သန်လျင် အမှတ်(၁)ရေနံချက် စက်ရုံဝင်းအတွင်းရှိ ရေလှောင်ကန်တာကျိုးပေါက်မှုကို အင်အား (၇၀၀) ဖြင့် အချိန်မီပြန်လည်ပြုပြင်
သန့်ဇင် (NSS) - ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုနယ်၊ ရေနံရပ်ကွက်၊ အမှတ်(၁)ရေနံချက်စက်ရုံဝင်းအတွင်းရှိ ရေလှောင်ကန်တာကျိုးပေါက်မှုသည် ယမန်နေ့(ဩဂုတ်လ ၁၀ ရက်)၊ ညနေ (၅) နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါတာကျိုးပေါက်မှုကြောင့် အနီးနားလူနေအိမ်များအတွင်းရေဝင်ရောက်မှု မရှိစေရေးရန် တပ်မတော်သား၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများ စုစုပေါင်းအင်အား(၇၀၀) ဦးခန့်က သဲအိတ်များ၊ သစ်သား တိုင်များ၊ စက်ယန္တရားများဖြင့် ရေကန်ပြုပြုင် ထိန်းသိန်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲဝင်များက ရောက်ရှိကာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး ဝိုင်းဝန်းဆောင်ရွက်ခဲ့သူများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီး(၂)ဦးအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူကို အလုပ်နှင့် ထောင်ဒဏ်(၁၀) နှစ်ချမှတ်
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
