လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိ
ပုလဲ (NSS) -သြဂုတ် ၁၄
လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် လျှပ်စစ်မီတာအသစ်များကို နိုင်ငံတော် အစိုးရထံမှ ဌားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။
လျှပ်စစ်မီတာအသစ်များကို Website မှတဆင့်လျှောက်ထားရာတွင် ဌာနမှ သတ်မှတ်ချက်ဖြင့် ကိုက်ညီသော လျှောက်ထားမှုများအတွက် သတ်မှတ်ကြေးပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထားသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ပေးသွင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ နှုန်းထားများမှာ အိမ်သုံးမီတာ အတွက် ၂၅၀,၀၀၀ ကျပ် ၊ အိမ်သုံးပါဝါမီတာ (10 kW) ၁,၀၀၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (20 kW) ၁,၂၃၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ (30 kW) ၁,၄၆၀,၀၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ (10 kW) ၁,၀၇၇,၅၀၀ ကျပ် ၊ စက်မှုသုံးပါဝါမီတာ (20 kW) ၁,၃၈၂,၅၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ (30 kW) ၁,၆၈၇,၅၀၀ ကျပ် တို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သိရှိလိုသည်များမေးမြန်းလိုပါက ဆက်သွယ်စုံစမ်းနိုင်ပါ ကြောင်း လည်း အသိပေးထုတ်ပြန် ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နဲ့တောင်ကိုရီးယားတို့က အရင်ကထက်ပိုပြီးရန်လိုလာနေတယ်လို့ မြောက်ကိုရီးယားဝေဖန်ပြစ်တင်
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
