မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်
ပုလဲ (NSS) - သြဂုတ် ၁၄
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ ၆၆/၃၃/၁၁ ကေဗွီ၊ (၃၀+၃၀+၂၀) အမ်ဗွီအေ မော်လမြိုင် (ငန်းတေး) ဓာတ်အားခွဲရုံကို လိုအပ်သည့်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြော်ငး သိရသည်။
ထို့သို့ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်နေစဉ် အဆိုပါဓာတ်အားခွဲရုံမှ ဓာတ်အား ဖြန့်ဖြူးပေးထားသော မော်လမြိုင်မြို့ပေါ် ၁၈ ရပ်ကွက်နှင့် ကျေးရွာကိုးရွာ၊ ကျိုက်မရော မြို့ပေါ် လေးရပ်ကွက်နှင့် ကျေးရွာ ၄၁ ရွာ၊ မုဒုံမြို့ပေါ် လေးရပ်ကွက်နှင့် ကျေးရွာ ၃၅ ရွာတို့တွင် ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
ထို့ကြောင့် ဓာတ်အားပြတ်ဧရိယာများရှိ စက်ရုံ/အလုပ်ရုံများနှင့် ဓာတ်အားသုံးစွဲသူ ပြည်သူများကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ထို့အတူ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အား ထုတ်လုပ်မှုများအား နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အား စနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်အတွက် ၁၃၂ ကေဗွီ တီကျစ်-ကလောဓာတ်အားလိုင်း၏ လက်ရှိ အလူမီနီယံသတ္တုလျှပ်ကူးကြိုး (ACSR) ကို ဝန်အားနှစ်ဆကျော်အထိ တိုးမြှင့်သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုး (ACCC) ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို ဩဂုတ် ၁၄ ရက် နံနက် ၆ နာရီမှ ဩဂုတ် ၁၆ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်စဉ်လိုအပ်ပါက ဝန်အားထိန်းညှိ ဆောင်ရွက်မည် ဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတစ်ဆင့် ပြည်သူသို့ အသိပေးထားပြီးဖြစ်ကြောင်းနှင့် ဓာတ်အားလိုင်းကြိုးလဲလှယ်ပြီးပါက ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ် ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော်ပညာသင်ယူနေသော ညောင်ဦးမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရ
RELATED POSTS
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,ပြည်တွင်း
12 Sep 2026 | နိုင်ငံရေး,နိုင်ငံတကာ
