မြန်မာကျောက်စိမ်းပြပွဲ (ယူနန်)ကြောင့် လာမည့် (၅)နှစ်အတွင်း ကျောက်စိမ်း ဈေးကွက်အပြောင်းအလဲဖြစ်နိုင်
သန့်မင်းအိမ် (NSS) - သြဂုတ်လ ၁၃
ရွှေလီသို့ မြန်မာ့ကျောက်စိမ်းတင်ဒါပွဲ ရွှေ့ပြောင်းကျင်းပခြင်းကြောင့် နောင် (၅)နှစ်အတွင်း ကျောက်စိမ်းဈေးကွက်အပြောင်းအလဲများ ဖြစ်ပေါ် နိုင်ကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်များကပြော သည်။
ပြီခဲ့သည့် ဇူလိုင်လ (၂၅)ရက်က ရွှေလီရှိ ကျယ်ခေါင်မြို့တွင် ကျောက်စိမ်းတင်ဒါပွဲကျင်းပခဲ့ပြီး (၁၉၆၄)ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင်း၌ပင် ကျင်းပလာခဲ့သည့် နိုင်ငံတော်အဆင့် ကျောက်စိမ်းပြပွဲ (Gems Emporium)သည် ပထမဆုံးအကြိမ်အဖြစ် ပြည်ပသို့ထွက်ခွာသွားပြီး ရွှေလီကျယ်ခေါင်တွင် အခြေစိုက်တော့မည်ဖြစ်ကြောင်း သိရသည်။
" ကျွန်တော် ရွှေလီမှာ ကျောက်စိမ်းလုပ် ငန်းလုပ်နေတာ (၂)နှစ်ရှိပါပြီ။ ဒီသတင်းကိုကြားကြား ချင်းမှာ ပထမဆုံးဝင်လာတဲ့ခံစားချက်က ဝမ်းသာစိတ် လှုပ်ရှားတာမျိုးမဟုတ်ဘဲ ဒီလောကကြီးတော့ တကယ်ကို အကြီးအကျယ်ပြောင်းလဲတော့မှာပဲဆိုတဲ့အတွေးဝင်လာတာပါ" ဟု တရုတ်ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မိုင်းတွင်းထွက် ကျောက် စိမ်းအကြမ်းထည်များကို အစိုးရ၏ ကျောက်မျက်ပြပွဲ (တင်ဒါပွဲ)မှတစ်ဆင့်သာ ကမ္ဘာ့ဈေးကွက်သို့ တရား ဝင် တင်ပို့ရောင်းချခွင့်ရှိပြီး၊ ထိုပွဲကိုမဖြတ်သန်းဘဲ အရောင်းအဝယ်ပြုလုပ်သည့်ကျောက်စိမ်းများကို မှောင်ခိုအဖြစ်သတ်မှတ်ထာကြောင်းသိရသည်။
" မြန်မာနိုင်ငံရဲ့ဥပဒေအရ မိုင်းတွင်းက ထွက်ရှိလာတဲ့ ကျောက်စိမ်းအကြမ်းထည်အားလုံးကို အစိုးရရဲ့ကျောက်မျက်ပြပွဲဆီကိုပဲ အကုန်စုစည်းပြီး အရောင်းအဝယ်ပြုလုပ်ရတယ်။ ဒီတင်ဒါပွဲကို မဖြတ် သန်းဘဲ တရားမဝင်လှည့်လည်ရောင်းချတဲ့ ကျောက် စိမ်းမှန်သမျှကို မှောင်ခိုလို့ပဲသတ်မှတ်ပါတယ်။ ဆိုလို တာက မြန်မာ့ကျောက်စိမ်းအကြမ်းထည်တွေ ကမ္ဘာ့ ဈေးကွက်ထဲကို တရားဝင် ပြည်ပပို့ကုန်အဖြစ်ရောက် ရှိနိုင်မယ့် တစ်ခုတည်းသောလမ်းကြောင်းက ဒီတင် ဒါပွဲ ကျောက်မျက်ပြပွဲပဲ"ဟု ၎င်းကပြောသည်။
အဆိုပါကျောက်မျက်ပြပွဲ(တင်ဒါပွဲ)သည် တရုတ်နိုင်ငံရှိ ကျောက်စိမ်းအချောထည်များ၏ ဈေး နှုန်းအပါအဝင် ကမ္ဘာကျောက်စိမ်းအကြမ်းထည်ဈေး နှုန်း၏မြစ်ဖျားခံရာနှင့် သတ်မှတ်ရာနေရာဖြစ်ပြီး တင် ဒါပွဲတွင် ကျောက်တစ်တုံးကို ကုန်သည်များစွာ ပြိုင် ဆိုင်ဝယ်ယူကြသဖြင့် အနိုင်ရသည့်ဈေးသည် ဈေး ကွက်၏ဘုံသဘောတူညီချက်ဈေးနှုန်း ဖြစ်လာ ကြောင်း တရုတ်ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
" ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ကျောက်စိမ်း အကြမ်းထည်ရဲ့ဈေးနှုန်းကို ဒီနေရာမှာပဲ သတ်မှတ်ပုံ ဖော်လို့ပါ။ တရုတ်ပြည်က ဘယ်ကျောက်စိမ်းဆိုင်မှာ မဆို ကျောက်စိမ်းအချောထည်တွေရဲ့ ဈေးနှုန်းအရင်း အမြစ်က ဒီနေရာကနေမြစ်ဖျားခံလာတာပါ။ တင်ဒါပွဲ က ကျောက်တစ်တုံးတည်းကိုပဲ ကုန်သည်အများကြီး ကမျက်စိကျပြီး တင်ဒါပြိုင်ကြတာမို့ နောက်ဆုံးအနိုင် ရသွားတဲ့တင်ဒါဈေးက ဈေးကွက်ရဲ့ ဘုံသဘောတူညီ ချက်ဈေးနှုန်းဖြစ်လာတာ။ ကျောက်စိမ်းလောကထဲမှာ စကားပုံတစ်ခုရှိပါတယ်။ တင်ဒါပွဲတစ်ခါဖွင့်ရင် ကျောက်စိမ်းဈေးကွက်တစ်ခုလုံးရဲ့ဈေးနှုန်းတွေက ဖဲထုပ်အသစ်ချသလို ပြန်ပြင်ရတယ်တဲ့။ ဒါက ချဲ့ကား ပြောနေတာမဟုတ်ဘူး"ဟု ၎င်းကဆိုသည်။
ထို့ပြင် ယခင်က တရုတ်ကုန်သည်များ သည် တင်ဒါပွဲတက်ရောက်ရန် ဗီဇာ၊ ခရီးစရိတ်၊ ပွဲစား ခနှင့် ငွေလဲနှုန်းကွာဟချက်များကြောင့် အပိုစရိတ် များစွာကုန်ကျခဲ့ရသော်လည်း ယခုအခါ ကြားခံပွဲစား များမလိုတော့ဘဲ တရုတ်ပြည်တွင်းကုန်သည်များ အနေဖြင့် မူရင်းကျောက်စိမ်းအကြမ်းထည် လေလံပွဲ များတွင် တိုက်ရိုက်ပါဝင် ဝယ်ယူနိုင်တော့မည်ဖြစ် ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကျောက်စိမ်းပြပွဲမကျင်းပ ဘဲ ပြည်ပ၌ကျင်းပခြင်းကြောင့် ကျောက်စိမ်း၏တန် ဖိုးကျဆင်းသွားမည်မဟုတ်ကြောင်း မန္တလေးရှိကျောက် စိမ်းလုပ်ငန်းရှင်တစ်ဦးကဆိုသည်။
" အဲဒီလိုတော့မဖြစ်နိုင်ပါဘူး။ ပြပွဲက ဥပမာ ပြည်ပမှာလုပ်တာမို့ အခွန်အခရတာဘာညာ ဆိုတာမျိုးတွေကိုတော့ ကျွန်တော်နားမလည်ပါဘူး။ အခုလိုဖြစ်သွားတဲ့အတွက် မြန်မာနိုင်ငံမှာ မကျင်းပ ဖြစ်လို့ တခြားဝင်ငွေတွေပါသွားတာမျိုးကိုတော့ ကျွန် တော်တို့မပြောတတ်ပေမယ့် ကျောက်ကြောင့်မို့လို့ တန်ဖိုးကျတာဘာညာတော့မဖြစ်ပါဘူး။ ကျွန်တော် တို့ရဲ့ပစ္စည်းတွေက ဘယ်မှာပဲပြပြ၊ အဓိကကတော့ သူတို့ဘက်က ဈေးနှိမ်တာဘာညာထက် ကိုယ်တိုင် ရောင်းချင်မှဖြစ်မယ့်အရာတွေပါ။ အဲဒါကြောင့် ကိုယ် ရောင်းမှဖြစ်မှာပါ။ ကိုယ်က အရေးပေါ်လိုအပ်နေလို့ ရောင်းရတာမျိုး ဒါမှမဟုတ် ကျပ်တည်းနေလို့ ရောင်း ရတာမျိုးဆိုရင်တော့တစ်မျိုးပေါ့ဗျာ" ဟု ၎င်းကဆို သည်။
