ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် မြည်းပုတစ်ကောင် မွေးဖွား
စော (NSS) - စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး ၊မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် ယမန်နေ့(စက်တင်ဘာ ၅ ရက်)၊ နံနက်ပိုင်းအချိန်တွင် မြည်းပုတစ်ကောင် မွေးဖွားခဲ့ကြောင်း Yangon Zoo မှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါမွေးကင်းစမြည်းပုကို မိခင်နှင့်အတူ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာနိုင်စေရန် အာဟာရ၊ နေထိုင်ရာပတ်ဝန်းကျင်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့မွေးဖွားလာခြင်းသည် စနစ်တကျ မျိုးပွားထိန်း သိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအတွက် ရလာဒ်ကောင်းတစ်ခုလည်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြည်းပုသည် မြင်းနှင့်ပုံစံတူသော်လည်း ကိုယ်ထည်ပိုမိုသေးငယ်ကာ နားရွက်ရှည်၍ ထောင်နေတတ်ပြီး အမွေးအရောင်မှာ အများအားဖြင့် ညိုမွဲမွဲရှိကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဩဂုတ်လ (၃၁) ရက်နှင့် စက်တင်ဘာ (၁) ရက်တို့တွင် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် ကျန်းမာသန်စွမ်းသော ကျားပေါက် (၄) ကောင်ကို အောင်မြင်စွာ မွေးဖွားခဲ့သည်။
ထို့ပြင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင်လည်း ဩဂုတ် (၃၀) ရက် နေ့လယ် (၁၁) နာရီ (၁၅) မိနစ်က ရေမြင်းပေါက်တစ်ကောင် ကျန်းမာစွာ မွေးဖွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုးစာစိုက်ပျိုးတောင်သူများကို သမဝါယမစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်လို
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
