တရုတ်ကို တိုင်ဖွန်းမုန်တိုင်းဒေါလ်ဖင်းဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ(၁)သန်းကျော်ကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရ
Pika (NSS) - သြဂုတ် ၁၁
ယခုနှစ်အတွင်း တရုတ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံးအပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့ တိုင်ဖွန်းဒေါလ်ဖင်းက နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတို့ကြောင့် ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်းဒေါလ်ဖင်းဟာ ဂျပန်နိုင်ငံတောင်ပိုင်းအိုကီနာဝါစီရင်စုကိုလည်း ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးပြီဖြစ်ပြီး အဆောက်အဦး(၅)သောင်းကျော် လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတဘ်။
တိုင်ဖွန်းမုန်တိုင်းဒေါလ်ဖင်းက တရုတ်အရှေ့ပိုင်း ဇီကျန်းပြည်နယ်မှာရှိတဲ့ ယူဟွမ်မြို့အနီးကိုဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့ တရုတ်မိုးလေဝသအာဏာပိုင်အဖွဲ့ကပြောကြားခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဒေါလ်ဖင်းရဲ့တိုက်ခတ်နှုန်းက တစ်စက္ကန့်မှာ(၄၂)မီတာနှုန်းအထိ ရှိခဲ့ပြီး အဆင့်(၁)ဟာရီကိန်းမုန်တိုင်းအမျိုးအစားနဲ့ အင်အားညီမျှတယ်လို့လည်းသိရပါတယ်။

တိုင်ဖွန်းမုန်တိုင်းဒေါလ်ဖင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အာဏာပိုင်တွေက ကမ်းလွန်လုပ်သားတွေကို ဘေးလွတ်ကင်းရာကိုရွှေ့ပြောင်းပေးခဲ့ပြီး သင်္ဘောတွေကို ဆိပ်ကမ်းကို ချက်ချင်းပြန်ကပ်ကြဖို့ အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် တိုင်ဖွန်းမုန်တိုင်းဒေါလ်ဖင်းကြောင့် တောင်တန်းဒေသတွေနဲ့ မြစ်ဘေးတစ်လျှောက်ဒေသတွေမှာ ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပွားနိုင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုက ဆက်လက်ဖြစ်ပွားနေနိုင်ဖွယ်ရှိတယ်လို့လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဒေါလ်ဖင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အာဏာပိုင်တွေက မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ရှိတဲ့ လူပေါင်း(၁)သန်းကျော်ကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သေဆုံး/ထိခိုက်ခဲ့တဲ့ အမေရိကန်တွေနဲ့အခြားလူတွေအတွက် လျော်ကြေးငွေပေးဖို့ အီရန်ကို ဒေါ်နယ်ထရမ့်တောင်းဆိုနေ
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