တင်ဒါပွဲ ရွှေလီသို့ရောက်ရှိလာသော်လည်း ကျောက်စိမ်းကောင်းလျှင် ဈေးမပေါပါဆိုသည့် အခြေခံသဘောတရားမှာ ပြောင်းလဲသွားမည်မဟုတ် ကြောင်းနှင့် တင်ဒါစနစ်သည် ဈေးပြိုင်စနစ်ဖြစ်သည့် အတွက် ရှားပါးသည့်ကျောက်စိမ်းကောင်းများ၏ အ ရောင်းအဝယ်ဈေးနှုန်းသည် ပုံမှန်အတိုင်း အပြိုင်အ ဆိုင်မြင့်မားနေမည်ဖြစ်ကြောင်း ကျောက်စိမ်းလုပ် ငန်းရှင်ကပြောသည်။
" ဒါပေမဲ့ တင်ဒါပွဲ ရွှေလီရောက်လာတာဟာ ကျောက်စိမ်းဈေးနှုန်းတွေကျဆင်းသွားမယ်လို့ မဆို လိုပါဘူး။ တင်ဒါပွဲဆိုတာ ဈေးပြိုင်စနစ်ဖြစ်ပြီး ပွဲပြီး ဈေးလျှော့ရောင်းပွဲမဟုတ်ပါဘူး။ သမိုင်းဆိုင်ရာ အ ချက်အလက်တွေအရ တင်ဒါအောင်မြင်တဲ့ ကျောက်တွေရဲ့ (၇၀)ရာခိုင်နှုန်းခန့်က အခြေခံဈေး ထက် အနည်းငယ်ပဲမြင့်တက်ပြီး (၂၀)ရာခိုင်နှုန်းခန့် ကတော့ အခြေခံဈေးရဲ့ (၁)ဆကနေ (၂)ဆအထိ မြင့်တက်ပြီး ကျန်တဲ့ (၁၀)ရာခိုင်နှုန်းပဲရှိတဲ့ အပြိုင် အဆိုင်ပြင်းထန်တဲ့ကျောက်တွေကတော့ အခြေခံဈေး ထက် (၁၀)ဆကျော်အထိဈေးပေါက်တတ်ပါတယ်။ ကျောက်စိမ်းကောင်းတွေဟာ လေလံဆွဲတဲ့နေရာ ပြောင်းသွားရုံနဲ့ ဈေးပေါမသွားပါဘူး။ တင်ဒါပွဲရောက် လာပြီဆိုတော့ ကျောက်ကောင်းတွေကို အပေါစား ဈေးနဲ့နှိုက်လို့ရပြီလို့ မျှော်လင့်နေတဲ့သူတွေရှိရင်တော့ ဒီအတွေးကို စောစောစီးစီးဖျောက်ဖျက်ပစ်ဖို့ ကျွန် တော်အကြံပြုချင်ပါတယ်"ဟု တရုတ်လုပ်ငန်းရှင် တစ်ဦးကဆိုသည်။
ထို့ပြင် ကျောက်စိမ်းအကြမ်းထည်များကို ခွဲဝေဖြန့်ဖြူးပေးသည့် ဖြန့်ဖြူးရေးဗဟိုအဆင့်သာရှိခဲ့ သည့် ရွှေလီမြို့သည် ကမ္ဘာ့ကျောက်စိမ်းအကြမ်းထည် ၏ ဈေးနှုန်းသတ်မှတ်ရေးဗဟိုအဖြစ် သမိုင်းဝင် အ ဆင့်မြင့်တက်လာမည်ဖြစ်ကြောင်းနှင့် သတင်းအချက် အလက် ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းလာမည် ဖြစ်ပြီး မူရင်းဈေးဟုဆိုကာ အတု၊ အပိုင် လိမ်ညာ ရောင်းချနေသည့် Live ရောင်းသူများ၏ ရပ်တည်မှု မှာလည်း ပိုမိုကျဉ်းမြောင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါကျောက်မျက်ပြပွဲ(တင်ဒါပွဲ)ကို အ ရောင်းအဝယ် စနစ်တကျရှိစေရေးနှင့် နိုင်ငံခြားငွေ တိုးပွားရန်အတွက် (၁၉၆၄)ခုနှစ် မတ်လက စတင် ကျင်းပခဲ့ကာ မူလက ရန်ကုန်တွင်ကျင်းပခဲ့သော် လည်း (၂၀၁၀)ပြည့်နှစ်မှစ၍ နေပြည်တော်သို့ ပြောင်းရွှေ့ ကျင်းပခဲ့ခြင်းဖြစ်ပြီး အရောင်းအဝယ်ကို အိတ်ဖွင့်တင်ဒါနှင့် ဗြောင်လေလံစနစ် စသည့် နည်း လမ်း (၂)မျိုးဖြင့် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှည်းကူး ရုပ်ရှင်မြို့တော်မှ ဇုန်(၆)ဇုန် (၅)နှစ်အတွင်း ရုပ်လုံးပေါ်လာဖွယ်ရှိ
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
