ဘားအံ၊ ပဲခူးနှင့် မဒေါက်မြို့တို့ရှိ မြစ်ကမ်းနှင့် မြေနိမ့်ပိုင်းနေထိုင်သူများကို ရေဘေးလွတ်ရာသို့ရှောင်ရှားရန် မိုးဇလ သတိပေး
စိမ့်စမ်းရေ (NSS) - စက်တင်ဘာ ၆
သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ရေများသည် သတ်မှတ်စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သဖြင့် ဘားအံမြို့၊ ပဲခူးမြို့နှင့် မဒေါက်မြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် ယနေ့ (စက်တင်ဘာလ ၆ ရက်) တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးမှုဌာနမှ သတိပေးထုတ်ပြန်ထားချက်အရ သိရသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် (၁) ပေ (၂) လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း (၆) လက်မခန့် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
အလားတူ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် (၁) ပေ (၃) လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း (၈) လက်မခန့် ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ပဲခူးမြစ်ရေမှာလည်း ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် (၁၀) လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း (၆) လက်မခန့် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဘားအံမြို့၊ ပဲခူးမြို့နှင့် မဒေါက်မြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေကြီးမှုအခြေအနေကို အထူးဂရုပြု၍ ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားကြရန် သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်တွင် ကွင်းဆက်အရ KTV တစ်ခုရှေ့ မူးယစ်ဆေးဝါးများ လာရောက်ရောင်းချသူကို ဖမ်းမိ
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
