ညောင်တုန်းကျွန်းတာရေတိုက်စားမှုကြောင့် ပေ (၃၀၀) ကျော်ခန့် ထပ်မံပြိုကျ
သန့်ဇင် (NSS) - စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ ရေတိုက်စားမှု ကြောင့် ပေ (၃၀၀) ကျော်ခန့် ထပ်မံပြိုကျမှု ယနေ့(စက်တင်ဘာ ၅ ရက်) နံနက် ၆ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပထမအကြိမ် တာပြိုကျမှုသည် ပြီးခဲ့သည် ဩဂုတ်လ ၂၅ ရက်၊ နံနက် ၅ နာရီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညောင်တုန်းကျွန်း တာ(ဧရာဝတီ မြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ အကြားနေရာ၌ ဧရာဝတီမြစ်မှ ခွဲထွက်လာသော တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်ရေတိုက်စားမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယနေ့ဒုတိယအကြိမ် တာပြိုကျမှုတွင် ယခင်တာပြိုကျပြီးနေရာ၏ ဘေးဘက်တွင် ပေ(၃၃၀)ခန့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ဆိုသည်
“ဒီမနက်(၆)နာရီက ပေ (၃၃၀) ထပ်ပြိုတယ်။ ကွမ်းခြံတွေထပ်ဖြက်ပြီးနောက်တာတစ်လုံးထပ်ပန်းရမယ်။ မြစ်ရေကတော့ နည်းနည်း ကျတယ်” ဟု ဒေသခံသတင်းရင်းမြစ်က NP News သို့ ပြောသည်။
လက်ရှိတွင် တိုးမြစ်ရေမြင့်တက်မှုမရှိသည့်အတွက် စိုးရိမ်ဖွယ်မရှိသော်လည်း ပန်းတာကာရံခြင်းကို ယခင်ထက်ဆက်လက်တိုးမြင့် လုပ်ဆောင်ရနိုင်ကြောင်းလည်း အခြားသောဒေသခံက ဆိုသည်။

“နောက်ရေလာရင်တော့ ကာကွယ်ရဦးမှာ။ ပန်းတာတွေကလည်း အခုမှ စက်တွေနဲ့လုပ်ရမှာ။ ကျွန်တော်တို့ကတော့ ရေကြောင်းလွှဲဖို့ပေါ့။ ရေကြောင်းဖောက်ဖို့ကိုလည်း သမ္မတဦးကလည်းပြောသွာပါပြီ။ လက်ရှိရေတိုးနေတာကလည်း ရပ်တာမဟုတ်ဘူး။ ရေကြောင်းလွှဲမှ စိတ်ချရမဲ့အနေအထားဖြစ်သွားပြီ။ ကျွန်တော်တို့ကတော့ ရေကြောင်းလွှဲဖို့ပဲ မျှော်လင့်တယ်။ ရေကြောင်းလွှဲကိုလွှဲရမယ်။ အထဲကိုရေ ဝင်တာတော့မရှိဘူး။ ကမ်းနဖူးနားထိတော့ရောက်နေတယ်။ နောက်ရေတက်လာရင်တော့ ရောက်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ရေကြောင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် နုန်းဆယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြင့်လုပ်ဆောင်ရန်လိုအပ်နေကြောင်းလည်း အထက်ပါဒေသခံများက ဆိုသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နိုင်ငံက သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခြင်း မရပ်မချင်း ညှိနှိုင်းဆွေးနွေးမည်မဟုတ်ဟု အမေရိကန် အစိုးရပြော
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
