မြန်မာ - ဘင်္ဂလားဒေ့ရှ်ကြား Matarbari မှ တစ်ဆင့် ကုန်သွယ်နိုင်
ပုလဲ (NSS) - သြဂုတ်လ ၁၃
မြန်မာ-ဘင်္ဂလားဒေ့ရှ်ကြား Matarbari မှတစ်ဆင့်ကုန်သွယ်နိုင်ကြောင်း ပို့ဆောင်ရေးလုပ် ငန်းရှင်များနှင့်နီးစပ်သူများထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရ သည်။
နယ်စပ်အနီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ နယ်စပ် ဒေသ ကီလိုမီတာ(၂၇၀)ခန့်မှာ AA ၏ထိန်းချုပ်မှု အောက်သို့ရောက်ရှိနေပြီး နတ်မြစ်အတွင်း မြန်မာ ဘက်ခြမ်း ရေကြောင်းသွားလာရေးမှာလည်း ၎င်းတို့ ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည့်အတွက် မြန်မာ -ဘင်္ဂလားဒေ့ရှ်ကြား ကုန်သွယ်ရေးမှာလည်း ရပ်တန့်နေလျက်ရှိကြောင်းသိရသည်။
" မောင်တောနဲ့တက္ကနဖ်က Border Trade နဲ့ နတ်မြစ်ကနေသွားကြတာ။ အခုနောက်ပိုင်း ကျတော့ အဲဒီနယ်မြေကဖြတ်သွားတဲ့နေရာမှာ လုံခြုံ မှုမရှိတဲ့အတွက်ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းက လုံးဝရပ်နားသွားတဲ့အနေအထားဖြစ်တာပေါ့နော်။ အရင်က ရန်ကုန်ကသင်္ဘောတွေကနေ မောင်တောမှာ Check Point ကိုဝင်တယ်။ စစ်တွေ Check Point ကိုဝင်တယ်။ အခုက Check Point တွေ ဝင်လို့မရ တော့ဘူး။ Check Point ဝင်ပြီးတော့မှ တက္ကနဖ် ကိုသွားရတာပေါ့။ တက္ကနဖ်ဆိုတာတော့ ဘင်္ဂလား ဒေ့ရှ်နယ်စပ်မြို့လေးပါပဲ။ ကုန်တွေလည်း တော် တော်များများပို့ခဲ့ရပါတယ်။ အခုနောက်ပိုင်းကတော့ လုံခြုံမှုမရှိသေးလို့ပေါ့နော်"ဟု ပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့်နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ထို့ကြောင့် ကာလရှည်ကြာရပ်ဆိုင်းနေ သည့် နယ်စပ်ကုန်သွယ်ရေးကို Matarbari မှတစ် ဆင့်ပြန်လည်စတင်နိုင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိ သူများထံ အဆိုပြုထားကြောင်းလည်းသိရသည်။
" ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရကလည်း တက္ကနဖ်လိုမျိုး တခြားဘယ်နေရာသွားပြီးတော့ ကုန်များချလို့ရလဲဆိုတာ မေးမြန်းတဲ့အတွက် ကြောင့်မို့လို့ Matarbari ဆိုတဲ့ ဆိပ်ကမ်းလေးတစ်ခုကိုတော့ အဆိုပြုခဲ့ပါတယ်။ Matarbari ဆိုရင် ကျွန်တော်တို့က တက္ကနဖ်အစား သွားလို့ရတယ်။ အရင်တုန်းကတော့ တော်တော်များများ ပို့ကုန်တွေပို့ရတယ်။ အခုနောက် ပိုင်းတော့ နယ်စပ်ကုန်သွယ်ရေးက အနေအထားက ဆိပ်ကမ်းက မောင်တောကလည်း သိတဲ့အတိုင်းပဲလေ။ အဲဒါကြောင့်ရပ်နားသွားတယ်။ ပို့ချင်တာပေါ့ တကယ် တမ်းက။ သင်္ဘောတွေလည်း အလုပ်ရစေချင်တယ်။ Matarbari ဆိုတာက တက္ကနဖ်ရဲ့ အရှေ့ဘက်ခြမ်း မှာရှိတာပေါ့နော်။Matarbari ဆိုတာတော့ အနောက် ဘက်မှာရှိတယ်။ ဆိပ်ကမ်းလေးပါ။ ရန်ကုန်ကနေ တိုက်ရိုက်သွားမှာ။ အဆိုပြုထားတာတော့ကြာနေပြီ။ အဲဒါတွေကတော့ နိုင်ငံတော်အစိုးရကလည်း ကြိုးစား နေတယ်လို့တော့ အကြမ်းဖျင်းသိရတာပေါ့နော်။ တက္ကနဖ်အစား အဲဒါကိုရရင်တော့ ပို့ကုန်က တော် တော်ကိုပို့ရမှာ" ဟုပြောသည်။
