Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံတော်ဘာသာတို့၏ သမိုင်းအစနှင့် သမိုင်းအလယ်

Htay Oung (NSS) - အောက်တိုဘာ ၁၇ 

တရားဝင်ကိုးကွယ်ရာဘာသာ သို့မဟုတ် အချုပ် အခြာ အာဏာပိုင်နိုင်ငံတစ်ခုခုက တရားဝင်အသိအ မှတ်ပြုထားတဲ့ကိုးကွယ်ရာဘာသာကို State Reli­gious “နိုင်ငံတော်ဘာသာ”လို့ခေါ်ပါတယ်။ ယခင် Theocracy “သီအိုကရေစီ”လို့ခေါ်ဆိုခဲ့ဖူးပြီး ဂရိ ဘာသာ “ဘုရားသခင်အုပ်ချုပ်မှု”လို့ အဓိပ္ပာယ်ရပါ တယ်။ တိုင်းပြည်တစ်ပြည်မှာ ဘာသာရေးဥပဒေ၊ ဘာသာရေးခေါင်းဆောင်တို့ကို “ဥသျှောင်”အဖြစ် ထားရှိပြီး အုပ်ချုပ်တဲ့နိုင်ငံရေးစနစ်ဖြစ်ပါတယ်။ 

ကမ္ဘာပေါ်မှာ နိုင်ငံတော်ဘာသာသတ်မှတ်မှု အ များဆုံးမှာ “အစ္စလာမ်”ဖြစ်ပြီး (၂၀၁၇)ခုနှစ် လစ် ဗျား၊ အီဂျစ်၊ အီရန်၊ ယီမင်၊ ပါကစ္စတန်၊ အာဖဂန်နစ္စ တန်၊ ဆော်ဒီအာရေးဗျ၊ ဘရူနိုင်း စသဖြင့် နိုင်ငံပေါင်း (၂၇)နိုင်ငံခန့်ရှိပါတယ်။

ဒုတိယအများဆုံးမှာ နိုင်ငံပေါင်း (၁၄)နိုင်ငံပါ ဝင်တဲ့ “ခရစ်ယာန်”ဖြစ်ပြီး (၂၀၁၇)ခုနှစ် သုတေသ နပြုချက်အရ ဗာတီကန်စီးတီး၊ ဗြိတိန် (အင်္ဂလိကန် ဘုရားကျောင်းတော်)၊ အာဂျင်တီးနား၊ နော်ဝေ၊ ဒိန်း မတ်၊ ဖင်လန်၊ အိုက်စလန်၊ ဂရိ(ဩသိုဒေါက်) စသ ဖြင့် ကမ္ဘာအနှံ့ နိုင်ငံများဖြစ်ကြောင်းတွေ့ရှိရလိ့မ် မယ်။ အာရှပစိဖိတ်ဒေသတူ ဗားလူးကျွန်းနိုင်ငံနဲ့ အာ ဖရိကဇမ်ဘီယာနိုင်ငံတို့က ခရစ်ယာန်ဘာသာကို နိုင် ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းထားခြင်းမှာ မှတ်သား စရာဖြစ်ပါတယ်။  ဒုတိယအနည်းဆုံးအဖြစ် “ဗုဒ္ဓဘာ သာ” ကို ဘူတန်နဲ့ ကမ္ဘောဒီးယားတို့မှာတွေ့ရှိရပြီး အားလုံးမှာ အနည်းဆုံးဖြစ်တဲ့ ဟိန္ဒူဘာသာကိုတော့ နီပေါမှာသာ နိုင်ငံတော်ဘာသာအဖြစ်တွေ့ရှိရပါ တယ်။ အုပ်စုဖွဲ့ပြီးနေထိုင်မှသာလျှင် ရှင်သန်နိုင်တဲ့ လူသားတို့အနေနဲ့ သဘာဝဖြစ်ရပ်တွေကို နားမလည် နိုင်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ ရှင်းပြနိုင်မှုအားနည်းခြင်း တို့ဟာ ဘာသာကိုးကွယ်မှု(religion)  ပေါ်လာရခြင်း ရဲ့ ကနဦးနိဒါန်းပဲဖြစ်ပါတယ်။ ရှေးဦးလူသားတွေဟာ မိုးကြိုးပစ်၊ မီးတောင်ပေါက်ကွဲ၊ မိုးခေါင်၊ ရောဂါဖြစ်၊ နေ-လ အလင်းရောင် စတာတွေဟာ တန်ခိုးတစ်ခုခု ကြောင့်ဖြစ်တယ်လို့ ကြောက်ရွံ့ခြင်း၊ အားကျခြင်းဖြင့် ကိုးကွယ်ယုံကြည်မှု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ 

