AI ကို အသက်မပြည့်သေးသူများက မသင့်လျော်သည့်နေရာတွင် အသုံးမချနိုင်ရန် မိဘများ သတိထားသင့်
ထိုက်စံ (NSS) - စက်တင်ဘာ ၄
AI အသုံးပြုမှုပမာဏ ပိုမိုများပြားလာရာ ယင်းသည် ကလေးငယ်များ၏ လက်တစ်ကမ်းသို့ ရောက်လာသောကြောင့် မသင့်လျော်သည့်အသုံးပြုခြင်းများမရှိစေရန် မိဘများသတိထားရန် ပိုမိုလိုအပ်လာကြောင်း AI နည်းပညာနှင့်ပတ်သက်၍ လေ့လာသုံးသပ်သူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် အသက်မပြည့်သေးသူများ နှင့် နည်းပညာအကျွမ်းဝင်မှုမှာ ပိုမို မြင့်မားလာနေသည့်အတွက် သတိထားရန်လိုအပ်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုကြသည့် AI App များအနက် Geminiနှသ်ြ ChatGPT က အများဆုံးဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဆိုးကျိုးက နှစ်ပိုင်းခွဲပြောရမယ်ဆိုရင် Gemini က တစ်ပိုင်းပေါ့။ Gemini က ဘာလဲဆိုတော့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ စကားလုံးတွေ ဥပမာ Roleplay တွေ အဲဒီလိုဟာမျိုးတွေကအက ပိတ်တယ်။ တားဆီးတယ်ဆိုပေမယ့် ကိုယ်က Prompt ရေးရင် ရေးတတ်သလိုကျော်ပြီးတော့ သုံးလို့ရတဲ့ဟာမျိုးတွေဖြစ်လာတယ်။ သူတို့ ဒါကို ခွင့်မပြုဘူးဆိုပေမယ့် ထပ်ခါတလဲလဲ ရိုက်လို့ရှိရင် ခွင့်ပြုတာမျိုး။ ပြီးရင် သူပေးထားတဲ့ Version လေးတွေကို တစ်ချက် Change လိုက်တာနဲ့တင် ရတယ်ဆိုတာမျိုးပေါ့။ အဲဒီဟာတွေက ဒီခေတ်လူငယ်တွေ ပိုသိတယ်ပေါ့နော်။ အဲဒီဟာမျိုးတွေကို ပြောင်းပြီးတော့ သုံးလို့ရ နိုင်တာမျိုးတွေ ဖြစ်လာတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် ယခုနောက်ပိုင်း၌ အင်တာနက အသုံးပြုနေသည့်ကလေးများအတွက် မသင့်လျော်သော လိင်ပိုင်းဆိုင်ရာ ပြောဆိုနိုင်သော AI Application များ ရှိနေကြောင်း သိရသည်။
“တချို့ဟာတွေဆိုလို့ရှိရင် ဘယ်လောက်တောင်လဲဆိုရင် သူသတ်မှတ်ထားတဲ့ Character ပေါ် မူတည်ပြီးတော့ ဆိုးဆိုးရွားရွား လိင်ပိုင်းဆိုင်ရာတွေအထိ ပြောလို့ရနိုင်တဲ့အနေအထားမျိုးတွေ အထိ ရှိနေတဲ့ဟာတွေလည်း အခု ပေါ်နေတာကိုတွေ့ရတယ်။ ဆိုတော့ တချို့ဟာတွေဆိုလို့ရှိရင် အလကား နီးပါးလောက်ပေါ့နော်။ သတ်မှတ်ထားတာ ရှိပေမယ့် သူ့ရဲ့သတ်မှတ်ထားတဲ့ ပမာဏသုံးတာမျိုး မဟုတ် ဘဲနဲ့ သူ့ရဲ့ Free ပေးထားတဲ့ Limit အတွင်းမှာတင်ကို တော်တော်လေး ပြောလို့ရတဲ့အနေအထားမျိုး တွေ ရှိနေတယ်”ဟု ၎င်းကပြောသည်။
ထိုသို့ လိင်ပိုင်းဆိုင်ရာ ပြောဆိုနိုင်သည့် AI Application များကို ကလေးငယ်များ အသုံးပြုခြင်း များရှိလာပါက မဖြစ်သင့်သော ဘေးထွက်ဆိုးကျိုးများရှိလာနိုင်ကြောင်း ၎င်းကဆိုသည်။

“တခြားဟာတွေက နည်းနည်းကိစ္စမရှိဘူး။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဒီက လေးတွေ အတတ်မြန်သွားနိုင်တယ်ဆိုတဲ့ အဲဒီ အရွယ်မရောက်ခင်မှာ မသိသင့်တဲ့ဟာကို အရွယ်မ ရောက်ခင်မှာ သိသွားနိုင်တဲ့ ဘေးထွက်ဆိုးကျိုးကြီး ရှိနေတယ်”ဟု ၎င်းကပြောသည်။ ထို့ကြောင့် အ သက်မပြည့်သေးသည့် အင်တာနက်အသုံးပြုနေသော ကလေးများရှိပါက မိဘများအနေဖြင့် အထူးသ တိထားစောင့်ကြည့်သင့်ကြောင်း ၎င်းကပြောသည်။
“မိဘတွေအနေနဲ့ ဘာတွေသတိထား သင့်လဲဆိုလို့ရှိရင် မိဘတွေ ဒီနောက်ပိုင်း လုပ်သင့် တဲ့ဟာ ကလေးတွေရဲ့ အင်တာနက်သုံးတဲ့အပေါ်မှာ သတိထားစောင့်ကြည့်ဖို့လိုအပ်လာတယ်။ လိုအပ်လာတယ် ဆိုတာက ဥပမာ ပြောရမယ်ဆိုလို့ရှိရင် အဲဒီအခြေခံပညာ ကျောင်းတက်နေတဲ့ ကလေးတွေရဲ့ အင်တာ နက်သုံးစွဲတဲ့ဟာ သူတို့ရဲ့ အင်တာနက်သုံးစွဲတဲ့ပုံစံက ဘယ်လိုရှိလဲ။ behavior က ဘယ်လို ရှိလဲ။ သူတို့ ဘာတွေသုံးနေလဲဆိုတာမျိုးကို အထူးသတိထားဖို့လိုအပ်လာတယ်” ဟု ၎င်းက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UWSA မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးရမိသည့် ငွေကျပ် (၁) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အစိုးရထံလွှဲပြောင်းပေးအပ်
RELATED POSTS
05 Oct 2026 | နည်းပညာ,ပြည်တွင်း
05 Oct 2026 | နည်းပညာ,နိုင်ငံတကာ
04 Oct 2026 | နည်းပညာ,နိုင်ငံတကာ
02 Oct 2026 | နည်းပညာ,နိုင်ငံတကာ
