လူငယ်ဘောလုံးဖွံ့ဖြိုးရေးအတွက် Regional Training Center (၈) ခု တိုးချဲ့ဖွင့်လှစ်မည်
စိမ့်စမ်းရေ (NSS) - စက်တင်ဘာ ၃
မြန်မာနိုင်ငံတစ်ဝန်းရှိ အရည်အချင်းရှိသည့် လူငယ်ဘောလုံးကစားသမားများ ပေါ်ထွက်လာစေရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့ ပူးပေါင်း၍ Regional Training Center ဒေသအလိုက် လေ့ကျင့်ရေးစင်တာများကို (၈) ခုအထိ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
MFF အနေဖြင့် မော်လမြိုင်၊ နေပြည်တော်၊ ကချင်၊ မန္တလေး၊ တောင်ကြီးနှင့် ဧရာဝတီတို့တွင် ပြီးခဲ့သည့်နှစ်မှစတင်၍ Regional Training Center များ ဖွင့်လှစ်ကာ ဒေသအလိုက် လူငယ်ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးနှင့် ဘားအံတို့၌ ယခုနှစ်တွင် Regional Training Center များကို ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒေသအလိုက် လေ့ကျင့်ရေးစင်တာ စုစုပေါင်း (၈) ခုအထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် Regional Training Center များအတွက် အသက် (၁၄) နှစ်အောက် အမျိုးသားနှင့် အမျိုးသမီး လူငယ်ကစားသမား ရွေးချယ်ပွဲများကို သတ်မှတ်ထားသည့် ဒေသများ၌ ကျင်းပခဲ့ပြီး ရွေးချယ်ခံရသည့် ကစားသမားများကို သက်ဆိုင်ရာ Regional Training Center များတွင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ဘောလုံးအနာဂတ်အတွက် အရည်အသွေးပြည့်ဝသည့် လူငယ်မျိုးဆက်များ ပေါ်ထွက်လာစေရန် Regional Training Center အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံထောင့်ရှိ အမှိုက်ကန်နေရာအား မြို့အင်္ဂါရပ်နှင့်ကိုက်ညီမှုမရှိ၍ ပိတ်သိမ်း
RELATED POSTS
05 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
