အဆိုးရွားဆုံးပုံစံ ခိုင်းစေခံရသည့်ကလေးအလုပ်သမားများတွေ့ရှိပါက Help Line ဖုန်းနံပါတ် (၁၅၆၆) ကို သတင်းပို့နိုင်
ထိုက်စံ (NSS) - ဩဂုတ် ၁၁
အဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများတွေ့ရှိပါက Help Line ဖုန်းနံပါတ် (၁၅၆၆) ကို သတင်းပို့နိုင်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြီးခဲ့သည့်(ဩဂုတ် ၉ ရက်) မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများတွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့သတင်းပို့ရန်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်အညီ ကလေးအား အကောင်းဆုံးအကျိုးစီးပွားရရှိရေးဆောင်ရွက်ပေးရန် ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ကလေးသူငယ်များအပေါ် ပုံစံအမျိုးမျိုးဖြင့် အသုံး ချမှုများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမရှိစေရေး ကာကွယ်တားဆီးမှုများ ဆောင်ရွက်ရန်လည်း ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ကလေးလုပ်သားစစ်တမ်းအစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးအလုပ်သမားများကို တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးများမှ လူမှုဖြစ်ရပ်စီမံခန့်ခွဲသူများက လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ကွင်းဆင်းမှုများပြုလုပ်၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
ထို့ကြောင့် လုပ်ငန်းရှင်များနှင့် ပြည်သူတစ်ဦးချင်းစီက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာခြင်းဖြင့် ကလေးအလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လဲချားမြို့တွင် အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်နေသည့်တရုတ်နိုင်ငံသား(၃၀)ကျော်ကို ဆက်စပ်ပစ္စည်းများနှင့် အတူဖမ်းမိ
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
