လှိုင်မြို့နယ်အတွင်း တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေးဆောင်ရွက်
စော(NSS)-စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်း တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေးဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌသည် လှိုင်မြို့နယ်အတွင်း သြဂုတ်လအတွက် မီတာဖတ်ရှုထားမှု၊ လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုလျှော့ချရေး ဆောင်ရွက်ထားမှုနှင့် ဓာတ်အားဖြန့်ဖြူးထားမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ၆၆/၃၃/၁၁-၆.၆ ကေဗွီ RIR ဓာတ်အားခွဲရုံတွင် ဖီဒါအလိုက် ဓာတ်အားဖြန့်ဖြူးထားမှု၊ ဓာတ်အားပျောက်ဆုံးမှုအခြေအနေ၊ မီတာဖတ်မှတ်တမ်းကတ်ရေးသွင်းထားမှု၊ ဓာတ်အားခွဲရုံ ကြံ့ခိုင်ကောင်းမွန်ရေးဆောင်ရွက်ထားမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်အားပျောက်ဆုံးမှုများပြားသည့် ဖီဒါပေါ်ရှိ ခေတ်ဟောင်း (Analog) မီတာများအား Smart Digital မီတာများဖြင့် အစားထိုးလဲလှယ်ရန်၊ တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေး၊ ဓာတ်အားခကြွေးကျန်ကျဆင်းရေး အလေးထားဆောင်ရွက်ရန် ဥက္ကဋ္ဌမှ တိုက်တွန်းခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြန်လမ်းတွင် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူကို သတ်ဖြတ်ကာ ကားလုယက်မှုဖြစ်ပွား၊ ကျူးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ
RELATED POSTS
05 Oct 2026 | နည်းပညာ,ပြည်တွင်း
05 Oct 2026 | နည်းပညာ,နိုင်ငံတကာ
04 Oct 2026 | နည်းပညာ,နိုင်ငံတကာ
02 Oct 2026 | နည်းပညာ,နိုင်ငံတကာ
