တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်တွင် လူဦးရေသန်းချီရွှေ့ပြောင်း
ဂျန်ဇက် (NSS) - ဩဂုတ် ၁၀
Dolphin တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လာခြင်းကြောင့် ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်း အပါအဝင် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသများရှိ နေအိမ်များမှ လူဦးရေ တစ်သန်းကျော်ကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း တရုတ်အစိုးရက ပြောသည်။
အဆိုပါမုန်တိုင်းကြောင့် ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများလည်း ရပ်တန့်သွားခဲ့ကာ တစ်ရက်တည်းတွင်ပင် ရှန်ဟိုင်းမြို့ တစ်မြို့တည်း၌ လေယာဉ်ခရီးစဉ် (၁,၀၀၀) နီးပါး ဖျက်သိမ်းခဲ့ရသည်။
တရုတ်အာဏာပိုင်များသည် အဆိုပါမုန်တိုင်းကို အပူပိုင်းမုန်တိုင်းအဆင့်သို့ လျှော့ချခဲ့ကြသော်လည်း မုန်တိုင်းသည် မြောက်ဘက်သို့ဆက်လက်ရွှေ့လျားနေသဖြင့် လာမည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းနှင့် မြေပြိုနိုင်ခြေအန္တရာယ် ရှိနေသေးကြောင်း ဆက်လက်သတိပေးနေဆဲဖြစ်သည်။
ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သမျှ မုန်တိုင်းများတွင် အပြင်းထန်ဆုံးဖြစ်သည့် Dolphin မုန်တိုင်းအတွက် တရုတ်အာဏာပိုင်များသည် အမြင့်ဆုံးအဆင့်ဖြစ်သော အနီရောင် သတိပေးချက်ကို ယခင်ကတည်းက ထုတ်ပြန်ထားခဲ့သည်။

မိုးလေဝသအာဏာပိုင်များ၏ အဆိုအရ တနင်္ဂနွေနေ့ ညနေ (၅) နာရီ (၃၀) မိနစ် (ဂရင်းနစ်စံတော်ချိန် ၀၉ နာရီ ၃၀ မိနစ်) တွင် ဂျီကျန်း (Zhejiang) ပြည်နယ်၊ ယူဟွမ်း (Yuhuan) မြို့သို့ စတင်ဝင်ရောက်တိုက်ခတ်စဉ်က အဆိုပါမုန်တိုင်းသည် တစ်နာရီလျှင် အများဆုံးလေတိုက်နှုန်း (၁၅၀) ကီလိုမီတာ (၉၄ မိုင်) နှုန်းဖြင့် တိုက်ခတ်ခဲ့ပြီး၊ တစ်နာရီခန့်အကြာတွင် ဝမ်ကျိုး (Wenzhou) မြို့သို့ ဒုတိယအကြိမ် ထပ်မံ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးဆက်လက်တိုက်ခတ်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘားအံမြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၇)ခု ဖွင့်လှစ်ရန်လျာထားဆောင် ရွက်နေ
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