Matarbari သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်ရှိ စီးပွားရေးဇုန်တစ်ခုဖြစ်ပြီး ဂျပန် နိုင်ငံ၏ပံ့ပိုးကူညီမှုဖြင့်အကောင်အထည်ဖော်နေ သည့် အကြီးစား ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးစင်္ကြံ စီမံကိန်းများတည်ရှိရာနေရာတစ်ခုလည်းဖြစ်သည်။ ယခင်က တက္ကနဖ်မှတစ်ဆင့် ကုန်သွယ်မှုများပြုလုပ် ခဲ့ကြပြီး မြန်မာနိုင်ငံဘက်က ပို့ကုန်အများဆုံး တင်ပို့ နိုင်ခဲ့ကြောင်းလည်းသိရသည်။
" ချင်းတွေ၊ နနွင်းတက်တွေ၊ ကြက်သွန် တွေ စသည်ဖြင့်ပေါ့နော်။ လူသုံးကုန်ပစ္စည်းတွေလည်း တော်တော်များများသွားပါတယ်။ အများအားဖြင့်တော့ ကောင်းမှကောင်းဆိုတဲ့ ဆီးထုပ်ပေါ့နော်။ အဲဒီဆီး ထုပ်ကို ဟိုဘက်က တအားကြိုက်ကြတယ်။ သူတို့က အဲဒီဆီးထုပ်ကို ရေနွေးနဲ့ဖျော်ပြီးသောက်ကြတာ။ စဉ် ဆက်မပြတ်ပို့ရတယ်။ ငါးနီတူခြောက်တို့ဘာတို့တွေ လည်းပို့ရတယ်။ ပြီးတော့ ရေချိုငါးတွေ ငါးမြစ်ချင်း တို့ တီလားဗီးယားတို့။ ကျွန်တော်တို့နိုင်ငံမှာ နယ်စပ် ကုန်သွယ်ရေးမှာ ရေကြောင်းနဲ့ဆိုင်ရာ ကုန်သွယ်ရေး တွေရှိတယ်။ ကားတွေနဲ့ပို့တဲ့ နယ်စပ်ကုန်သွယ်ရေး ရှိတယ်။ ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးဂိတ်ကတော့ ကျွန်တော်တို့နိုင်ငံ ပို့ကုန်တန်ဖိုးရတဲ့ နယ်စပ်ကုန် သွယ်ရေးစခန်းဗျ။ ကျန်တဲ့ဂိတ်တွေကတော့ သွင်း ကုန်ပဲ။ ကိုယ့်နိုင်ငံအတွက်က ပို့ကုန်တန်ဖိုးသိပ်မရှိ ဘူး။ တကယ်တမ်းဆိုရင် အဲဒါသာရရင် ပို့ကုန်ဝင်ငွေ တွေရမှာ။ ဒီတစ်ခုပဲ မြန်မာဘက်က ပို့ကုန်တန်ဖိုးပို ရတာ" ဟုပြောသည်။
ဘင်္ဂလားဒေရှ့်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက် အရ ဒါကာမြို့ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော် စိုးမိုးသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီး Khandaker Abdul Muktadir နှင့်တွေ့ဆုံစဉ် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်စတင်နိုင်ပါက နှစ် နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အကျိုး အမြတ်ရရှိနိုင်ကြောင်း၊ လိုအပ်ပါက ကနဦးအနေဖြင့် ကုန်သွယ်မှုကို အကန့်အသတ်ဖြင့်ဖြစ်စေ၊ ယာယီဖြစ် စေ စဉ်းစားဆောင်ရွက်ရန်၊ နှစ်နိုင်ငံအကြား ကုန် သွယ်မှုပမာဏတိုးမြှင့်ရန် ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရသည်။
ထို့အတူ လျှပ်စစ်၊ စွမ်းအင်နှင့်သတ္တုတွင်း ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှစစ်တကောင်းမြို့သို့ ဓာတ်ငွေ့ပိုက် လိုင်းတည်ဆောက်ရန် ယခင်ကတင်သွင်းခဲ့သည့် အဆိုပြုချက်ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြန် လည်အသက်သွင်းရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"နိုင်ငံတနိုင်ငံ ဒေဝါလီခံလိုက်တယ်ဆိုတာရဲ့ အဓိပ္ပာယ်" (ဆောင်းပါး)
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
