သီပေါမြို့ကိုတပ်မတော်မှ ပြန်လည်သိမ်းပိုက်

သက်ပိုင်(NSS) - အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်၊သီပေါမြို့ကို တပ်မတော်က အောက်တိုဘာလ (၁၇)ရက်တွင် ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ခိုင်လုံသောမြေပြင်သတင်းရင်းမြစ်က NSS သို့ပြောသည်။
လက်ရှိတွင် သီပေါမြို့တွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်နေပြီဖြစ်ပြီး ဒေသခံပြည်သူများကလည်း ဝမ်းသာအားရကြိုဆိုကြကြောင်း အဆိုပါသတင်းရင်းမြစ်ကဆိုသည်။
“နည်းနည်းလောက်ပဲ ကျန်တော့တယ်။ ရပ်ကွက်နှစ်ခုလောက်ကတော့ ရှင်းနေတုန်းပဲ။ သီပေါကိုပြန်ရသွားပြီလို့တော့ ပြောလို့ရတယ်။သူတို့ကိုရှင်းတာက တစ်ဖွဲ့ ၊မြို့ထဲကိုဝင်တာက တစ်ဖွဲ့ နှစ်ဖွဲ့ရှိတယ်။လက်ရှိမြို့ထဲမှာ မိုင်းတွေကျန်ခဲ့တယ်။နောက်ပြီး ဟော်နန်းကို မီးရှို့ဖို့လုပ်လို့ လိုက်ရှင်းနေရတာလည်းရှိတယ်” ဟု သတင်းရင်းမြစ်ကပြောသည်။
TNLA အကြမ်းဖက်သောင်းကျန်းသူများက သီပေါမြို့ရှိဌာနဆိုင်ရာဆိုင်ရာအဆောက်အအုံများနှင့် ပြည်သူလူထု၏နေအိမ်များအားမီးရှို့ထွက်ပြေးသွားခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်က အောက်တိုဘာလ (၁၆) ရက်က သတင်းထုတ်ပြန်ထားသည်။
ထိုသို့မီးရှို့ဖျက်ဆီးမှုကြောင့် သီပေါမြို့အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများဖြစ်သည့် အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ်အပါအဝင် အခြားဌာနဆိုင်ရာအဆောက် အအုံများနှင့် ပြည်သူလူထု၏ နေအိမ်များမီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နာမည်ကြီး Online လောင်းကစားဂိမ်း လုပ်ကိုင်သူ အချို့ ဖမ်းဆီးခံရ
