ကလေးငယ်များ ကျောင်းသို့ လွယ်ကူစွာသွားနိုင်စေရန် ချောက်ကမ်းပါးယံတွင် ဓာတ်လှေကား(၂)ခုကို တရုတ်တည်ဆောက်ပေး
Pika (NSS) - စက်တင်ဘာလ ၆ ရက်
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှအာဏာပိုင်များသည် နီဇူးမြစ်အနီး ချောက်ကမ်းပါးတစ်ခုတွင် တည်ရှိသော နီဇူးဟဲရွာမှကလေးငယ်များကို နာရီပေါင်းများစွာကြာအောင် တောင်တက်ခရီးကိုမသွားရဘဲ ကျောင်းသို့ လျင်မြန်စွာ ရောက်ရှိစေရန်အတွက် (၂၆၈)မီတာရှည်သော ချင်ယန်ဓာတ်လှေကားကို တောင်ကမ်းပါးယံတွင် တည်ဆောက်ပေးခဲ့ ကြောင်း သိရသည်။
နီဇူးဟဲရွာမှကလေးငယ်များသည် ဂွမ်ဇိုင်းရွာတွင်ရှိသော မူလတန်းကျောင်းသို့သွားရောက်ရန်အတွက် အန္တရာယ်များသောလမ်းခရီးကို အချိန်(၃)နာရီကြာအောင်သွားရသော်လည်း ဒေါင်လိုက်ဖြစ်နေသောကမ်းပါးတွင် တည်ဆောက်ထားသည့်ဓာတ်လှေကားသည် မိနစ်ပိုင်းအတွင်းတွင်ပင် တောင်ပေါ်သို့ ရောက်အောင်ပို့ဆောင်ပေးနိုင်ကြောင်း သိရသည်။
အဆိုပါ ချင်ယန် ဓာတ်လှေကားသည် ဖွင့်ပွဲအခမ်းအနားတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်း ခေါင်းစဉ်များတွင်ပါဝင်ခဲ့သော ကြီးမားသည့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအောင်မြင်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။ ထို့ပြင် ခရီးသွားများကလည်း ချင်ယန်ဓာတ်လှေကားကိုစီးနင်းရန်အတွက် ရောက်ရှိလာကြခြင်းကြောင့် အကျိုးစီးပွားအတွက်လည်း ရေပန်းစားလာခဲ့ကြောင်းသိရသည်။ သို့သော်လည်း ချင်ယန်ဓာတ်လှေကားမှာ လူအနည်းငယ်ကိုသာတင် ဆောင်နိုင်စွမ်းရှိသောကြောင့် လူများအနေဖြင့် တစ်ခါတစ်ရံတွင် နာရီပေါင်းများစွာကြာအောင် တန်းစီစောင့်ဆိုင်းရလေ့ရှိကြောင်း သိရသည်။

ထို့ပြင် ကလေးငယ်များအနေဖြင့် ချင်ယန် ဓာတ်လှေကားကို အခမဲ့စီးနင်းသော်လည်း အချို့အချိန်များတွင် စီးနင်းရန်အတွက် တန်းစီစောင့်ဆိုင်းခဲ့ရမှုများရှိခဲ့ကြောင်းသိရသည်။ နောက်ပိုင်းတွင်အာဏာပိုင်များက မြင်ကွင်းကျယ် ဓာတ်လှေကားအသစ် တစ်စီးကိုထပ်မံတည်ဆောက်ခဲ့ပြီးနောက် တန်းစီစောင့်ဆိုင်းရချိန်များကိုလျှော့ချနိုင်ခဲ့ကြောင်း လည်း သိရသည်။ ဖူယာအိုဓာတ်လှေကားအသစ်သည် ချောက်ကမ်းပါးကြမ်းပြင်အထက် (၂၈၈)မီတာမြင့် သောကြောင့် ကမ္ဘာပေါ်တွင် အထင်ကြီးစရာအကောင်းဆုံး မြင်ကွင်းကျယ်ဓာတ်လှေကားထဲမှ တစ်ခု ဖြစ်လာခဲ့ကြောင်းသိရသည်။
ဖူယာအိုဓာတ်လှေကားအသစ်သည် ပထမတစ်ခုထက် ပိုမြန်၊ ပိုကျယ်ပြီး ကလေးငယ်များ သည်လည်း ကျောင်းသို့သွားရောက်ရန်အတွက် ယခင်က (၃)နာရီကြာမြင့်ခဲ့သည့်ခရီးစဉ်ကို မိနစ် (၃၀)အတွင်းဖြင့် ရောက်အောင် သွားနိုင်နေပြီဖြစ်ကြောင်း သိရသည်။ ကျောင်းသားတစ်ဦးက ‘အရင်တုန်းက ဆိုရင် ကျောင်းသွားဖို့အတွက် ပစ္စည်းတွေကိုသယ်ပြီး တောင်ပေါ်လမ်းတွေမှာ အချိန်(၃)နာရီလောက်ကြာ အောင်လမ်းလျှောက်ခဲ့ရပါတယ်။ အခုတော့ မိနစ် (၃၀)လောက်နဲ့ပဲ ကျောင်းကိုရောက်အောင် သွားနိုင်နေပါပြီ’ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်သာလန်ဗဟိုဘဏ်က အမေရိကန်တွင်ထားရှိသည့် ရွှေတုံးအားလုံးကို ပြန်လည်ပြောင်းရွှေ့သယ်ယူ
RELATED POSTS
05 Oct 2026 | နည်းပညာ,ပြည်တွင်း
05 Oct 2026 | နည်းပညာ,နိုင်ငံတကာ
04 Oct 2026 | နည်းပညာ,နိုင်ငံတကာ
02 Oct 2026 | နည်းပညာ,နိုင်ငံတကာ
