CIA အကြီးအကဲရဲ့မော်စကိုခရီးစဉ်က ပဋိပက္ခကိုထိန်းကျောင်းခြင်းလော၊ စစ်ရေးအလှည့်အပြောင်းတစ်ခု၏ အကြိုနိမိတ်လော
တင်ဇာ (NP News) - (NP News) - စက်တင်ဘာ ၈
အမေရိကန် CIA ညွှန်ကြားရေးမှူး ဂျွန်ရက်ကလစ်ဖ်ရဲ့ရုတ်တရက် မော်စကိုခရီးစဉ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲအရှိန်မြင့်တက်နေချိန်မှာ ကမ္ဘာ့နိုင်ငံရေးနဲ့စစ်ရေးစောင့်ကြည့်သူတွေအကြား စိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါ့ပြင် အီရန်အရေးနဲ့နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့လုံခြုံရေးဆိုင်ရာတင်းမာမှုတွေမြင့်တက်နေချိန်မှာဖြစ်ပေါ်လာတဲ့ ဒီခရီးစဉ်ဟာ ဒေသတွင်း စစ်ရေးအပြောင်းအလဲတွေအတွက် အလွန်အရေးပါတဲ့အမှတ်အသားတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ဖြစ်နိုင်ခြေတွေ၊ သတိပေးချက်တွေနဲ့ နောက်ဆက်တွဲ စစ်ရေး၊ နိုင်ငံရေးသုံးသပ်ချက်တွေကတော့ ခုချိန်ထိ အမျိုးမျိုး ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က CIA ညွှန်ကြားရေးမှူး ဂျွန်ရက်ကလစ်ဖ်ရဲ့ ရုရှားခရီးစဉ်ဟာ ပုံမှန်သွားရောက်မှုတစ်ခုလို့ပြောဆိုခဲ့ပေမယ့် CIA အကြီးအကဲတစ်ဦးအနေနဲ့ မိုင်(၁၀,ဝဝဝ)ခရီးစဉ်ဖြစ် တဲ့မော်စကိုမြို့ကို အသွားအပြန် လျှို့ဝှက်အမြန်သွားရောက်ခဲ့တာဟာ ဘယ်လိုမှ ပုံမှန်ကိစ္စတော့ မဟုတ် နိုင်ပါဘူး။ ရက်ကလစ်ဖ်ဟာ အမေရိကန်စစ်ဘက်သုံးလေယာဉ်နဲ့ အသိပေးထားခြင်းမရှိဘဲ ရောက်ရှိ လာပြီး နောက် ဩဂုတ်လ (၂၅)ရက်မှာ ရုရှားထောက်လှမ်းရေးအရာရှိတွေ အထူးသဖြင့် ရုရှားရဲ့ ပြည်ပ ထောက်လှမ်းရေးအေဂျင်စီအကြီးအကဲ ဆာဂေးနာရစ်ရှ်ကင်နဲ့တွေ့ဆုံခဲ့ကြောင်း ကရင်မလင် နန်းတော် က အတည်ပြုခဲ့ပါတယ်။

CIA အကြီးအကဲတစ်ဦးအနေနဲ့ ဒီလိုသွားရောက်တာမျိုးက အရေးပေါ်အခြေအနေမျိုးမှာမှဖြစ် တတ်တယ်လို့ယူဆလို့ရပါတယ်။ ယခင် CIA ညွှန်ကြားရေးမှူးဖြစ်သူ ဝီလီယံဘန်းစ် ဒီလိုခရီးစဉ်မျိုးသွား ရောက်ခဲ့တာ (၅)နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ရုရှားက ယူကရိန်းကိုတိုက်ခိုက်ဖို့ ပြင် ဆင်နေချိန်ဖြစ်တာကြောင့် အဲဒီလိုအခြေအနေနဲ့ဆင်တူ နေပါတယ်။ ဒါကြောင့်မို့လို့ ဒီခရီးစဉ်ဟာ တကယ်ပဲ အရေးပါတဲ့ကိစ္စတစ်ခုဖြစ်နိုင်ပါတယ်။ ဒီခရီးစဉ်သွားရောက်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက် ပြီး အမေရိကန်ဘက်က တရားဝင်မှတ်ချက်ပေးတာမျိုးမရှိသေးပေမယ့် ရက်ကလစ်ဖ်ရဲ့ခရီးစဉ်ဟာ ယူ ကရိန်းစစ်ပွဲ ရှေ့မတိုး၊ နောက်မဆုတ်သာအခြေအနေမျိုးကနေ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက် တာမျိုးပြုလုပ် ပြီး စစ်ပွဲ ပိုမိုကြီးထွားအောင်မလုပ်ဖို့ မော်စကိုစစ်ဘက်ကို သွားရောက်သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေပါတယ်။
CIA အကြီးအကဲရဲ့ မော်စကိုခရီးစဉ်ကနေ “တစ်စုံတစ်ခုထွက်ပေါ်လာနိုင်တယ်”လို့ ထရမ့်က ပြောဆိုခဲ့သလို ဝါရှင်တန်အနေနဲ့ ရုရှား-ယူကရိန်း စစ်ပွဲ ပြီးဆုံးတာကိုပဲ မြင်တွေ့ချင်တယ်လို့ဖော်ပြခဲ့ပါ တယ်။ တစ်ချိန်တည်းမှာပဲ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ရက်ကလစ်ဖ်ဟာ မော် စကိုခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံခဲ့တာမရှိဘူးလို့ပြောခဲ့ပြီး တွေ့ဆုံပွဲ မှာ ယူကရိန်း ဒါမှမဟုတ် အီရန်ကိစ္စတွေ ပါမပါဆိုတာကိုတော့ ထုတ်ဖော်ပြောဖို့ငြင်းဆန်ခဲ့ပါတယ်။ “ထောက်လှမ်းရေးအဖွဲ့အစည်းတွေကြားမှာ ဆက်သွယ်တွေ့ဆုံမှုတွေရှိခဲ့တယ်လို့ပဲ ကျွန်တော်ပြောနိုင် ပါတယ်”လို့ ပက်စကော့ဗ်က အတည်ပြုခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရှေ့တန်းစစ်မျက်နှာပြင်တွေရဲ့ အလွန် အထိ ဒရုန်းနဲ့မစ်ဆိုင်းတိုက်ခိုက်မှုတွေကို အပြန်အလှန် ပိုမိုပြင်း ထန်စွာပြုလုပ်လာကြလို့ ပဋိပက္ခ ပိုမို ကြီးထွားလာမှာကို စိုးရိမ်မှုတွေ ပိုမြင့်တက်လာခဲ့တာပါ။ ရုရှား-ယူကရိန်းပဋိပက္ခဟာ မကြာမီ ပိုမို အန္တရာယ်ကြီးတဲ့အဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေနဲ့စောင့်ကြည့်သူတွေက သတိပေးနေကြပါတယ်။ ဩဂုတ်လအစောပိုင်းက X လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့မှတ်ချက်တွေမှာ ယူ ကရိန်းသမ္မတ ဇယ်လန်စကီးက မော်စကိုအပေါ် အရေးယူပိတ်ဆို့မှု ဖိအားတွေတိုးမြှင့်ဖို့နဲ့ ယူကရိန်း အတွက် လေကြောင်း ရန်ကာကွယ်ရေးအထောက်အပံ့တွေ ပိုမိုပံ့ပိုးပေးဖို့ မဟာမိတ်နိုင်ငံတွေကိုတောင်း ဆိုခဲ့ပါတယ်။ Glenn Beck နဲ့အင်တာဗျူးမှာတော့ ထရမ့်က ရုရှား-ယူက ရိန်းစစ်ပွဲအဆုံးသတ်ဖို့ ကြိုးပမ်း နေတဲ့ကိစ္စကိုပဲ အဓိကထားပြောကြားသွားခဲ့ပါတယ်။ ဒါဟာ သူရာထူးပြန်ရကတည်းက အောင်မြင် အောင်မလုပ်နိုင်သေးတဲ့ ပန်းတိုင်တစ်ခုလည်းဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့က အလွန်အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောသွားလာရေး အတွက်ပြန်မဖွင့်ပေးရင် အီရန်ကို ထပ်မံအရေးယူပိတ် ဆို့တာတွေလုပ်သွားမယ်လို့ ရက်ကလစ်ဖ်က ရုရှားထံ ကတစ်ဆင့် သတိပေးခဲ့တယ်လို့လည်း ဖော်ပြမှုတွေရှိနေပါတယ်။ အမေရိကန်၊ အစ္စရေးနဲ့ အီရန် တို့ စစ်ပွဲ (၆)လကြာဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ အီရန်အပေါ် စီးပွားရေး ဖိအားပေးမှု မြှင့် တင်ဖို့ကြိုး ပမ်းတဲ့အနေနဲ့ အီရန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကို ဒုတိယအဆင့် အရေးယူပိတ်ဆို့မှုတွေ ပြု လုပ်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ တရုတ်၊ ယူအေအီးနဲ့တူရကီ တို့ဟာ အီရန်ရဲ့ထိပ်တန်း ကုန်သွယ် ဖက်တွေအဖြစ် ထင်ရှားပြီး ရုရှားကလည်း အီရန်နဲ့အနီးကပ် စီးပွားရေး၊ စစ်ရေးဆက်ဆံရေးတွေကို ကာလရှည်ကြာထိန်း သိမ်းထားတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါ့ပြင် အီရန်နဲ့ရုရှားကြား စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေကို ရပ်တန့်ဖို့တိုက်တွန်းတာလည်းဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အပေါ် ရုရှားကပြုလုပ်နေတယ်လို့ထင်ကြေးပေးနေတဲ့ Hybrid စစ်ပွဲကိုတိုးမြှင့်တာလည်းဖြစ်နိုင်ပါတယ်။ အဆင့်မြင့်ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ နယ်စပ်ဖြတ် ကျော်ဒရုန်းတိုက်ခိုက်မှုတွေအပြင် ခဲယမ်းစက်ရုံတွေကို မီးရှို့တိုက်ခိုက်တာမျိုးတွေ ပြုလုပ်လာနိုင်တယ် လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒါ့ပြင် ရုရှားအနေနဲ့ ဘောလ်တစ်နိုင်ငံတစ်ခုအပေါ် အကန့်အသတ်နဲ့ တိုက်ခိုက်ပြီး အားနည်းနေတဲ့နေတိုးကို စမ်းသပ်တာ မျိုးလည်းရှိနိုင်ပါတယ်။ ဘောလ် တစ်နိုင်ငံတွေ ဖြစ်တဲ့ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့ဟာ (၁၉၉၁)ခုနှစ်အထိ ရုရှားရဲ့ အုပ်ချုပ် မှုအောက်မှာရှိခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုဟောင်းအဖွဲ့ဝင်တွေဖြစ်ခဲ့ကြတာပါ။
ဒီကနေ့မှာတော့ ဒီနိုင်ငံတွေဟာ နေတိုး အဖွဲ့ဝင်တွေဖြစ်နေကြပြီဖြစ်သလို ရုရှားစကားပြော ကွန်မြူနတီ အမြောက်အမြားလည်းရှိနေသေးတဲ့ နေရာတွေဖြစ်ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ဟာ နေ တိုးအဖွဲ့အပေါ် မကြာခဏ အထက်စီးဆန်ဆန်သဘောထားလေ့ရှိတာကို သမ္မတပူတင်က ကောင်း ကောင်းသိထားပြီး လစ်သူယေးနီးယားလိုနိုင်ငံမျိုးကို အသေးစား တိုက်ခိုက်မှုပြုလုပ်တာဟာ နေတိုးရဲ့ အပြန်အလှန် ပူးပေါင်းကာကွယ်ရေးစာချုပ် ပုဒ်မ(၅)ကို သက်ရောက်စေမှာမဟုတ်သလို အမေရိကန် ဘက်ကလည်း တုံ့ပြန်မှာမဟုတ်ဘူးလို့ တွက်ဆထားတာလည်းဖြစ်နိုင်ပါတယ်။ ဒါဆိုရင် CIA အကြီး အကဲရဲ့ အကြောင်းပြချက်မရှိ မော်စကိုခရီးစဉ်ဟာ အမေရိကန်အနေနဲ့ ပုဒ်မ(၅)ကို အပြည့်အဝ ကတိက ဝတ်ပြုထားဆဲဖြစ်ကြောင်း ရုရှားကိုသတိပေးဖို့လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ရုရှားအနေနဲ့ နေတိုးနယ်မြေတွေကို “တိုက် ခိုက်မှာမဟုတ်ဘူး”လို့ အခိုင်အမာဆိုထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အဲဒီလိုမတိုက်ခိုက် ဖို့သဘောတူခဲ့သလားလို့ သတင်းထောက်တွေကမေး မြန်းချိန်မှာ ထရမ့်က “ကျွန်တော် သူနဲ့ ကောင်း ကောင်း ဆွေးနွေးထားပါတယ်။ သူဟာ နေတိုးနယ်မြေကို တိုက်ခိုက်မှာမဟုတ်ပါဘူး”လို့ မီဒီယာတွေ ကို ပြောခဲ့တာပါ။ ဒါ့ပြင် လစ်သူယေးနီးယားဟာ ပိုလန်နဲ့ နယ်နိ မိတ်ချင်းထိစပ်နေတဲ့ ဆူဝါကီစင်္ကြံ လို့ လူ သိများတဲ့နေရာကြောင့် ကရင်မလင်အတွက် အထူးစိတ်ဝင်စားစရာ နေရာဖြစ်နေပါတယ်။ ဘာကြောင့် လဲဆိုတော့ လစ်သူ ယေးနီးယားဟာ ရုရှားရဲ့မဟာမိတ် ဘီလာရုစ်နိုင်ငံနဲ့ ထိစပ်နေပြီး ရုရှားရဲ့ နျူကလီး ယားလက်နက်တပ်ဆင်ထားရာ ကာလီနင်ဂရက်ဒေသတို့ကို ပိုင်းခြားပေးထား တဲ့နေရာဖြစ်တာ ကြောင့် ပါ။ ရုရှားကသာ အဲဒီနေရာကို သိမ်းပိုက်လိုက်ရင် အဆိုပါ ဘော်လ်တစ်(၃)နိုင်ငံကို သူတို့ရဲ့ နေတိုးအိမ်နီး ချင်းတွေနဲ့ ကုန်းလမ်းဆက်သွယ်ရေး အပြီးတိုင်ဖြတ်တောက်လိုက်နိုင်မှာဖြစ်ပါတယ်။
နောက်ပြီး နည်းဗျူဟာမြောက် နျူကလီး ယားထိပ်ဖူးတွေကိစ္စလည်းရှိပါသေးတယ်။ အရွယ်အ စားသေးငယ်ပေမယ့် အဖျက်စွမ်းအားကြီးမားတဲ့ ဒီလက်နက်တွေကို ရုရှားစစ်တပ်ရဲ့ စစ်ဆင်ရေးဗျူဟာ မှာအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သတ်မှတ်ထားတာကြာပါပြီ။ ရုရှားအနေနဲ့ ဒီလိုနည်းဗျူဟာ မြောက်နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားကြောင်း အင်အားပြလိုက်တာဟာ “အခြေအနေကို ပိုမို ကြီးထွားစေပြီးမှ လျှော့ချဖို့လုပ်ဆောင်ခြင်း” (Escalate to de-escalate) ဆိုတဲ့နည်းဗျူဟာကိုသုံး ဖို့ ပူတင်အတွက် ဆွဲဆောင်မှုရှိတဲ့နည်းလမ်းတစ်ခု ဖြစ်နေဆဲပါ။ ဒါဟာ မော်စကိုရဲ့ကမ်းလှမ်းချက်တွေကို အခုပဲလက်ခံမလား၊ ဒါမှမဟုတ်ရင် အပြီးတိုင်ဖျက်ဆီးခံမလားဆိုတာကို ကိယက်ဗ်ဘက်က မဖြစ်မနေ ရွေးချယ်ရမယ့်အခြေအနေမျိုးဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ရက်ကလစ်ဖ်ရဲ့ခရီးစဉ်အပေါ် လတ်ဗီးယားအပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ လတ် တလောတုံ့ပြန်မှုတွေမှာ နေတိုးနဲ့ ထိပ်တိုက်တွေ့နိုင် ခြေကိုအလေးမထားဘဲ လျှော့တွက်ထားကြပါ တယ်။ လတ်ဗီးယားနိုင်ငံခြားရေးဝန်ကြီးကလည်း “လတ်ဗီးယားရဲ့ခြိမ်းခြောက်မှုဆိုင်ရာ အကဲဖြတ်ချက် အရ ပုံမှန်အတိုင်းပဲရှိနေဆဲဖြစ်ပါတယ်” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ (၂၀၁၈)ခုနှစ်က ဆဲလ်စဘာရီမြို့ Novichok အဆိပ်ခတ်မှုအပါအဝင် ရုရှား သူလျှိုတွေရဲ့တိုက်ခိုက်မှုသမိုင်းကြောင်းရှိခဲ့တဲ့ ဗြိတိန်မှာတော့ စစ်ဘက်ဆိုင်ရာအရေးပါတဲ့ကဏ္ဍတွေအနေနဲ့ အမြင့်ဆုံး သတိပေးချက်ထုတ်ထားဖို့ ထောက်လှမ်းရေးအေဂျင်စီတွေက သတိပေးထားပါတယ်။
ဩဂုတ်လ (၂၆)ရက်က ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဗြိတိန်အစိုးရအနေနဲ့ ယူကရိန်းအပေါ် ကူညီ နေတာတွေမရပ်တန့်ရင် ဗြိတိန်နယ်မြေအတွင်းနဲ့ ပြင် ပကပစ်မှတ်တွေကိုတိုက်ခိုက်သွားမယ်လို့ ပုံမှန်မ ဟုတ်တဲ့ တိုက်ရိုက်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်းဟမ်း က ကိယက်ဗ်ခရီးစဉ်အတွင်း ရုရှားနိုင်ငံ အတွင်း ပိုင်း အထိပစ်ခတ်နိုင်မယ့် အဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့အတွက် အသေး စိတ်နည်းပညာဒီဇိုင်းတွေ ပံ့ပိုးပေးသွားမယ်လို့ ပြောကြားခဲ့တာတွေရှိခဲ့ပါတယ်။
ခြုံငုံသုံးသပ်ရရင် CIA ညွှန်ကြားရေးမှူးရဲ့ မော်စကိုလျှို့ဝှက်ခရီးစဉ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲ အရှိန်မြင့်တက်လာမှု၊ အီရန်အရေးနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအပေါ် လုံခြုံရေးစိန်ခေါ်မှုတွေ ဆုံစည်းနေ ချိန်မှာပေါ်ပေါက်လာတဲ့ သံတမန်ရေးနဲ့ထောက်လှမ်းရေးဆိုင်ရာ အရေးပါတဲ့စစ်ကစားမှုတစ်ခု ဖြစ်ပါ တယ်။ ရုရှားဘက်က ဘော်လ်တစ်နိုင်ငံတွေကို စမ်းသပ်တာ၊ အီရန်စစ်ပွဲအတွင်း ဝင်ရောက်စွက်ဖက်တာ နဲ့ နည်းဗျူဟာမြောက် နျူကလီးယားခြိမ်းခြောက်တာတွေကို ရှောင်ရှားဖို့ ဝါရှင်တန်က သတိပေးချက် ထုတ်ပြန်လိုက်သလိုဖြစ်ပြီး မော်စကိုဘက်ကလည်း ဗြိတိန်နဲ့ နေတိုးနိုင်ငံတွေအပေါ် တိုက်ရိုက်နဲ့သွယ် ဝိုက် ခြိမ်းခြောက်မှုတွေ အပြန်အလှန်ပြုလုပ်နေကြတာပါ။ ဒါကြောင့် ဒီခရီးစဉ်ဟာ ရုရှားနဲ့အမေရိကန် တို့ကြား ပဋိ ပက္ခပိုမိုကြီးထွားမလာအောင် နောက်ကွယ်ကနေ ထိန်းကျောင်းဖို့ကြိုးပမ်းချက်လား၊ ဒါမှ မဟုတ် ပိုမိုကြီးမားလာတော့မယ့် စစ်ရေးအလှည့်အပြောင်းတစ်ခုရဲ့ အကြိုနိမိတ်လားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် အသက်(၇၀)ကျော် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး နေအိမ်တွင် သေဆုံးမှု ဖြစ်
RELATED POSTS
08 Oct 2026 | ဆောင်းပါး,ပြည်တွင်း
08 Oct 2026 | ဆောင်းပါး,နိုင်ငံတကာ
