြစ်ကြီးနားသို့ရောက်လျှင် ကုန်တန်ဖိုး က တက်နေပြီဖြစ်သည်။ တရုတ်နိုင်ငံမှ ကုန်ပစ္စည်း ဝင်သည့်အတွက် ခံသာသည့်အခြေအနေ ရှိသည်။ 

“တရုတ်ပြည်က ကုန်ဝင်တယ်။ ကံပိုင်တည် ဘက်ကနေ ကုန်ဝင်တဲ့အခြေအနေရှိတော့ အဆင် ပြေနေတယ် ပြောရမယ်” ဟု  ၎င်းက ဆိုသည်။ KIA အနေဖြင့် အဆိုပါလမ်းပိုင်းကို ပိတ်ထားရန်အတွက် PDF တို့ကို ကြားခံဇုန်အနေဖြင့်ထားခြင်းဖြစ်ပြီး  ၎င်းတို့၏ လိုင်ဇာကိုကာကွယ်လိုသည့်သဘော ဖြစ် ကြောင်း အခြား ကချင်ပြည်နယ်မှစစ်ရေးလေ့လာ သုံးသပ်သူတစ်ဦးကဆိုသည်။ 

“သူတို့ ကာချင်တာက ရှင်းရှင်းလေး။ သူတို့က စစ်ဇုန်တွေထားမယ်။ War zone ပေါ့။ သူတို့က ကာမယ်။ တောက်လျှောက်ကြီးကို ကာထားချင်တာ။ PDF တွေကို အသုံးချပြီးတော့ ကာထားမယ်ဆိုတဲ့ သဘောပေါ့” ဟု  ၎င်းက ပြောသည်။ ယင်းသို့ဆောင် ရွက်ရန်အတွက် KIA တို့က PDF တို့ကို ချုပ်ထား သည့်နည်းမှာ ရိုးရှင်းသည်။ အကျိုးစီးပွားဖြစ်ပြီး ဂိတ် ဖွင့်ခွင့်ပေးသည်။ အခြားသော အကျိုးစီးပွားများကိုယူခွင့်ပေးသည်။ KIA တို့က နယ်မြေကို ကာထား လိုသည်။ 

“PDFခေါင်းဆောင်တွေကို အကျိုးစီးပွားနဲ့ ချုပ်ထားတာပေါ့။ အောက်ခြေက ကောင်တွေကတော့ ဘာစားရမလဲ။ တော်ကီနဲ့မျှောပြီးတော့ လုပ်ထားတာ။ မစားရ ညှော်ခံပေါ့။ ပြေးလို့လည်းမရဘူးလေ။ ပြေး ရင်ကပစ်သတ်မှာ” ဟု ၎င်းက ဆိုသည်။ ယင်းသို့ ကြားခံဇုန်ထားသည့် အကြောင်းအရင်များအနက် အခြားအကြောင်းအရင်းတစ်ခုမှာ KIA  အဖွဲ့ အ တွင်း လူသစ်စုဆောင်းရန် ခက်လာခြင်းကြောင့်လည်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“ဒီနောက်ပိုင်းမှာ KIA ထဲ ဝင်တဲ့သူက အရမ်း နည်းသွားတယ်။ အဲဒီတော့ လူဖမ်းတာကလည်း သူတို့ တအားကို ပက်စက်လာတယ်။ အဓိကတော့ တပ်သားသစ်စုတာ။ သင်တန်းဆင်းတာကလည်း အင်အားကို ရာနဲ့ချီဆင်းဖို့အတွက် လူတွေလိုက်ဖမ်း တာ” ဟု ၎င်းက ပြောသည်။ လမ်းကြောင်းကို KIA နှင့် PDF တို့က မပွင့်စေလို။ ထို့ကြောင့် အဖျက် အမှောင့်လုပ်ငန်းများလုပ်သည်။ ယင်းအတွက် ခံရ သည်မှာ ပြည်သူတို့သာ ဖြစ်၏။ 

“သူတို့က မြို့တွေ ရခဲ့ကြတယ်။ ဒါပေမဲ့  မအုပ် ချုပ်နိုင်ဘူး။ ပြန်ပေးရတယ်။ ဒါပေမဲ့ လမ်းတွေတော့ ဖျက်တယ်။ အဲဒီတော့ ကချင်တွေကလည်း သိလာ ကြတယ်” ဟု ၎င်းက ဆိုသည်။ တစ်ချိန်က ကူးသန်း သွားလာခဲ့သော မန္တလေး - မြစ်ကြီးနားလမ်းသည် ယခုအခါ ဗွက်အတွင်းဆင်းသွားရသော အခြေအ နေရောက်နေပေပြီ။ လမ်းကောင်းရှိ၏။ သို့သော် မသုံးရ။ စီးပွားရေးတို့ ကောင်းမွန်ချင်သော၊ အေးဆေး စွာ လုပ်ကိုင်စားသောက်လိုသော ပြည်သူများအတွက် လမ်းကြောင်းပွင့်ရေးမှာ အဓိကကျသည်။ လမ်းပွင့်ရန် အတွက် ငြိမ်းချမ်းရေးလိုသည်။ သို့သော် လမ်းပိတ် ထားသူများသည် အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေး ချိန်ထိုးလျှင် မည်သည့်အရာကို ဖက်တွယ်ထား ကြောင်း မြင်နေကြရပြီ ဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတော်ဘဏ္ဍာခိုးယူသကဲ့သို့ဖြစ်နေသည့် KTV ၊ Bar နှင့် စားသောက်ဆိုင်ကြီးအချို့ကို လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းသည်အထိ အရေးယူပြရန်လို

RELATED POSTS
RECENT POSTS
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved