မြို့သစ်မြို့နယ်တွင် တောင်သူများ အားထားအသုံးပြုနေသည့် ဆည် (၄) ခုအနက် ဆည်(၂)ခုမှ စတင်ရေ ကျော်
သန့်မင်းအိမ် (NSS) - ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တောင်သူများ အားထားအသုံးပြုနေသည့် ဆည် (၄) ခုအနက် ဆည်(၂)ခုမှ စတင်ရေ ကျော်နေကြောင်း ယနေ့(ဩဂုတ် ၁၁) နံနက် (၈) နာရီအချိန်က တိုင်းထွာချက်အရ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်တို့ ရှိသည့် အနက် စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်မှာ (၆၂၅) ပေ ဖြစ်ပြီး လက်ရှိတွင် (၆၂၅) ဒသမ (၆၀) ပေသို့ ရောက်ရှိနေသည့်အတွက် ရေပိုလွှဲမှ သုည ဒသမ ၆) ပေခန့် ရေကျော်ကျလျက်ရှိကြောင်းနှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်မှာ (၅၆၀) ဒသမ (၅၀) ပေ ဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၂) ဒသမ (၃၀) ပေရှိသဖြင့် ရေပိုလွှဲမှ (၁) ဒသမ (၈) ပေခန့် ရေကျော်ကျနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆည်၏ ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်သဖြင့် စိုးရိမ်ရန် အခြေအနေမရှိကြောင်း နှင့် ဆည်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ဝန်ထမ်းများအား အလှည့်ကျ ရေကင်းတာဝန်များ ပေးအပ်ထားရှိပြီး ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် အရေးပေါ်အခြေအနေ အဆင့်(၁) အဖြစ် အစိမ်းရောင်အလံများ လွှင့်ထူကာ အသိပေးနှိုးဆော်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Toll Pass RFID စနစ်ကို တိုးဂိတ်(၆)ခုတွင် စမ်းသပ်နေပြီး မကြာမီအသုံးပြုနိုင်မည်
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
