Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှမ်းယူနိုက်တက်နှင့်ပြိုင်ပွဲအတွင်း ဆဲဆိုခဲ့သည့် အောင်ကောင်းမာန်ကို YCFC က ဒဏ်ကြေးငွေသိန်း (၃၀) ချမှတ်


သန့်ဇင်(NSS)-စက်တင်ဘာ ၂

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်စီးတီးအသင်းတို့ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀) ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာလိဂ်ပြိုင်ပွဲအတွင်း ဆဲဆိုခဲ့သည့် အောင်ကောင်းမာန်ကို မိခင်အသင်း YCFC က ဒဏ်ကြေးငွေသိန်း (၃၀) ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အတွင်း မြန်မာလိဂ်ပွဲစဉ်(၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်စီးတီးအသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့်ကျင့်ဝတ်ကော်မတီ မှ စက်တင် ဘာလ ၁ ရက်နေ့တွင် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်စီးတီးအသင်းသည် ယခုနှစ် မြန်မာလိဂ်ပြိုင်ပွဲသို့ တက်လှမ်းယှဉ်ပြိုင်ခွင့် ရရှိထားသည့် အသင်းဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကလပ်အသင်းတစ်သင်း၏ စံနှုန်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ရန်ကုန်စီးတီးအသင်း ကစားသမား အောင်ကောင်းမာန် ၏ အပြုအမူနှင့် ပတ်သတ်ပြီး ရန်ကုန်စီးတီးအသင်း စည်းကမ်းထိန်းသိမ်း ရေးကော်မတီဖြင့် ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ ဆဲရေးခဲ့သည်ကို သိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

ထို့ကြောင့် အလားတူဖြစ်စဉ်များ နောက် ထပ်မံမဖြစ်ပွားစေရန် နှင့် စည်းကမ်းနှင့်အညီ ပါဝင်ယှဉ်ပြိုင်သွားရန်အတွက် ရန်ကုန်စီးတီးအသင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် ကစားသမား အောင်ကောင်းမာန် အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အောင်ကောင်းမာန်လက်ရှိကစားနေသည့် မိခင် ရန်ကုန်စီးတီးအသင်းကလည်း ပြင်းထန်စွာသတိပေးခြင်း နှင့် ဒဏ်ကြေးငွေ သိန်း ၃၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြစ်ဒဏ်ချမှတ်ခံသည့် အောင်ကောင်းမာန်သည် မြန်မာ့လက်ရွေးစင်ကစားသမားဖြစ်ပြီး လက်ရှိတွင် အသက် (၂၈) နှစ်ရှိပြီဖြစ်ကာ ယခင်က ပြည်တွင်းပြည်ပ ကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းစစ်ပွဲမှာ အမေရိကန်ကသုံးစွဲခဲ့တာတွေနဲ့ယှဉ်ရင် အီရန်စစ်ပွဲက ဘာမှဟုတ်မနေဘူးလို့ ဒေါ်နယ်ထရမ့်ပြော

RECENT POSTS
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved