Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယခုနှစ် M League အတွက် ကစားသမားခေါ်ယူရာတွင် လက်မှတ်ထိုးကြေး သိန်း (၁၅၀ဝ) နှင့် လစာ သိန်းရာချီရသည့် ကစားသမားများရှိဟုဆို

သန့်ဇင် (NSS) - စက်တင်ဘာ ၁

ယခုနှစ် M League အတွက် ကစားသမား ခေါ်ယူရာတွင် လက်မှတ်ထိုးကြေးသိန်း(၁၅၀ဝ)နှင့် လစာ သိန်းရာချီရသည့် ကစားသမားများရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြီးခဲ့သည့် ဩဂုတ်လ (၂၄)ရက်က ရန်ကုန်မြို့၊ Novotel Yangon Max Hotel တွင်ကျင်းပသည့် မြန်မာ နေရှင်နယ်လိဂ်၏ ကော်မတီအစည်းအဝေးနှင့် Logo အသစ်မိတ်ဆက်ပွဲ၊ Official Partnership Signing Ceremony ၌ ပြောကြားခဲ့သည်။


ယခုနှစ်တွင်ကျင်းပမည့် M League အတွက် ပြည်ပကလပ်များတွင် ထွက်ခွာကစားနေသည့် ကစားသမားများလည်း ပြန်လည်ပါဝင် ကစား မည်ဖြစ်ရာ နိုင်ငံခြားတွင်ပြသခဲ့သည့် ခြေစွမ်းများ နည်း တူ ကစားပေးစေလိုကြောင်း ဦးဇော်ဇော်က ဆို သည်။ ထို့ပြင် ယခုနှစ် M League အတွက် ကလပ် အသင်းများမှ ပြည်တွင်း၊ ပြည်ပကစားသမားသစ်များခေါ်ယူရာတွင် လက်မှတ်ထိုးကြေးပင် သိန်း (၁၅၀ဝ)နှင့် သိန်း(၁၀ဝဝ)ရရှိကြသည့် ကစားသမားများရှိကြောင်း ဦးဇော်ဇော်က ဆိုသည်။

“ဘောလုံးကန်လို့ ပြည့်စုံပါ့မလား။ ဘောလုံးကန်လို့ အဆင်မပြေပါဘူးလေ ဆိုတဲ့လူတွေကို ကျွန်တော်ဒီနေရာကနေ Message တစ်ခုပေးချင်ပါတယ်။ ဒီနှစ်မှာ sign agreement မှာကိုပဲ သိန်း (၁၅၀ဝ)လောက်ရတဲ့ Player ရှိပါတယ်။ သိန်း (၁၀ဝဝ)ရတဲ့ Player ရှိပါတယ်။ တချို့တွေဆိုရင် လစာ (၇၅)သိန်း (၁၅၀)ရတဲ့သူရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ တကယ်ကြိုးစားရင် နိုင်ငံခြားထွက် ကစားလို့ ရှိရင် ဒီထက်လည်း အများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ Player တွေအားလုံးကိုလည်း ကိုယ့်ကိုယ် ကိုယ် နေရာတစ်ခုရောက်အောင် မင်းတို့ပိုကြိုးစားလေ ပိုကောင်းလေပါ”ဟု MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြော ကြားခဲ့သည်။


ထို့ပြင် မြန်မာဘောလုံးကလပ်အသင်းများ အနေဖြင့် မပြည့်စုံသည့်ကြားမှ ကစားသမားများ အဆင်ပြေစွာကစားနိုင်ရန် ဖန်တီးပုံဖော်ပေးနေ ရခြင်းဖြစ်ပြီး မည်သည့်ရပိုင်ခွင့်မှမရှိဘဲ ပေးဆပ်နေ ရခြင်းသာဖြစ်ကြောင်း ဦးဇော်ဇော်က ဆိုသည်။

“ငါတို့ဒီဟာကိုမဖြစ်မနေ လုပ်ရတဲ့အပိုင်းမှာ ဒီကလပ်အသင်း ပိုင်ရှင်တွေက ဘာတစ်ခုမှ ပြန် မရဘူး။ ဒါပေမဲ့ သူတို့ပေးဆပ်တယ်။ အဲဒီအတွက်လည်း ကျွန်တော့်အနေနဲ့ ဒီနေရာကနေပြီးတော့ ကလပ်အသင်းထောင်ပေးတဲ့သူတွေအကုန်လုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်”ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

အလားတူ မြန်မာ့ဘောလုံးလောကရပ်တည်ရန်အတွက် တစ်နှစ်လျှင် ငွေကျပ်(၃၅) ဘီလျံသည် မဖြစ်မနေလိုအပ်ပြီး ဘောလုံးအဖွဲ့ချုပ်၏ အသုံးစရိတ်သည်လည်း တစ်နှစ်ကျပ် (၅) သန်းအထိ သုံးစွဲရ ကြောင်း ဦးဇော်ဇော်က ဖွင့်ဟခဲ့သည်။ 

“ပြင်ဆင်စရိတ်နဲ့ ကျန်တဲ့အပိုင်းတွေက ပူးပေါင်းပြီးတော့ဆောင်ရွက်တဲ့အတွက်ကြောင့် ကျွန် တော်တို့အနေနဲ့ ဒီဘောလုံးအဖွဲ့ချုပ်မဟုတ်ဘဲနဲ့ League ပြိုင်ပွဲကျင်းပတာချည်းပဲကို (၁)နှစ်ကို (၃၅) ဘီလျံလောက်မရှိရင် ကျွန်တော်တို့ လုပ်လို့မရပါဘူး။ ဒါကျွန်တော်တို့အနေနဲ့ League ပဲပြောတာ Federation ကလည်း အသုံးစရိတ်က တစ်နှစ်ကို ကျွန်တော်တို့အနေနဲ့ (၅)သန်း(၄) သန်းလောက်သုံး ရပါတယ်။ ကျွန်တော်တို့ (၃၅) ဘီလျံလောက်မရှိရင် ဘောလုံးလောက ရပ်တည်လို့ လုံးဝမရပါဘူး။ ဒီ (၃၅) ဘီလျံက U-12 ၊ U-13 ၊ U-15 ၊ အကယ်ဒမီ Women ၊ U-17 ၊ U-19 ၊ U-22 ၊ U-23 နဲ့ လက်ရွေးစင် Men ၊ Women ၊ ဖူဆယ် အားလုံး ပြိုင်ပွဲကို လည်ပတ်ပြီးတော့သွားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ တစ်နှစ်အသုံးစရိတ်က (၃၅) ဘီလျံ လောက်ရှိတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့နောက် ယခုနှစ်တွင် Football For School Project ကို စတင်အကောင်အထည်ဖော်မည် ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်အတာဖြင့် ပြိုင်ပွဲများ ကျင်းပပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လည်း ဦးဇော်ဇော်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့က လိဂ်တွေလို့ပြောလို့ရှိရင် U-15 လိဂ် ရှိပါတယ်။ ကျွန်တော်တို့ ဒီနှစ်မှာ Football For The School Project ကို စလုပ်ပါတယ်။ ဒါလေးကို အားလုံးကို Sharing လုပ်တာပါ။ ကျွန်တော်တို့နိုင်ငံမှာ အားကစားကို (၁၃) နှစ်နဲ့ကစား တဲ့အချိန်မှာ နိုင်ငံအတော်များများက (၆) နှစ် (၈) နှစ်လောက် စပြီးကစားတယ်။ ဒီနှစ် ရက်(၁၀ဝ) စီမံကိန်းထဲမှာလည်း Football For School ဆိုတဲ့ ပရောဂျက်ထည့်ထားပြီးတော့ လုပ်ဖြစ်ပါတယ်။ Under 15 School Football ကျွန်တော်တို့ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ပြိုင်လို့ရတဲ့အထိ ကျောင်းသားတွေကို ဘောလုံးကစားစေချင်ပါတယ်”ဟု ဦးဇော်ဇော် က ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းသည် ကလေးငယ်များ ဘောလုံးကစားခြင်းမှ စုစည်းစွာနေထိုင်တတသည့် စိတ်ဓာတ်နှင့် ဥပဒေအောက်တွင် နေထိုင်တတ်သည့် စိတ်ဓာတ်များရရှိရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်းလည်း MFF ဥက္ကဋ္ဌက ဆိုသည်။

“ကျွန်တော်တို့ရအောင် ကျွန်တော်တို့ကလေးတွေကို နောက်ပြီးရှုံးသွားလည်း နောက်တစ်နေ့ ပြန်ကစားလို့ရအောင် ကျရှုံးသွားတိုင်းလည်း လဲမသွားတဲ့စိတ်ဓာတ်မျိုးကို ကျွန်တော်တို့ လူငယ်တွေမှာ ရပါမယ်။ ဒါကြောင့် ဘောလုံးအားကစားကို ကျောင်းတွေမှာ ပြန်ကစားဖို့အတွက် ကျွန်တော်တို့ တိုက် တွန်းထားပါတယ်”ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

လက်ရှိပြည်တွင်းလိဂ်များတွင် ကစားကြသည့် ကစားသမားအချို့သည် လစာအ နေဖြင့် ကျပ်သိန်း (၅၀)၊ ကျပ်သိန်း(၇၀)နှင့် ကျပ် သိန်း(၁၀ဝ)ရရှိသူများလည်းရှိသည့်အတွက် ဘဝအာမခံချက်ရှိရာ လူငယ်များ စံနမူနာယူထိုက်သူ များအဖြစ် ဆက်လက်ကြိုးစားသွားရန်လည်း ဦး ဇော်ဇော်က တိုက်တွန်းခဲ့သည်။

ယခုနှစ်တွင် ယခင်မြန်မာနေရှင်နယ်လိဂ် ကို ြ ူနေါကန  အဖြစ်ပြောင်းလဲခြင်း၊ ပြည်ပကစား သမားများအား ခေါ်ယူအားဖြည့်ခြင်းနှင့် မိတ်ဆက် ခြင်းများကိုလုပ်ဆောင်လာခဲ့သည်ကို တွေ့ရပြီး ပြိုင်ပွဲကစားမည့် ကွင်းများကိုလည်း အဆင့်မြှင့်တင် မည်ဖြစ်ကြောင်း သိရသည်။                          


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆောက်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ထွက်ပေါ်လာခဲ့သော်လည်း အကောင်အထည်ဖော်နိုင်မှုကို စောင့်ကြည့်သင့်

RECENT POSTS
(ICC)အကြီးအကဲနှင့် အခြားတာဝန်ရှိသူများကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားအစိုးရ တောင်းဆို
10 Oct 2026
(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
10 Oct 2026
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved