Polytechnic University (မအူပင်)၊ Project Show (2026)ပြပွဲ၌ Engineering နှင့် Computing ဆိုင်ရာ Project စုစုပေါင်း (၁၁၄) ခု ပါဝင်ပြခဲ့
ပုလဲ (NSS) - စက်တင်ဘာ ၁
Polytechnic University (မအူပင်)၊ Project Show (2026)ပြပွဲ၌ Engineering နှင့် Computing ဆိုင်ရာ Project စုစုပေါင်း (၁၁၄) ခု ပါဝင်ပြခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (သြဂုတ် ၃၁ရက်)၊ နံနက်ပိုင်းက Polytechnic University (မအူပင်) တွင် (၂၀၂၅-၂၀၂၆)- (၂၀၂၆-၂၀၂၇) ပညာသင်နှစ်၊ Project Show (2026) ပြပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်နှင့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက သင်ယူလေ့လာခဲ့သည့် ပညာရပ်များကို အခြေခံ၍ ဆန်းသစ်တီထွင် ထားသော Engineering နှင့် Computing ဆိုင်ရာ Project စုစုပေါင်း (၁၁၄) ခု ပါဝင်ပြသခဲ့ပြီး ဆုရရှိသည့် Project များအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စီးပွားရေးအတွက် အရေးပါသော ဒေသတစ်ခုဖြစ်သည့်အတွက် မိမိတို့၏ နည်းပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်ရန် အထူးအရေးကြီး ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဒေသ၏ လက်တွေ့လိုအပ်ချက်များကို လေ့လာ သုံးသပ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ MSME များ၊ စက်မှုလုပ်ငန်းများနှင့် ပြည်သူများ၏ နေ့စဉ်ဘဝတွင် အမှန်တကယ်အသုံးဝင်နိုင်မည့် နည်းပညာဆန်းသစ် တီထွင်မှုများကို ဆက်လက် ဖန်တီးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့အတူ ပြသထားသော Project များမှ အောင်မြင်သော စိတ်ကူးများနှင့် တီထွင်မှုများကို ဆက်လက် အဆင့်မြှင့်တင်၍ လက်တွေ့အသုံးချနိုင်သော ထုတ်ကုန် များနှင့် ဝန်ဆောင်မှုများအဖြစ် ဖွံ့ဖြိုးလာစေရန်လည်း မျှော်လင့်ကြောင်းနှင့် ထိုမှတစ်ဆင့် တက္ကသိုလ်များ၊ အစိုးရဌာနများ၊ စက်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုလအတွင်း အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်
RELATED POSTS
05 Oct 2026 | နည်းပညာ,ပြည်တွင်း
05 Oct 2026 | နည်းပညာ,နိုင်ငံတကာ
04 Oct 2026 | နည်းပညာ,နိုင်ငံတကာ
02 Oct 2026 | နည်းပညာ,နိုင်ငံတကာ