အပြစ်ဖြေခြင်း- လူ့လောကကိုထိန်းချုပ်နိုင်သူ နတ် ဘုရားတို့ နှစ်သက်စေရန် 

အစားအစာ-တိရစ္ဆာန်များကို ပူဇော်ပသခြင်းဖြင့် ဖြေ ရှင်းခဲ့ကြပါတယ်။

အဲဒီကတစ်ဖန် ပူဇော်ပသမှုတွေကို ဦးဆောင်ဖို့ သီးသန့်လူတန်းစားတွေပေါ်ပေါက်လာခဲ့ပါတယ်။ လူ့ အဖွဲ့အစည်းရဲ့စည်းကမ်းလိုက်နာရန် လိုအပ်မှု၊ မ ကောင်းမှုဆိုသည်တို့ကို ရှောင်ကြဉ်ရန် ခြောက်လှန့်မှု၊ ကောင်းမှုဆိုသည်တို့ကို လုပ်ဆောင်ရန် အားပေးမှု တို့နဲ့ ဘာသာရေးယုံကြည်မှုအဖြစ် စနစ်တကျ ဖွံ့ဖြိုး လာခဲ့ပါတယ်။

ယဉ်ကျေးမှု၊ စိတ်အာရုံပိုင်းဆိုင်ရာလိုအပ်မှု၊ မေ့ ပျောက်နိုင်ဖို့၊ စိတ်သက်သာရာရရှိနိုင်ဖို့အတွက် ဘာ သာရေးယုံကြည်ချက်တွေ ဖန်တီးခဲ့ပါတယ်။ ဘာသာ ရေးဟာ လူ့အဖွဲ့အစည်းကို စည်းကမ်းထိန်းသိမ်းပေး ပြီး စည်းလုံးညီညွတ်စေတဲ့ကိရိယာတစ်ခုအဖြစ် အ ဆင့်ဆင့် ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်။ ကိုးကွယ် ရာဘာသာကို နိုင်ငံတော်ဘာသာအဖြစ် စတင်ပြဋ္ဌာန်း သူမှာ အေဒီ (၃၈၀)ပြည့်နှစ် ရောမဧကရာဇ် ပထမ မြောက် သီအိုဒိုးရပ်စ်(Theodosius I) ဖြစ်ပြီး ပြည် တွင်းစစ် (၂)ကြိမ်အောင်မြင်ပြီးနောက် (ဩသို ဒေါက်) ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအ ဖြစ် တရားဝင်ပြဋ္ဌာန်းခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဟာ ကိုးကွယ်ယုံကြည်မှုထက်ကျော်လွန်ပြီး နိုင်ငံရေး၊ စီး ပွားရေးနဲ့ လူမှုရေးဆိုင်ရာအသင်းအပင်းတစ်ခုဖြစ်လာ ခဲ့ပါတယ်။

