ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော်ပညာသင်ယူနေသော ညောင်ဦးမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရ
သန့်မင်းအိမ်(NSS) – ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော် ပညာသင်ယူနေသော အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် (၂၁၂၀) စင်တီမီတာအထက် (၂၂၀၂) စင်တီမီတာရောက်ရှိနေပြီး (၈၂) စင်တီမီတာ၊ (၂) ပေ (၆၉) လက်မ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရေဝင်ရောက်ခြင်းကြောင့် ပြီးခဲ့သည့် ဩဂုတ် (၁၀) ရက်က တောင်ရွာနောင်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်း အခြေခံပညာအထက်တန်းကျောင်း၊ လက်ထုပ်ကျေးရွာအုပ်စု၊ လက်ထုပ်ကျွန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတို့အားရာယီပိတ်ထားရကြောင်းသိရသည်။
ထိုပြင် ဩဂုတ် (၁၁) ရက်တွင်လည်း လက်ထုပ်ကျေးရွာအုပ်စု၊ ဗုဒ္ဓကုန်းကျွန်းအခြေခံပညာမူလတန်းကျောင်း၊ လက်ပံခြေပေါ်ကျေးရွာ အုပ်စု အုန္နဲချောင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတို့အားရာယီပိတ်ထားရကြောင်းသိရသည်။
ဩဂုတ် (၁၂) ရက်တွင်မူ တောင်ရွာနောင်ကျေးရွာအုပ်စု၊ ထောင့်ကြီးရွာအခြေခံပညာမူလတန်းကျောင်း၊ တောင်ရွာနောင်အခြေခံ ပညာအထက်တန်းကျောင်း၊ မီးလောင်ဖျားကျေးရွာအုပ်စု၊ ပခုက္ကူကျွန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့် ညောင်ဦမြို့ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)တို့အား ဆက်လက်၍ ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် လက်ရှိအချိန်အထိ ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း (၈) ကျောင်း ယာယီပိတ် ထားရပြီး ကျောင်းသား၊ကျောင်းသူ (၁၄၂၆) ဦးတို့အား ဧရာဝတီမြစ်ရေ ပြန်လည်ကျသွားချိန်၌ အချိန်ပိုပြန်လည်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံး
RELATED POSTS
10 Sep 2026 | ပညာရေး,ပြည်တွင်း
09 Sep 2026 | ပညာရေး,ပြည်တွင်း
08 Sep 2026 | ပညာရေး,ပြည်တွင်း
