(၂၀၂၆ - ၂၀၂၇) ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၃)ပွဲ ကြိုသုံးသပ်ချက်များ
ရဲထက် (NSS) - စက်တင်ဘာ ၄
(၂၀၂၆ - ၂၀၂၇) ပရီးမီးယားလိဂ်ပွဲစဉ် တွေရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ရာသီသစ် ပွဲစဉ် တွေကတော့ တစ်ပွဲထက်တစ်ပွဲ ပိုကြည့်ကောင်း လာပြီဖြစ်သလို ပြိုင်ဆိုင်မှုအနေအထားကလည်း တ ကယ်ကို စောင့်ကြည့်ချင်စရာကောင်းတဲ့ ပွဲကောင်း တွေရှိနေပါတယ်။ ပွဲစဉ်(၃)ကို ရောက်ရှိလာပြီဖြစ် တာကြောင့်လည်း အသင်းကြီးတွေရဲ့ ခြေစွမ်း ခြေစနဲ့ ကစားသမားတွေရဲ့ အထိုင်ကျလာမှုတွေကိုပါ မြင်တွေ့လာရသလို ချန်ပီယံခြေစွမ်းရှိတဲ့ အသင်း ကြီးတွေရဲ့ အရိပ်အယောင်တွေကိုလည်း စတင်မြင် တွေ့လာရပြီလို့ဆိုနိုင်ပါတယ်။ ပိုပြီး ထူးခြားတာက ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အသင်းကြီးတွေ ကပဲ အသာစီးရနေတာမျိုးမဟုတ်ဘဲနဲ့ အသင်းငယ်တွေရဲ့ ခြေစွမ်းပိုင်းတွေကလည်း အသင်းကြီးတွေကို တုံ့ပြန် အားကောင်းလာတဲ့ပုံစံမျိုးတွေကို မြင်တွေ့လာရ ပါတယ်။ ဒါ့ပြင် ဒီရာသီမှာ ခြေစွမ်း ခြေစ ကောင်းသလို ချန်ပီယံဖြစ်ဖို့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ်ပွဲစဉ် (၃)ရဲ့ အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ပေးသွားချင်ပါတယ်။
အာဆင်နယ် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၂ - ၁ ချဲလ်ဆီး (၁ - ၃ -၂၀၂၆)
ချဲလ်ဆီး ၁ - ၁ အာဆင်နယ် (၃၀ - ၁၁ -၂၀၂၅)
အာဆင်နယ် ၁ - ဝ ချဲလ်ဆီး (၁၆ - ၃ -၂၀၂၅) NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၁ ချဲလ်ဆီး
အာဆင်နယ် ၁ - ၁ ချဲလ်ဆီး
အာဆင်နယ်အသင်းအတွက် ရာသီအစ ပိုင်းပွဲစဉ်(၃)မှာ ချဲလ်ဆီးအသင်းနဲ့ ထိပ်တိုက်တွေ့ ဆုံမှုက ဒီရာသီမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ခြေစွမ်းပိုင်းကို အဆုံးအဖြတ်ပေးနိုင်မယ့်ပွဲကောင်း တစ်ပွဲလို့ ဆို နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ချဲလ် ဆီးအသင်းက ဒီရာသီမှာ နည်းပြ ဇာဗီ အလွန်ဆိုရဲ့ လက်အောက် မှာ ပုံစံကောင်းပြသနေတဲ့ အသင်းတစ် သင်းဖြစ်ပြီး ကစားသမားတွေကလည်း ကြံ့ခိုင်မှုအနေအထား အရရော စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ အမြင့် ဆုံးအနေအထားတစ်ခုမှာရှိနေပါတယ်။ အထူးသဖြင့် တိုက် စစ်ပိုင်းက ကိုးပါးလ်မား၊ ယာအိုပက်ထရိုနဲ့ မော်ဂန်ရောဂျာတို့ အတွဲအဖက်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲဖြစ်လာဖို့ အရိပ်အယောင်တွေကို မြင်တွေ့လာရသလို တစ်ယောက်နဲ့ တစ် ယောက်ကြားက နားလည်မှုအနေ အထားကလဲ အမြင့်ဆုံးမှာရှိနေပါတယ်။ ဒါ့ပြင် နည်းပြ အလွန်ဆို လေဗာကူဆင်ကို ကိုင်တွယ်ခဲ့ ချိန်က ကစားဟန်တစ်ခုကိုလည်း ချဲလ်ဆီးအသင်းမှာ ပြန်လည်မြင်တွေ့ လာရသလို နောက်တန်းခံစစ်က အမှားတွေရှိရင်တောင် တိုက်စစ်ပိုင်းက အကောင်းဆုံးခြေစွမ်းပြပြီး နိုင်ပွဲတွေ ရယူဖို့လည်းရှိနေပါတယ်။ ပြောရရင် ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံကာကွယ်မှုကို အဟန့်အတားဖြစ်စေမယ့် အသင်းကောင်းတစ်သင်းဖြစ်လာဖို့ ရှိနေတဲ့သဘောပါ။ ဒါပေမဲ့ ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကိုင်စီဒို ဒဏ်ရာရနေသလို အန်ဇိုဖာနန် ဒက်စ်အနေနဲ့လည်း အသင်းမှာ ဆက်ရှိဖို့ မသေချာသေးတာကြောင့် ကွင်းလယ်ပိုင်းမှာတော့ အားလျော့ နေမှာ သေချာပါတယ်။ အာဆင်နယ်အသင်းကတော့ နည်းပြအာတီတာ အချိန်ယူတည်ဆောက်ခဲ့ရတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းတည်ငြိမ်သလို ကစားသမားတွေအနေနဲ့ လည်း အတည်ငြိမ်ဆုံး ပုံစံမှာ ရှိနေပါတယ်။ ဒါ့ပြင် ကစားပွဲတစ်ပွဲကို အနိုင်ရအောင် ဘယ်လိုကစားရ တယ်ဆိုတဲ့ ချန်ပီယံခြေစွမ်းမျိုးကို အာဆင်နယ်ကစားသမားတွေဆီမှာ မြင်တွေ့နေရသလို နိုင်ပွဲတွေဆို တာကလည်း အာဆင်နယ် အသင်းအတွက် မထူးဆန်းတော့တဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ် အသင်းအနေနဲ့ ပွဲစဉ် (၃)မှာ ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံနေတာက တစ် ဖက်မှာပြန်ကြည့်ရင်တော့ အစောပိုင်းပွဲစဉ်မှာတွေ့တာက ပိုကောင်းတယ်လို့ဆိုနိုင်ပေမယ့် တစ်ဖက်မှာ ပြန်ကြည့်ရင်လည်း ဒီပွဲစဉ် မှာသာ ချဲလ်ဆီးအသင်းကို ရှုံးခဲ့ရင် အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းဖြစ်တာကြောင့် စိတ်ဓာတ်ပိုင်းဆိုင် ရာ ထိခိုက်နိုင်သလို ချဲလ်ဆီးအသင်းအတွက်လည်း အရှိန်အဟုန်ကောင်းတစ်ခုကို ဖန်တီးပေးသလိုဖြစ် သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်ကို ခန့်မှန်းရရင် ချဲလ်ဆီးအသင်းက အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက် ပိုင်းကစပြီး ပြိုင်ပွဲစုံ (၁၂)ပွဲရင်ဆိုင်ခဲ့ရာမှာ တစ်ပွဲမှအနိုင်ရခဲ့တာမျိုးမရှိသလို (၃)ပွဲသရေကျပြီး (၉)ပွဲအထိ ရှုံးနိမ့်ထားတာကိုတွေ့ရပါတယ်။ ဒါ့ပြင် ခြေစွမ်းပိုင်းနဲ့ တည်ငြိမ်မှုအနေ အထားအရကလည်း အာဆင်နယ်အသင်းကပဲ ပိုကောင်းတဲ့အပြင် အိမ်ကွင်းလည်းဖြစ်နေတာကြောင့် ဒီပွဲစဉ်က အပြန်အလှန်သွင်းဂိုးနည်းပြီး သရေကျသွားနိုင်သလို နိုင်ပွဲ အနေနဲ့ဆိုရင်တော့ အာဆင်နယ် အသင်းကပဲ တစ်ဂိုးလောက်အသာနဲ့ နိုင်ပါမယ်။
အဲဗာတန် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အဲဗာတန် ဝ - ၁ မန်ယူ (၂၄ - ၂ -၂၀၂၆)
မန်ယူ ဝ - ၁ အဲဗာတန် (၂၅ - ၁၁ -၂၀၂၅)
မန်ယူ ၂ - ၂ အဲဗာတန် (၄- ၈ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အဲဗာတန် ၂ - ၂ မန်ယူ
အဲဗာတန် ၁ - ၂ မန်ယူ
ဒီရာသီမှာ မန်ယူအသင်းရဲ့ အနာဂတ်ဟာ နည်းပြ မိုက်ကယ် ကားရစ်လက်ထဲကို အပြည့်အဝ ရောက်ရှိသွားခဲ့ပြီဖြစ်တာကြောင့် ဖိအားတွေကို စတင်ရင်ဆိုင်လာရတဲ့ ရာသီတစ်ခုဖြစ်လာပါတယ်။ ရာသီဝက်မှာ ကိုင်တွယ်ခဲ့ရတဲ့ အခြေအနေနဲ့ ရာသီအစပိုင်းမှာ ကိုင်တွယ်ရတဲ့ ခက်ခဲမှုတွေက ဘယ်လိုမှ တူညီနိုင်မှာ မဟုတ်ပါဘူး။ အဓိက ပြောစရာအချက်အနေနဲ့ကတော့ နည်းပြ မိုက်ကယ်ကားရစ်အနေနဲ့ ပြီးခဲ့တဲ့ ရာသီဝက်မှာ ကိုင်တွယ်ခဲ့ချိန်မှာ အသင်းရဲ့ကစားကွက်မှာ လိုက်ပါစီးမျောခဲ့ကြတဲ့ ကစားသမား အများစုကို ချန်လှပ်ခဲ့ပြီး ကစားသမားအသစ်တွေကို ချက်ချင်းထည့်ကစားလိုက်တဲ့ အနေအထားမျိုးတွေ ရှိခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ကွင်းလယ်ပိုင်း ဖြစ်ပြီး ဘောလုံးပွဲတစ်ပွဲရဲ့ အသက်သွေး ကြောဖြစ်တဲ့ ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက်စ်ကလွဲရင် ကစား သမားသစ်တွေဖြစ်တဲ့ အန်ဒရေ ဆန်းတို့စ်နဲ့ တိုင် လီ မန်တို့ဟာ ပုံမှန်ခြေစွမ်းအောက်မှာ ရှိနေတဲ့အချက်ပါ။ အဲဒီအတွက်ကြောင့် ပြိုင်ဘက်အသင်းတွေ ဘက်ကို သွင်းဂိုးတွေရရှိဖို့ မဖန်တီးနိုင်သလို တစ်ဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်လမ်းကြောင်းတွေကို လည်းတား ဆီးနိုင်စွမ်းမရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ခံစစ်ပိုင်းမှာလည်း မက်ဂွိုင်းယားတစ်ယောက်ပဲ အဆင်ပြေပြီး အေဒင်ဟဲဗန်းက အမှားများတာကြောင့် တိုက်စစ် လိုက်ပါမှုတွေမှာလည်း ခက်ခဲမှုတွေရှိခဲ့ တာဖြစ်ပါတယ်။ ပြောရရင် မန်ယူအသင်းဟာ တစ်ဦးတစ်ယောက်ချင်း စွမ်းဆောင်ရည်ကောင်းတွေကို သာ မြင်တွေ့ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တစ်သင်းလုံးအတက်အဆင်းမှန်မှန်နဲ့ ကစား တတ်တဲ့ ကစားဟန်တစ်ခုကို မမြင်တွေ့ရတော့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းကတော့ နည်းပြ မိုယက်စ် ပြန်လည်ကိုင်တွယ်ထားတာကြောင့် ကစားပုံအရ ပြန်လည်တည်ငြိမ်လာသလို ခြေစွမ်းပိုင်းက လည်း ကောင်းမွန်တဲ့ပုံစံမျိုးမှာရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရကြည့်ရင် ပြီးခဲ့တဲ့ရာသီမှာ မန်ယူ အသင်းက အသားစီးရယူထားခဲ့တာကိုတွေ့ရပြီး ခြေစွမ်းပိုင်းကလည်း သာလွန်ကောင်းမွန်ခဲ့တာကို တွေ့ ရပါတယ်။ ဒါပေမဲ့လည်း လက်ရှိရာသီမှာတော့ မန်ယူအသင်းရဲ့ ခြေစွမ်းပိုင်းက မေးခွန်းထုတ်စရာ ဖြစ် လာတဲ့အပြင် အဲဗာတန်အသင်းရဲ့ အိမ်ကွင်းလည်းဖြစ်တာကြောင့် ဒီပွဲစဉ်က အပြန်အလှန်သွင်း ဂိုးနည်း ပြီး သရေကျသွားနိုင်ပါတယ်။ နိုင်ပွဲအနေ နဲ့ဆိုရင်တော့ တစ်ဦးကောင်းတစ်ယောက်ကောင်း ကစား သမားအများစုရှိနေတဲ့ မန်ယူအသင်းက(၁) ဂိုးလောက်အကွာနဲ့ နိုင်ပါမယ်။
အစ်ဝှစ်ချ်တောင်း Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၄ - ၁ အစ်ဝှစ်ချ်တောင်း(၂၅-၁-၂၀၂၆)
အစ်ဝှစ်ချ်တောင်း ဝ-၂ လီဗာပူးလ်(၁၇- ၈ -၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ဝ အစ်ဝှစ်ချ်တောင်း
လီဗာပူးလ် ၃ - ၁ အစ်ဝှစ်ချ်တောင်း
လီဗာပူးလ်အသင်းအနေနဲ့ကတော့ ဒီရာ သီမှာ နည်းပြသစ်ကိုခန့်အပ်ထားတာဖြစ်လို့ ကစား သမားတွေရဲ့ အရည်အသွေးနဲ့ ကစားပုံ ကစားပေါက်ကိုနည်းပြအနေနဲ့ စမ်းသပ်အသုံးပြုနေတဲ့ သဘော မျိုးဖြစ်နေပါတယ်။ အထူးသဖြင့် နည်းပြ အာရားအိုးလားရဲ့ ကစားကွက်အခင်းအကျင်းတစ်ခုကို စောင့် ကြည့်နိုင်ဖို့ အချိန်တစ်ခုလိုအပ်မှာဖြစ်သလို နည်းပြနဲ့ ကစားသမားကြားက နားလည်မှုတစ်ခုရဖို့ အနည်း ငယ်စောင့်ကြည့်ရဦးမယ့် ပုံစံမျိုးဖြစ်ပါတယ်။ ဒါပေမဲ့လည်း လီဗာပူးလ်အသင်းမှာရှိနေတဲ့ လူစာရင်းပိုင်း နဲ့ ကစားသမားတစ်ယောက်ချင်းစီက တကယ်ကို ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေသလို