စင်ကာပူမှာ အမြင်အာရုံချို့တဲ့သူတွေအတွက် ဘတ်စ်ကားရောက်ရှိမှုကိုအသိပေးနိုင်တဲ့ စမတ်လည်ဆွဲစနစ် တီထွင်
ရောင်နီ (NSS) - စက်တင်ဘာ ၇
စင်ကာပူမှာ အမြင်အာရုံချို့တဲ့သူတွေ ဘတ်စ်ကား စီးနင်းရာမှာ ပိုမိုလွယ်ကူချောမွေ့စေဖို့အတွက် ရောက်ရှိ လာတဲ့ ဘတ်စ်ကားနံပါတ်တွေကို ခွဲခြားသိရှိနိုင်အောင် အသံနဲ့ အသိပေးနိုင်တဲ့ လည်ဆွဲပုံစံ စမတ်ကိရိယာ (Smart Pendant) ကို တီထွင်ဖန်တီးနေတယ်လို့ သိရပါတယ်။

အဲဒီ စမတ်ကိရိယာကို နန်ယန်းနည်းပညာတက္ကသိုလ် (NTU) မှ ကျောင်းသား လီခိုက်ဟောင် နဲ့ အဖွဲ့က တီထွင်ထားတာဖြစ်ပြီး ၎င်းတို့ အရင်ဖန်တီးခဲ့တဲ့ "Oculis" အမည်ရှိ iPhone အပလီကေးရှင်းရဲ့ Computer Vision နည်းပညာကို အခြေခံကာ ဝတ်ဆင်နိုင်တဲ့ စမတ်လည်ဆွဲအဖြစ် အဆင့်မြှင့်တင်နေခြင်း ဖြစ်ပါတယ်။

အခု စမတ်လည်ဆွဲမှာ သီးသန့်ကင်မရာတွေနဲ့ ဆင်ဆာတွေ ပါဝင်မှာဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင် အဖွဲ့ (LTA) ရဲ့ဘတ်စ်ကားရောက်ရှိချိန် အချက်အလက်တွေနဲ့ချိတ်ဆက်ကာ ကားမရောက်မီ သတိပေးခြင်း၊ အသံနဲ့ တုန်ခါမှုစနစ် (Haptics) တို့နဲ့ ကင်မရာချိန်ရမယ့် လမ်းကြောင်းကို ညွှန်ပြပေးခြင်းတို့ လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။
လက်ရှိ အမြင်အာရုံချို့တဲ့သူ (၄၀) ကျော်နဲ့ လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ထားပါတယ်။ အဆိုပါ ကိရိယာကို အမြောက်အမြား ထုတ်လုပ်နိုင်ပြီဆိုရင် တစ်ခုကို စင်ကာပူဒေါ်လာ (၃၀) မှ (၄၀) အထိ သက်သာတဲ့ ဈေးနှုန်းတွေနဲ့ရောင်းချနိုင်ဖို့ မှန်းဆထားပြီး၊ စီးပွားဖြစ် ထုတ်လုပ်နိုင်ခဲ့ရင် စင်ကာပူ သယ်ယူပို့ဆောင်ရေး နယ်ပယ် မှာ မသန်စွမ်းသူတွေအတွက် ပထမဆုံး နည်းပညာသုံး စက်ပစ္စည်းတွေထဲက တစ်ခုဖြစ်လာမယ်လို့ မျှော်မှန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တနင်္သာရီမှ မြိတ်သို့ပြန်လာသည့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရ
RELATED POSTS
05 Oct 2026 | နည်းပညာ,ပြည်တွင်း
05 Oct 2026 | နည်းပညာ,နိုင်ငံတကာ
04 Oct 2026 | နည်းပညာ,နိုင်ငံတကာ
02 Oct 2026 | နည်းပညာ,နိုင်ငံတကာ