ခရစ်ယာန်ကျမ်းစာရဲ့သွန်သင်ချက်တွေကို ဥပဒေအဖြစ်အသုံးပြုခဲ့ကြပြီး သင်းအုပ်ဆရာတွေနဲ့ ဘုန်းတော်ကြီးတွေဟာ ဧကရာဇ်ရဲ့ဆုံးဖြတ်ချက်တွေ အပေါ် ဝင်ရောက်စွက်ဖက်နိုင်တဲ့ တန်ခိုးထွားသူတွေ ဖြစ်လာခဲ့တယ်။ ဘုရားကျောင်းတော်တွေဟာ             လယ်/မြေယာ အမြောက်အမြားကိုပိုင်ဆိုင်ကြပြီး စီးပွားရေးအရ ဩဇာကြီးမားပါတယ်။ နိုင်ငံရေးတည် ငြိမ်အောင်ထိန်းသိမ်းရာမှာ ဘာသာရေးကို ကိရိယာ တစ်ခုအဖြစ်အသုံးချခဲ့ပါတယ်။

သက်ဦးဆံပိုင်ဧကရာဇ်တို့ရဲ့ တခြားသူ တွေအပေါ် လူကိုလူချင်းအုပ်ချုပ်တာဟာ တစ်စုံတစ် ခုသောတန်ခိုးတော်အရဖြစ်တယ်လို့ ခြောက်လှန့်မှု ဖြစ်လာပါတယ်။ " ဘုရားသခင်၏အလိုတော်" (Di­vine Right) ကိုအကြောင်းပြုပြီး အုပ်စိုးမှုကို တရား ဝင်ဖြစ်အောင်ပြုလုပ်ပါတယ်။ ဧကရာဇ်သည် " ဘုရား သခင်၏ကိုယ်စားလှယ်" အဖြစ် ကြေညာခဲ့ပါတယ်။ တစ်ဖက်မှာလည်း အင်ပါယာကြီးအတွင်း လူမျိုးပေါင်း စုံ/လူတန်းစားအလွှာအသီးသီးတို့ကို ဘာသာတရား တစ်ခုတည်းရဲ့အောက်မှာ စုစည်းနိုင်ခဲ့ပါတယ်။ ရန် ဘက်တွေကိုတိုက်ခိုက်ရာမှာလည်း စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာ အားပေးမြှင့်တင်နိုင်ခဲ့ကြပါတယ်။ 

နှစ်ပေါင်း (၂၀ဝ) နီးပါးကြာမြင့်တဲ့ " ကရူး ဆိတ်စစ်ပွဲ " ဟာ ဂျေရုဆလင်မြို့ကို မွတ်စလင်တို့လက် မှ ပြန်လည်သိမ်းယူရန်ကြိုးစားတဲ့ လက်နက်ကိုင်ပဋိပက္ခကြီးဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ သန့်ရှင်းသော ဂျေရုဆလင်မြို့ ပြန်လည်ရရှိရေးစစ်ပွဲမှာ ပါဝင်တိုက် ခိုက်သူအားလုံး အကုသိုလ်အပြစ်များမှ ပယ်ဖျက်ပေး မှာဖြစ်ကြောင်း၊ ကျဆုံးသွားခဲ့ရင်လည်း "ကောင်းကင် နိုင်ငံတော်ကို တိုက်ရိုက်ရောက်ရှိစေရမယ်"လို့ ပုပ်ရ ဟန်းမင်းကြီး “ဒုတိယမြောက် အာဗန်” က (Plenary Indulgence) ကတိပြုပါတယ်။ အရှေ့ဘက်မှာ မြေ ဆီမြေနှစ် အလွန်ကောင်းမွန်တဲ့ လယ်မြေယာတွေ၊ ရွှေငွေရတနာများစွာရှိကြောင်း ယင်းတို့ကို သိမ်းပိုက် ခွင့်ရမယ်လို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒါ့ပြင် အိမ်ခြံမြေ အခွန်ကင်းလွတ်ခွင့်၊ ကြွေးမြီ ပြေလျော့ခွင့်တွေလည်း ပေးအပ်ခြင်းဖြင့် ခရစ်နှစ် (၁၀၉၅)ခုနှစ်မှာ စစ်ပွဲကြီး စတင်ဖြစ်ပွားပါတယ်။ အဲဒီကတိတွေဟာ ဥရောပက ဆင်းရဲတဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးတွေသာမက သူဌေးသူကြွယ်၊ မင်းညီမင်း သားမကျန် အားလုံးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူတို့အတွက် ဘဝပြောင်းလဲ စေမယ့်အခွင့်အရေးကြီးဖြစ်ပြီး စစ်ပွဲဟာ (၁၂၇၂) ခုနှစ်အထိကြာမြင့်ခဲ့ပါတယ်။  