နည်းပြသစ် ရဲ့ကစားကွက်နဲ့ အသင်းရဲ့ကစားသမားတွေ အလျင်အမြန်အထိုင်ကျလာခဲ့ရင် လီဗာပူးလ်အသင်း က လည်း စောင့်ကြည့်ချင်စရာကောင်းတဲ့ အသင်းကောင်းတစ်သင်းဖြစ်လာဖို့ရှိနေပါတယ်။ နောက်ထပ် ပြောစရာရှိတာက လက်ရှိရာသီမှာ ပရီးမီးယားလိဂ် အသင်းကြီးအများစုက နည်းပြသစ်တွေခန့် အပ်ထား ကြသလို အဲဒီနည်းပြသစ်တွေနဲ့ ရာသီသစ်တစ်ခုကိုစတင်နေရတဲ့ အနေအထားမျိုးမှာ အာဆင်နယ် တစ် သင်းတည်းကပဲ နည်းပြကလဲ (၅)နှစ်လောက် အချိန်ယူပြင်ဆင်ထားတဲ့အသင်းဖြစ်တာကြောင့် အတည် ငြိမ်ဆုံးပုံစံမှာ ရှိနေပါတယ်။ ကျန်တဲ့ အသင်းကြီးတွေမှာတော့ နည်းပြသစ်တွေရဲ့ အားပြိုင်မှုတွေများ လာတဲ့ ရာသီတစ်ခုဖြစ်ပြီး ပြိုင်ဆိုင်မှုတွေကလည်း တကယ်ကို စောင့်ကြည့်ချင်စရာ ပွဲကောင်းတွေ ဖြစ် လာဖို့ရှိနေပါတယ်။ ဒါကြောင့် လီဗာပူးလ် အသင်းအနေနဲ့လည်း နည်းပြသစ် အာရားအိုးလာရဲ့ ကစား ဟန်တစ်ခုကို နောက်ပိုင်းပွဲစဉ်တွေမှာ လေ့လာအကဲဖြတ်ရဖို့ရှိနေပါတယ်။ အစ်ဝှစ်ချ်တောင်းအသင်း ကတော့ ဒီရာသီမှာ တန်းတက်လာတဲ့ အသင်း (၃)သင်းထဲက တစ်သင်းဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့ ယှဉ် လိုက်ရင် အဘက်ဘက်က အားနည်းတဲ့အသင်း ဖြစ်ပါတယ်။ ဒါ့ပြင် ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း လီဗာပူးလ်အသင်းကပဲ ခြေပြတ်ဂိုးပြတ်ရလဒ်တွေနဲ့ နိုင်ပွဲရယူထားတာကြောင့် ဒီပွဲစဉ်က လီဗာပူးလ် အသင်းရဲ့ အနိုင်(၃)မှတ်သေချာတဲ့ ပွဲကောင်းတစ်ပွဲ လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အစ်ဝှစ်ချ်တောင်းရဲ့ အိမ် ကွင်းဖြစ်တာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ အနည်းငယ်ရုန်းကန်လာရနိုင်ပါတယ်။
မန်စီးတီး Vs ကိုဗင်ထရီ
NPNews အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ဝ ကိုဗင်ထရီ
မန်စီးတီး ၃ - ဝ ကိုဗင်ထရီ
မန်စီးတီးအသင်းအနေနဲ့ကတော့ နည်းပြ အန်ဇိုမာရက်စကာ လက်ထက်မှာ အကောင်းဆုံးပုံစံ မျိုးမဟုတ်ရင်တောင် နိုင်ပွဲတွေတော့ ဖော်ဆောင်နိုင် နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ခြေ စွမ်းပိုင်းတွေကို မီနိုင်ဖို့တော့ အနည်းငယ်လိုအပ်ချက် တွေများနေပေမယ့် နည်းပြ ဂွာဒီယိုလာလက်ထက် က မန်စီးတီးအသင်းကို မီဖို့ဆိုတာက အချိန်တစ်ခုလိုအပ် ဦးမှာပါ။ အထူးသဖြင့် မန်စီးတီးအသင်းဟာ နည်းပြ အန်ဇိုမာရက်စကာရဲ့ မတူညီတဲ့ကစားကွက်နဲ့ အ သင်းတစ်သင်းကို ပုံဖော်လာရမှာဖြစ်ပြီး မန်စီး တီးအသင်းကို အောင်မြင်မှုတွေဆီကို ပြန်လည်ပို့ဆောင် ပေးဖို့လိုအပ်တာဖြစ်ပါတယ်။ ဒီအချက်တွေ ပြည့်စုံဖို့ဆိုရင် အချိန်ကာလအတိုင်းအတာတစ်ခုပေးဖို့ လိုအပ်မှာဖြစ်သလို နောက်ပိုင်းပွဲစဉ်တွေမှာ မန် စီးတီးအသင်းရဲ့ ကစားဟန်အသစ်တစ်ကိုပါ စောင့် ကြည့်ရဦးမယ့်သဘောမှာရှိနေပါတယ်။ မန်စီးတီးအ သင်းမှာ အရင်က ဘာနာဒိုဆေးလ်ဗားတို့လို နေရာစုံ လိုက်ကစားပေးနိုင်တဲ့ ကစားသမားတွေအပြင် ရိုဒရီ လိုမျိုး ကွင်းလယ်ရဲ့ဟန်ချက်ကို ထိန်းထားပေးနိုင်တဲ့ ကစားသမားတွေရှိခဲ့တာကြောင့် ဘောလုံးကို ကိုင် ကစားပြီး လိုသလိုကစားတတ်တဲ့ ဟန်တစ်ခုရှိခဲ့တာပါ။ ဒီအချက်တွေကို နည်းပြအန်ဇိုမာရက် စကာ လက်ထက်မှာ ကစားနေဆဲဖြစ်ပေမယ့် ကစားသမားတွေရဲ့အရည်အသွေးပိုင်းလိုအပ်ချက်တွေက တော့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မန်စီးတီးအသင်းဟာ လိုအပ်တဲ့နိုင်ပွဲတွေကိုရယူထားနိုင်တာ ကြောင့် ဒီရာသီမှာလည်း မဖြစ်မနေ စောင့်ကြည့်ချင်စရာကောင်းတဲ့ အသင်းကောင်းတစ်သင်းဖြစ်နေဆဲ ပဲလို့ ဆိုနိုင်ပါတယ်။ ကိုဗင်ထရီကတော့ တန်းတက်လာတဲ့ အသင်းတွေထဲမှာ အကောင်းဆုံးအသင်းဆို ပေမယ့် လက်ရှိအချိန်မှာ ပွဲကျပ်ကာလတစ်ခုကို ရင်ဆိုင်နေရပြီး ချဲလ်ဆီးအသင်းနည်းပြဟောင်း လမ်း ပတ်အနေနဲ့ ကိုဗင်ထရီနဲ့အတူ ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်က ခြေစွမ်းတွေကိုပြသဖို့ အနည်းငယ် ရုန်းကန် နေရဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ထိပ်တိုက်တွေ့ဆုံမှု လုံးဝမရှိထားတဲ့ အသင်းတွေဖြစ်တာကြောင့် လျှော့ တွက်လို့မရတဲ့အနေအထားမှာ အိမ်ကွင်းအားသာချက် ရှိနေတဲ့ မန်စီးတီးအသင်းက ဂိုးပြတ်ရလဒ်နဲ့ နိုင်ပွဲ ရပါမယ်။
၆ - ၉ - ၂၀၂၆ (တနင်္ဂနွေနေ့)
ည (ရးဝဝ) အဲဗာတန် Vs မန်ယူ
ည(၁၁းဝဝ) အာဆင်နယ် Vs ချဲလ်ဆီး
၅-၉-၂၀၂၆ (စနေနေ့)
နံနက်(၁း၃၀) အစ်ဝှစ်ချ်တောင်း Vs လီဗာပူးလ်
ည (၈း၃၀) မန်စီးတီး Vs ကိုဗင်ထရီ
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်အာဖရိက ဝမ်းဗိုက်တွင်းက ဘုရင့်နိုင်ငံငယ်လေး
RELATED POSTS
05 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
