ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားအတွက် သက်တမ်းတိုးခွင့်ရက်တိုး
ဂျန်ဇက်(NSS)- ဩဂုတ် ၁၃
ထိုင်းအစိုးရသည်လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ သတ်မှတ်ချက်နှင့်ကိုက်ညီသော အလုပ်သမားများ၏ အလုပ်သမားလက်မှတ် သို့မဟုတ် အလုပ်လုပ်ခွင့်သက်တမ်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထား၍ သက်တမ်းတိုးခွင့်ပေးမည်ဖြစ်ပြီး
၎င်းတို့အနေဖြင့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအထိ ဆက်လက်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းအလုပ်အကိုင်ရှာဖွေရေးနှင့် အလုပ်သမားသမားဝန်ကြီးဌာနက လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့မှ စည်းကမ်းသတ်မှတ်ချက်ကိုက်ညီသည့်
အလုပ်သမားများအတွက် အလုပ်လုပ်ခွင့် သက်တမ်းတိုးလျှောက်ထားကြရန် အလုပ်ရှင်များကို တိုက်တွန်းထားသည်။ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးကလက်ရှိအလုပ်လုပ်ခွင့် သက်တမ်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ထိုင်းအစိုးရအဖွဲ့ဝန်ကြီးမျူးအတည်ပြုပေးခဲ့ကြောင်း ပြောကြားခဲ့သည်။စည်းကမ်းနှင့်ကိုက်ညီမှုရှိသော အလုပ်သမားများသည် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ နောက်ထပ်တစ်နှစ်ကြာ ထိုင်းနိုင်ငံတွင် တရားဝင် ဆက်လက်နေထိုင်ကာ အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။အလုပ်သမားများဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများ၊ နှင့်၎င်းတို့၏ အလုပ်ရှင်များ သို့မဟုတ် တရားဝင် လုပ်သားခေါ်ယူရေး ကုမ္ပဏီများသည် လျှောက်လွှာများနှင့် အထောက်အထားစာရွက်စာတမ်းများကို အွန်လိုင်းမှတစ်ဆင့် တင်သွင်းရမည်ဖြစ်ပြီး လိုအပ်သော ငွေကြေးပေးချေမှုများကိုလည်း ပြီးစီးအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ - ဘင်္ဂလားဒေ့ရှ်ကြား Matarbari မှ တစ်ဆင့် ကုန်သွယ်နိုင်
RELATED POSTS
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
12 Sep 2026 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2026 | စီးပွားရေး,ပြည်တွင်း