ဒီစစ်ပွဲတွေရဲ့ နောက်ဆက်တွဲကောင်း ကွက်အနေနဲ့ မတူညီတဲ့ ကိုးကွယ်ရာဘာသာနှစ်ခုအ ကြား စာပေ၊ ယဉ်ကျေးမှု၊ အသိအမြင်နဲ့ အတတ် ပညာပိုင်းဆိုင်ရာတွေကို ဖလှယ်လိုက်သလိုဖြစ်သွား ပြီး  ဥရောပရဲ့ စီးပွားရေးနဲ့ယဉ်ကျေးမှုအပေါ် အကျိုး သက်ရောက်မှုတွေလည်းရှိခဲ့တယ်။ အရှေ့တောင်အာ ရှနဲ့ဥရောပကြား ကုန်သွယ်ရေးလမ်းကြောင်းတွေပွင့် သွားပါတယ်။

ဥရောပမှာ နိုင်ငံတော်ဘာသာစနစ် မှေး မှိန်လာခြင်းဟာ တဖြည်းဖြည်းပြောင်းလဲလာတဲ့ ဖြစ် စဉ်တွေပါဝင်ပါတယ်။ (၁၇၈၉)ခုနှစ်မှာ စတင်ဖြစ်ပွား တဲ့ ပြင်သစ်တော်လှန်ရေးဟာ ဘုရင်စနစ်ကိုဆန့်ကျင် ခဲ့ပြီး လူ့အခွင့်အရေးကြေညာစာတမ်း (Declar ation of the Rights of Man) ပါအတိုင်း ဘာသာ ရေးလွတ်လပ်ခွင့်ကို အသိအမှတ်ပြုခဲ့ပါတယ်။ 

(၁၈)ရာစုနှစ် ဥရောပ ဉာဏ်သစ်အရေး တော်ပုံ (Age of Enlightenment) ဖြစ်ပေါ်လာပြီး ဆိုကရေးတီးစ် (Socrates)၊ ဗော်လတိုင်ယာ (Volt- aire) တို့လို အတွေးအခေါ်ပညာရှင်တွေဟာ နိုင်ငံရေးမှာ ဘာသာရေးနဲ့ ရောယှက်ခြင်းမရှိတဲ့ဝါဒ (Sec­ularism) ကို ဟောပြောခဲ့ကြပါတယ်။ (၁၈၅၉) ခုနှစ် ချားလ်စ်ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီဟာ လူသားတို့ ရဲ့မူလအစနဲ့ သဘာဝလွန်ယုံကြည်မှုတွေမှာ သိပ္ပံ နည်းကျ စိစစ်ဝေဖန်မှုကို ခြေလှမ်းစတင်ခဲ့ပါတယ်။ (Industrial Revolution)  စက်မှုတော်လှန်ရေးဖြစ် စဉ်ကြောင့် လူ့အဖွဲ့အစည်းရဲ့အာရုံစိုက်မှုဟာ ဘာ သာရေးမှ သိပ္ပံနဲ့နည်းပညာဘက်ကိုပြောင်းလဲသွား ခြင်းဖြင့် နိုင်ငံတော်ဘာသာစနစ် မှေးမှိန်သွားပါတယ်။ (၁၉) ရာစု နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ် ပြီး ဥရောပနိုင်ငံအတော်များများတို့ရဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေတွေမှာ “ဘာသာရေးနဲ့နိုင်ငံတော်”ကို ခွဲခြားသတ်မှတ်လာကြပါတယ်။

အိန္ဒိယနဲ့မြန်မာ နယ်စပ်ဝန်းကျင်ဧရိယာ ဟာ အလွန်များပြားတဲ့ ဌာနေတိုင်းရင်းသားမျိုးနွယ် စုတွေ၊ ဘာသာစကားနဲ့ကိုးကွယ်မှု အစုံလင်ဆုံး ကမ္ဘာ့ ပဉ္စမမြောက်နယ်မြေကြီးဖြစ်ပါတယ်။ တစ်ဆက် တည်းမှာပဲ အဲဒီဒေသဟာ အစ္စလာမ်သာသနာဝင် ရောက်လာခဲ့ပြီး ခရစ်ယာန်ဗြိတိသျှတို့ရဲ့ ကိုလိုနီပြု မှုကိုလည်း နှစ်ပေါင်း ရာချီခံခဲ့ရပါတယ်။ အဲဒီလို ဒေသကြီးအတွင်း နိုင်ငံထူထောင်မယ်ဆိုရင် (၁) ဘာ သာရေးနဲ့နိုင်ငံရေးကိုရောနှောတဲ့  Secular Coun- try ဖြစ်သင့်သလား (၂) ဘာသာရေးနဲ့နိုင်ငံရေးကို ရောနှောခြင်းမရှိ၊ ဆန်းစစ်ကျင့်သုံးတဲ့ Non-secu lar Country ဖြစ်သင့်လားဆိုတာ အလွန်စိတ်ဝင် စားစရာကောင်းပါတယ်။ 

လွတ်လပ်ရေးရရှိပြီး မြန်မာနိုင်ငံတော်ထူ ထောင်ဖို့ရည်ရွယ်တဲ့ (၁၉၄၇) ခုနှစ် အခြေခံဥပဒေမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုကို အ လေးပေးခဲ့ကြောင်းတွေ့ရှိရပါတယ်။ (အခန်း ၂၊ ပုဒ်မ ၂၀) လူတိုင်း မှန်ကန်တဲ့နည်းလမ်းဖြင့် ကိုးကွယ် ဆည်းကပ်ခြင်းနဲ့ ဘာသာတရားလွတ်လပ်ခွင့်ရှိရမယ်။ (ပုဒ်မ-၂၁) ဗုဒ္ဓဘာသာသည် နိုင်ငံသားအများစု ကိုး ကွယ်ရာဘာသာဖြစ်ကြောင်း အသိအမှတ်ပြုတယ်။ တခြားဘာသာတွေကို နှိမ့်ချခြင်း ခွဲခြားဆက်ဆံခြင်း မပြု၊ ဘာသာရေးကို နိုင်ငံရေးအရ အလွဲသုံးစားခြင်းမှ တားမြစ်၊ (ပုဒ်မ-၁၃) နိုင်ငံသားအားလုံး ဥပဒေအရ တန်းတူညီမျှပြီး မွေးဖွားမှု၊ ဘာသာရေး၊ လိင် ဒါမှမ ဟုတ် လူမျိုးရေးအရခွဲခြားမှုမရှိစေရလို့ ပြဋ္ဌာန်းထား ပါတယ်။

ဆဋ္ဌမမြောက် သင်္ဂါယနာ ဒါယကာကြီး ဦးနု ဖဆပလ အစိုးရရဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာ သာ State Religion  အဖြစ် ပြဋ္ဌာန်းခြင်းဟာ (၁၉၆၂) ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခြင်းဖြင့် နိဂုံး ချုပ်သွားပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ သတ်မှတ်မည်ဆိုခြင်းကြောင့် KIA ကချင်သူပုန်ပေါ် ပေါက်လာရသည်ဆိုလျှင် ဒီနေ့ခေတ် KIA  ကတော့ ဘယ်အစိုးရတက်တက် လက်နက်ကိုင် သူပုန်ထနေဦး မယ့်အဖွဲ့သာဖြစ်ကြောင်း ခုနောက်ပိုင်း ပိုမို သိသာ လာပါတယ်။  

