ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံး
ထိုက်စံ(NSS)-ဩဂုတ် ၁၄
ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံးခဲ့ကြောင်း မွန်မြတ်သောနှလုံးသား ပိုင်ရှင် လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူ တစ်ဦးထံ NSS မှ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ် ၁၃ ရက်)၊ နံနက်(၅)နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊စက်မှုဇုန်(၁၆)လမ်းတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူက ပလုံ ကောက်ရင်းနဲ့ ဓါတ်ကြိုးနဲ့ ဆွဲထိပြီးတော့ ဓါတ်လိုက်တယ်လို့ ပြောတယ်။ ဖြစ်တာကတော့ (၅)နာရီဝန်းကျင်လောက်လို့့ ပြောတယ်။ ကျွန်တော်တို့ ရောက်တာကတော့(၇)နာရီလောက်ပေါ့။ တခြားပြင်ပဒဏ်ရာတော့ မရှိဘူး။ ဓါတ်ကြိုးခိုးရင်း ဓါတ်လိုက်တယ်လို့ သတင်းတွေ တက်နေတာ။ တိတိကျကျမသိတော့ ပြောလို့မရဘူး။ အဲဒီနားမှာတော့ တချို့လည်း ပလုံကောက်တယ်လို့ ပြောတယ်။ မီးကြိုးက အရင်တစ်ပတ်က ခိုးသွားတယ်တဲ့။ မီးကြိုးကော၊ မီတာဘောက်ကော သူခိုးခိုးသွားတယ်ပေါ့။ ခိုးတဲ့ သူက ဖြတ်ချပြီးတော့ အစကျန်နေတာအဲဒီရုံတွေက အလုပ်မလုပ်တော့ ဘူး။ ဒီတိုင်းပဲ ပစ်ထားတာ။ လူလည်း မရှိဘူး။ သူတို့ ပြောနေကြတာတော့ ပလုံကောက်တဲ့ သူတွေတဲ့။ ဘာမှမရှိဘူးတဲ့ မိသားစုဆင်းရဲ့ ကြတာတဲ့။ အဲဒီလိုပြောတယ်”ဟု ၎င်းကပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၃၁)နှစ်အရွယ် အမျိုးသားသည် အခင်းနေရာတွင် သေဆုံးခဲ့ပြီး ယင်း ရုပ်အလောင်းအား မော်လမြိုင်ဆေးရုံးကြီး အရေးပေါ်၊ပြင်ပဌာနသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
ထိုသေဆုံးသူ အမျိုးသား၏ဇာတိမှာ ဧရာဝတီတိုင်းဒေသကြီးမှဖြစ်၍ မော်လမြိုင်တွင် အဆောင်ငှား၍ မိသားစုလိုက် နေထိုင်ကြောင်း သိရသည်။
“သူက ဒီကမဟုတ်ဘူး။ ဧရာဝတီတိုင်းက ဒီမှာ အဆောင်ငှားနေရင်း နေတာလို့ ပြောတယ်။ မိသားစုလိုက်နေတယ်တဲ့” ဟု ၎င်းကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိ
RELATED POSTS
12 Sep 2026 | မှုခင်း,ပြည်တွင်း
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,နိုင်ငံတကာ
11 Sep 2026 | မှုခင်း,ပြည်တွင်း
