ဘားအံမြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၇)ခု ဖွင့်လှစ်ရန်လျာထားဆောင် ရွက်နေ
ပုလဲ (NSS) - သြဂုတ် ၁၀
ဘားအံမြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၇)ခု ဖွင့်လှစ်ရန်လျာထားဆောင် ရွက်နေကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်လာတက်မှုကြောင့် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ကျော်လွန်ပြီး ယနေ့ (သြဂုတ်လ ၁၀ ရက်) နံနက် (၈) နာရီခွဲ တိုင်းတာချက်အရ ၈၂၀ စင်တီမီတာသို့ ရောက်ရှိနေ၍ မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးတွင်နေထိုင်သူများ ရေလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ထားရှိပြီး ရေဘေးသင့်ပြည်သူများအား ဝေငှပေးနိုင်ရန်အတွက် ဆန်၊ ဆီ နှင့် ကြက်ဥများ စီစဉ်ထားရှိကြောင်း သိရသည်။
ထို့အတူ ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေ ပိုမိုမြင့်တက်လာပါက မြေနိမ့်ပိုင်းနှင့် ရေဝင်ရောက်နိုင်သည့် နေရာများမှ ပြည်သူများရွှေ့ပြောင်းနိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် စခန်း(၁၆)ခု၊ ကျေးရွာအုပ်စုများတွင် စခန်း (၁၁)ခု စုစုပေါင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၇)ခု ဖွင့်လှစ်ရန်လျာထားပြီး ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီးအတွင်း ငါးသားပေါက် စခန်းသုံးခုမှ ငါးမျိုးစိုက်ထည့်ခြင်းနှင့်ရောင်းချခြင်းများ ဆောင်ရွက်နေ
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