အဲဒီ အမြင်သဘောထားဟာ ဆက်လက် တည်ရှိနေပြီး  ဒီနေ့ လက်ရှိ (၂၀ဝ၈)ခုနှစ် အခြေခံဥပ ဒေမှာ (ပုဒ်မ-၃၄) လွတ်လပ်စွာကိုးကွယ်နိုင်၊ အခွင့် အရေး အညီအမျှရရှိ၊ (ပုဒ်မ-၃၆၁) ဗုဒ္ဓဘာသာသည် နိုင်ငံသားအများစုကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနဲ့ပြည့်စုံ၊ (ပုဒ်မ-၃၆၂) ခရစ်ယာန်-အစ္စ လာမ်-ဟိန္ဒူနဲ့ နတ်ကိုးကွယ်မှုစသည့် ကိုးကွယ်ရာ ဘာသာများကို အသိအမှတ်ပြု။ (ပုဒ်မ -၃၆၄) နိုင်ငံ ရေးအတွက် ဘာသာသာသနာကို အလွဲသုံးစားမပြုရ၊ (ပုဒ်မ-၃၆၈) ပညာထူးချွန်သူနိုင်ငံသားအားလုံး လူ မျိုး-ဘာသာ-ကျားမ မခွဲခြားဘဲ အရည်အချင်းအ လိုက် ထောက်ပံ့၊ (ပုဒ်မ-၄၀၇(ဂ) ဘာသာရေးအခြေ ပြု နိုင်ငံရေးပါတီဖွဲ့စည်းခြင်းကိုတားမြစ်တယ်လို့ ဖော်ပြထားပါတယ်။  

သမိုင်းတစ်လျှောက် ဘာသာရေးဟာ နိုင်ငံ တစ်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုအတွက် အရေးပါတဲ့ ယဉ်ကျေးမှုဆိုင်ရာမဏ္ဍိုင်တစ်ခုဖြစ်ခဲ့တာ အမှန်ပါပဲ။ အဲဒီနောက် နိုင်ငံတစ်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းရာမှာ ဘုံယဉ်ကျေးမှုနဲ့ ယုံကြည် ကိုးကွယ်မှုဆိုင်ရာ စံတန်ဖိုးတွေလိုအပ်လာပါတယ်။ နိုင်ငံတော်ဘာသာသတ်မှတ်ခြင်းဟာ အတိတ်ကာလ သမိုင်းအခြေအနေအရ မြို့ပြတွေစုစည်းရာမှာ အ ထောက်အကူပြုခဲ့တာမှန်ပေမယ့် မျက်မှောက်ခေတ် မှာ အလုပ်ဖြစ်တယ်လို့မပြောနိုင်တော့ပါဘူး။ လူနည်း စုဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံမှုကိုဦးတည် စေနိုင်ပြီး လူမှုရေးပဋိပက္ခတွေကို ပိုမိုဆိုးရွားစေနိုင်ပါ တယ်။ ဒါကြောင့် (၁၈)ရာစုနိုင်ငံရေးမှာ ဘာသာရေး ရောယှက်မှုမရှိတဲ့တိုင်းပြည် Non-Secular Coun­try  တွေပေါ်လာရပါတယ်။ မည်သည့်ဘာသာမျှ ကိုး ကွယ်ခြင်းမရှိတဲ့ Irreligious နဲ့ ထာဝရဖန်ဆင်းရှင် ကိုငြင်းပယ်ခြင်း Atheism တွေလည်း တစ်နေ့တခြား တိုးပွားလာနေပါတယ်။ ဒီနေ့ခေတ် အီရန်-ပါကစ္စ တန်-ဆော်ဒီအာရေးဗျ- အာဖဂန်နစ္စတန်-(ဟူသီ) ယီမင်-ဆူဒန်-မော်ရီတေးနီးယားတို့က အစ္စလာမ် ဘာသာကိုလည်းကောင်း၊ ဗာတီကန်စီးတီးက ခရစ် ယာန်ဘာသာကိုလည်းကောင်း နိုင်ငံတော်ဘာသာအ ဖြစ်သတ်မှတ်ထားပြီး ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ ဩဇာညောင်းပါတယ်။ ဥပဒေပြုခြင်း၊ တရားစီရင်ခြင်း တွေမှာ ဘာသာရေးအရဖြစ်ပါတယ်။ နိုင်ငံတချို့ဟာ နိုင်ငံရေးမှာ ဘာသာရေးရောနှောခြင်းမရှိတဲ့တိုင်း ပြည်တွေအဖြစ် သူတို့ဘာသာကြွေးကြော်နေပေမယ့် ဒီနေ့ အမေရိကန်၊ ပြင်သစ်တို့ဟာ ထိပ်တန်း (၁၀) နိုင်ငံစာရင်းမှာမပါပါ။ ယူကေမှာ အင်္ဂလန်ဘုရား ကျောင်းတော်တွေကို ဦးစားပေးရပါတယ်။ 

