စိုက်ပျိုးမြေများ တိုးချဲ့ခြင်းထက် ရှိပြီးသားမြေများပေါ်၌ သီးနှံအထွက်နှုန်း တိုးတက်စေရန် ဆောင်ရွက်သွားရန် တိုက်တွန်း
စော (NSS) - အောက်တိုဘာ ၁၇
သီးနှံများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသားစိုက်ပျိုးမြေများပေါ်တွင် တစ်ဧကသီးနှံအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) က တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် မိမိတို့နိုင်ငံသည် အခြေခံအားဖြင့် မွေးမြူရေးကိုအခြေခံသည့်စီးပွားရေးကိုဆောင်ရွက်ကြခြင်းဖြစ်ပြီး နိုင်ငံ၏ (၇၀) ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြကာ (၃၀) ရာခိုင်နှုန်းခန့်သည် မြို့ပြတွင်နေထိုင်ကြ၍ အဆိုပါ လူဦးရေအနက် (၅၀) ရာခိုင်နှုန်းခန့်သည် လယ်ယာ စိုက်ပျိုးရေး၊ သစ်တောနှင့် သားငါးကဏ္ဍတို့တွင် အသက်မွေးဝမ်းကျောင်းပြု နေကြသူများဖြစ် ကြောင်းပြောကြားခဲ့သည်။

ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရန်ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်၍ ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးမှ သာ နိုင်ငံစီးပွားရေးတိုးတက်လာမည်ဖြစ်ပြီး ဆင်းရဲ မွဲတေမှုကို တစ်ပါတည်းလျှော့ချနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အဓိကကျောရိုးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ တိုးတက်စေရန် ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍကြီးနှင့်ဝန်ဆောင်မှုကဏ္ဍကြီးများလည်း တိုးတက်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးကဆိုသည်။
သီးနှံများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသားစိုက်ပျိုး မြေများပေါ်တွင် တစ်ဧကသီးနှံအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုပြီး အဆိုပါပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီမှုမရှိသေးကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တစ်ဧကပန်းတိုင်အထွက်နှုန်များ တိုးတက်စေရန်ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန် ၊ စိုက်ပျိုးမြေများကောင်းမွန်စေရေး လိုအပ်သည့် မြေဩဇာများ ထည့်သွင်းခြင်းနှင့် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ စိုက်ပျိုးရေကို အကျိုးရှိစွာဖြင့်အသုံးချရန်နှင့် နည်းစနစ်တကျ စိုက်ပျိုးရန်လိုကြောင်း၊ သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စိုက်ပျိုး သူ တောင်သူများ ကိုယ်တိုင်ကလည်း ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးကဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်၌ ခုတင်(၁၀၀၀)ဆေးရုံအပါအဝင် နေရာအချို့ အောက်တိုဘာ ၁၉ရက်နေ့တွင် ရေပေးဝေမှုနောက်ကျမည်
RELATED POSTS
14 Aug 2026 | စီးပွားရေး,ပြည်တွင်း
13 Aug 2026 | စီးပွားရေး,ပြည်တွင်း
13 Aug 2026 | စီးပွားရေး,ပြည်တွင်း
