အိမ်သာသုံးစက္ကူလိပ်(၂၅၄)လိပ်ကိုခေါင်းပေါ်တွင်တင်ကာ ဟန်ချက်ညီအောင်ထိန်းပြပြီး ဂင်းနစ်စံချိန် တင်ခဲ့သည့်အမျိုးသား
Pika (NSS)
ဂင်းနစ်စံချိန်ပေါင်းများစွာကိုချိုးဖျက်ထားသည့် ဒေးဗစ်ရပ်ရှ်ဆိုသည့်အမျိုးသားသည် အိမ်သာ သုံးစက္ကူလိပ်(၂၅၄)လိပ်ကို ၎င်း၏ခေါင်းပေါ်တွင်တင်ကာ ဟန်ချက်ညီအောင်ထိန်းပြခဲ့ပြီးနောက် ဂင်းနစ် စံ ချိန်သစ်တစ်ခုကို ချိုးဖျက်ခဲ့ကြောင်းသိရသည်။ ဂင်း နစ်စံချိန်ပေါင်း(၂၀ဝ)ကျော်ကို စံချိန်တင်ထား သည့် ဒေးဗစ်ရပ်ရှ်သည် ခေါင်းပေါ်တွင် အိမ်သာသုံးစက္ကူ လိပ်အများဆုံး (၁၀၁)လိပ်ကို ဟန်ချက်ညီ အောင် ထိန်းပြသည့်ဂင်းနစ်စံချိန်ကို (၂၀၂၁)ခုနှစ်တွင် တင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ဂင်းနစ်စံချိန်ကိုချိုးဖျက်သူတစ်ဦးရှိခဲ့ပြီးနောက် (၂၀၂၅) ခုနှစ် မေလတွင် ဒေးဗစ်ရပ်ရှ်က အိမ်သာသုံး စက္ကူလိပ်(၁၉၅)လိပ်ကို ခေါင်းပေါ်တွင်တင်ကာ ဟန်ချက် ညီအောင်ထိန်းပြခဲ့ပြီး ဂင်းနစ်စံချိန်ကို ပြန်လည်ရယူခဲ့ကြောင်းသိရသည်။ ထို့နောက် ရပ်ရှ်သည် အိမ် သာသုံးစက္ကူလိပ် (၂၅၄)လိပ်ကို ခေါင်းပေါ်တွင်တင်ကာ ဟန်ချက်ညီအောင်ထိန်းပြခဲ့ပြီး ၎င်း၏ဂင်းနစ် စံချိန်ကို ကိုယ်တိုင် ပြန်လည်ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရပ်ရှ်က “အိမ်သာသုံးစက္ကူလိပ်တွေကို ကတ်ထူပြားတွေနဲ တစ်ဆင့်ချင်းစီတင်ပြီး ခေါင်းပေါ်မှာ ဟန်ချက်ညီအောင်ထိန်းဖို့က တကယ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ပထမအကြိမ် ကြိုးစားမှု မှာတော့ ဟန်ချက်ညီအောင်မထိန်းနိုင်ခဲ့တာကြောင့် အိမ်သာသုံးစက္ကူလိပ်ရာချီက ကြမ်းပြင်ပေါ်မှာ ပြန့် ကျဲနေခဲ့ပါတယ်”ဟုပြောဆိုခဲ့သည်။
ဒုတိယအကြိမ်ကြိုးစားမှုတွင် ဒေးဗစ်ရပ်ရှ်သည် ဂင်းနစ်စံချိန်ချိုးဖျက်ရန်အတွက် လိုအပ်သည့် စက္ကန့်ပေါင်း (၃၀)ကို ကျော်အောင်ထိန်းပြနိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဂင်းနစ်စံချိန်သစ်တစ်ခုကို တင်နိုင် ခဲ့ခြင်းလည်းဖြစ်သည်။ ဒေးဗစ်ရပ်ရှ်သည် အိမ်သာသုံးစက္ကူလိပ်(၂၅၄)လိပ်ကို ခေါင်းပေါ်တွင်တင်ကာ အချိန်(၁)မိနစ်နှင့်(၁၂)စက္ကန့်ကြာ ဟန်ချက်ညီအောင် ထိန်းပြနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးက ရုတ်တရက် “Dawn 2.0,” အမည်ရှိစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်
RELATED POSTS
05 Oct 2026 | နည်းပညာ,ပြည်တွင်း
05 Oct 2026 | နည်းပညာ,နိုင်ငံတကာ
04 Oct 2026 | နည်းပညာ,နိုင်ငံတကာ
02 Oct 2026 | နည်းပညာ,နိုင်ငံတကာ