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ ပညာရေး မှာ သမိုင်းစဉ်လာအလွန်ကြီးမားတဲ့မဏ္ဍိုင်ကြီးဖြစ်ပါ တယ်။ ရှင်ဘုရင်ရော လယ်သမားပါ ဘုန်းတော်ကြီး ကျောင်းထွက်တွေဖြစ်ကြပေမယ့် တခြားကိုးကွယ်ရာ ဘာသာကြီးတွေလို အိမ်ထောင်သားမွေး၊ လင်ကွာ မယားကွာ၊ အမွေခွဲ၊ စစ်တိုက်၊ ပြစ်ဒဏ်စီရင်ပုံတွေ မပါရှိပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓဘာသာ ဂိုဏ်းကြီး(၉)ဂိုဏ်းမှာ သာသနာပိုင်အသီးသီးရှိကြပါ တယ်။ သာသနာပိုင်ဆရာတော်ကြီးတွေဟာ စာသင်၊ စာချ၊ ဟောပြောခြင်း သာသနာ့တာဝန်များအပြင် သံဃာအချင်းချင်းအငြင်းပွားခြင်းနဲ့ ဝိနည်းဆိုင်ရာကိစ္စ ရပ်များသာလျှင် ဆောင်ရွက်တော်မူကြပါတယ်။ လောကီလူ့ဘောင် ကိလေသာအညစ်အကြေးတွေကို စက်ဆုပ်ရွံရှာစွာကျောခိုင်းပြီး သာသနာ့ဘောင်မှာ  ဝိနည်းနဲ့အညီပျော်မွေ့နေသူများသာဖြစ်ပြီး နိုင်ငံ ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့မှာ ကြိုးကိုင်သူ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီအတွက် “နိုင်ငံတော်ဘာသာ” ပြဋ္ဌာန်းလျှင် အခက်တွေ့နိုင်ပါတယ်။       

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Eurasian တိုက်ကြီးသို့ ဝင်ပေါက် (သို့) တောင်ကိုရီးယားရဲ့ပင်လယ်ကမ်းခြေ သမီးပျို ဘူဆန်

