မြန်မာနှင့်ရုရှားအကြား လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး
စိမ့်စမ်းရေ (NSS) - စက်တင်ဘာ ၃
မြန်မာနှင့်ရုရှားနိုင်ငံတို့အကြား လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များတွင် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရုရှားနိုင်ငံ၊ ရုရှားအရှေ့ဖျား ဖက်ဒရယ်တက္ကသိုလ်နယ်မြေရှိ အဆောက်အအုံ၌ ယမန်နေ့ (စက်တင်ဘာ ၂ ရက်) က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီ အမှုဆောင်အတွင်းရေးမှူးချုပ် မစ္စတာ ဆာမတ် ဆတ်ဗော်လ်ဒီနော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံကို အချက်အချာနေရာတစ်ခုအဖြစ် ရွေးချယ်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာနှင့်ရုရှားနိုင်ငံတို့အကြား လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များတွင် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ စက်မှုကဏ္ဍတွင် နည်းပညာမြင့် Robotic လုပ်ငန်းများနှင့် ဒီဂျစ်တယ်နည်းပညာအသုံးပြုသည့် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ဒီဂျစ်တယ်နည်းပညာဖြင့် ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ Online ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် လူမှုစီးပွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ကျပ်ဘီလျံ (၄၀) ကျော် ကုန်ကျမည်ဟု ခန့်မှန်း
RELATED POSTS
05 Oct 2026 | နည်းပညာ,ပြည်တွင်း
05 Oct 2026 | နည်းပညာ,နိုင်ငံတကာ
04 Oct 2026 | နည်းပညာ,နိုင်ငံတကာ
02 Oct 2026 | နည်းပညာ,နိုင်ငံတကာ
