ငဝန်တာပေါက်ကို လာမည့်စက်တင်ဘာလ (၇)ရက်တွင် အပြီးပိတ်မည်
သားပု (NSS) - စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိငဝန်တာ ရေစိမ့်ဝင်ကျိုးပေါက်မှုကို လာမည့် စက်တင်ဘာလ (၇)ရက်တွင် အပြီးသတ်ပိတ်ဆို့သွားမည်ဖြစ်ကြောင်း NP News က စုံစမ်း သိရှိရသည်။
ယင်းနေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် က မီဒီယာများနှင့် တွေ့ဆုံရန်ရှိကြောင်းလည်း သိရသည်။
ငဝန်တာကျိုးပေါက်သော ဖြစ်စဥ်သည် ဇူလိုင်လ (၃၀)ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လေးမျက်နှာမြို့ပေါ်ရပ်ကွက်(၅) ခုနှင့် ကျေးရွာများ အပါအဝင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်တို့တွင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် တာပေါက်ပိတ်ရေးကို တာဝန်ရှိသူများက နေ့မနား၊ ညမအား ဆောင်ရွက်ခဲ့ရာ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းစဉ်များအနက် အဓိကကျသော သံခွံကုန်တင်တွဲ နှစ်မြှုပ်ပိတ်ဆို့ခြင်းလုပ်ငန်းကို စက်တင်ဘာ (၃) ရက်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို ထောက်ပံ့ခဲ့သည့်လက်နက်များအတွက် ငွေကြေးပြန်တောင်းမည်ဟု အမေရိကန်သမ္မတပြော
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