RECENT POSTS
အစိုးရသစ် ရက်ပေါင်း (၁ဝဝ) အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များအား နိုင်ငံတော်သမ္မတ ပြောကြား၊ ငြိမ်းချမ်းရေးအတွက် အတိအလင်းဖိတ်ခေါ်
20 Apr 2026
နိုင်ငံတော်သမ္မတပြောတဲ့ ရက် (၁၀၀) စီမံချက်၊ ဦးဝင်းမြင့်ရော ဆက်သွယ်မိသူတွေပါ အနေကြပ်သွားတဲ့ဖြစ်ရပ်၊ တရုတ်ရဲ့မြေရှားလုပ်ကွက် နိုင်ငံတော် မတို့ရက် မထိရက်၊ဟုမ္မလင်းက ဆီသင်္ဘာတွေ မီးလောင်တဲ့ကိစ္စ၊ MAI လေယာဥ်ကိုဝင်တိုက်မိတဲ့ MNA ရဲ့ဖြစ်ရပ် (၂၀-ဝ၄-၂၀၂၆)
20 Apr 2026
ယနေ့ ဧပြီလ (၂ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
20 Apr 2026
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် လက်နက်ကိုင် (၁၁) ဦး အလင်းဝင်
20 Apr 2026
နိုင်ငံတော်သမ္မတက ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ ကို စောင့်ရှောက်ပေးရန် ရှမ်းဝန်ကြီးချုပ်ကို မှာကြား
20 Apr 2026
MNA လေယာဉ်ဘရိတ်ချို့ယွင်းကာ MAI လေယာဉ်အမြီးပိုင်းကို တိုက်မိသောဖြစ်စဉ် ရန်ကုန်တွင်ဖြစ်ပွား
20 Apr 2026
ရေနံအရောင်းအဝယ်အတွက် တရုတ် 'ယွမ်' ကို ပြောင်းသုံးမည်ဟု အမေရိကန်ကို UAE အစိုးရသတိပေး
20 Apr 2026
"သစ္စာဖောက်" ဟု စွပ်စွဲခံရခြင်းကို အီရန်လွှတ်တော်ဥက္ကဋ္ဌတုံ့ပြန်
20 Apr 2026
အာရှ ယူ-၁၇ အမျိုးသမီး ပြိုင်ပွဲအတွက်တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာယူ-၁၇ မျိုးသမီးအသင်း ဖိလစ်ပိုင်အသင်းနှင့် ခြေစမ်းပွဲ ကစားမည်
20 Apr 2026
ဂျပန်နှင့်တင်းမာမှုရှိနေချိန်တွင် တရုတ်စစ်တပ်က ပစိဖိတ်သမုဒ္ဒရာသို့ စစ်သင်္ဘာများ စေလွှတ်
20 Apr 2026
အမေရိကန်ရဲ့ဖိအားတွေကို အဆုံးအထိ ခုခံသွားမယ်လို့ အီရန်အစိုးရပြော
20 Apr 2026
အီရန်အလံတင်သင်္ဘောကို အမေရိကန်စစ်သင်္ဘောတစ်စီးက ကြားဖြတ်ဟန့်တား
20 Apr 2026
ရန်ကုန် - မန္တလေး အမြန်လမ်းတွင် ယာဉ်မောင်း အိပ်ငိုက်သဖြင့် လမ်းလယ်ကျွန်း တိုက်မိကာ လူ (၂) ဦး ဒဏ်ရာ ရ
20 Apr 2026
နေပြည်တော်၌ ကျန်ရှိသည့် နွေစပါးစိုက်ဧကများအတွက် ဓာတ်မြေဩဇာလိုအပ်ချက်၏ (၃၀)ရာခိုင်နှုန်းကို ကနဦးရောင်းချပေးလျက်ရှိ
20 Apr 2026
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ ထပ်မံစမ်းသပ်ပစ်လွှတ်
20 Apr 2026
ကြို့ပင်ကောက်၊ ဇီးကုန်းမြို့နယ်များအတွင်းရှိ လေ‌ဘေးသင့်‌ဒေသခံများကို ကျပ်သိန်း (၉၀၀) ကျော် ထောက်ပံ့ပေးခဲ့
20 Apr 2026
အမေရိကန်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကလေးငယ်(၈)ဦးသေဆုံး
20 Apr 2026
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၏ ခရီးစဉ်အတွင်း နိုင်ငံအတွက် ရေနံနှင့်‌ ရေနံထွက်ပစ္စည်းများ ရေရှည်ဖြည့်ဆည်းရန် သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့
20 Apr 2026
ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဆွာချောင်းတံတား (အပြန်လမ်း)ကို လာမည့် ဇွန်လတွင် အသုံးပြုနိုင်မည်
20 Apr 2026
စက်ချို့ယွင်းမှု ပြုပြင်ပြီးသဖြင့် ပတ်စ်ပို့စာအုပ်များ ပုံမှန် ဆောင်ရွက်ပေးနေကြောင်း ဂျပန်ဆိုင်ရာ မြန်မာသံရုံးအသိပေး
20 Apr 2026
FOLLOW US

Copyright © News Services Station | All Right Reserved