နည်းပညာကျောင်းသားများ၏ ပရောဂျက်များကို နိုင်ငံတော်က စောင့်ကြည့်အသုံးပြုစေလိုကြောင်း အကြံပြု
သက်ပိုင် (NSS) - အောက်တိုဘာ ၁၇
မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားများပြုလုပ်သည့် Assignment ပရောဂျက်များကို နိုင်ငံတော် အဆင့်အဖွဲ့အစည်းများ ဖွဲ့စည်းကာ လေ့လာစောင့်ကြည့်မှုများ လုပ်ဆောင်သင့်ကြောင်း နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းများက NP News မှတဆင့် အကြံပြုပြောကြား သည်။
နည်းပညာတက္ကသိုလ်ကျောင်းသားများအနေဖြင့် ကျောင်းတက်ရောက်နေစဉ်ကာလအတွင်း အနည်းဆုံး Assignment ပရော့ဂျက် (၃) ခုခန့်လုပ်ဆောင်ရလေ့ရှိပြီး ယင်းအထဲတွင် နိုင်ငံအတွက် အသုံးဝင်နိုင်သည့် ပရောဂျက်များပါ ပါရှိနိုင်သည့်အတွက် ယခုကဲ့သို့ပြုလုပ်ရန်လိုအပ်ခြင်းဖြစ်ကြောင်း နည်းပညာကျောင်းသား ဟောင်းတစ်ဦးဖြစ်သူ ကို ကျော်မင်းသက်က ဆိုသည်။
“အရင် ကျွန်တော်တို့တုန်းကတည်းက ကောင်းတာတွေအများကြီး ရှိခဲ့တယ်။ ထူးခြားတာဆိုရင် မော်လမြိုင်က လျှပ်စစ်ကားထုတ်မယ့် ပရော့ဂျက်တာမျိုးတို့၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေပြီး ကန်စွန်းဥကို အခြေခံပြီး တော့ အချိုမှုန့်အစားထိုး အရသာမှုန့်ထုတ်ခဲ့တာမျိုးတို့ပေါ့လေ။ဒါတွေက ကျောင်းပြီးသွားရင် စာအုပ်ထဲမှာပဲ ကျန်ခဲ့ တယ်။ အပြင်မှာ အစိုးရပိုင်းဆီက ဘာအထောက်ပံ့မှ မရတော့ အရမ်းနှမြောဖို့ကောင်းတာပေါ့။ ဒါမျိုးတွေကိုသာ ကူညီပြီး တန်ဖိုးထပ်မြှင့်နိုင်မယ်ဆိုရင် နိုင်ငံအတွက် အသုံးဝင်တဲ့အရာတွေဖြစ်လာနိုင်တာပေါ့” ဟု ၄င်းကဆိုသည်။

ကျောင်းသားများမှာ Idea ရှိသော်လည်း ကျန်သည့် အရင်းမြစ်များမှာ လိုအပ်ချက်ရှိနေကြောင်းနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ယခုကဲ့သို့ ကျောင်းသားများ၏ တီတွင်ဖန်တီးမှုများကို စောင့်ကြည့်သည့်အဖွဲ့အစည်းများ ထားရှိကာ ပိုမိုကောင်းမွန်သည့် တီထွင်ထုတ်လုပ်မှုများကို လုပ်ဆောင်လျက် ရှိနေကြောင်း ကိုကျော်မင်းသူက ပြောသည်။
“ငွေကြေးပိုင်းနဲ့ နည်းပညာပိုင်းတွေသာ ထောက်ပံ့ပေးနိုင်လိုက်မယ်ဆိုရင် တချို့သော ပြည်ပက တင်သွင်းနေရ တာတွေကို ပြည်တွင်းမှာ ထုတ်နိုင်လာတဲ့အထိ ဖြစ်နိုင်တယ်။ နောက်ဆုံး အများကြီး ထုတ်နိုင်လာရင် ပြည်ပကို လည်း တင်ပို့တာတွေတောင် လုပ်နိုင်လာမှာဖြစ်တယ်။ လက်ရှိမှာက စွမ်းမှုစွမ်းအား ပြည်ထွန်းကားဆိုပြီး ပြောနေ တာက ပါးစပ်နဲ့ပြောနေသလိုပဲ ဖြစ်နေတယ်။ဘာမှ အကောင်အထည်မဖော်နိုင်သေးဘူး။ နိုင်ငံတကာမှာဆိုရင် ဖန်တီးနိုင်စွမ်းရှိတဲ့လူငယ်တွေကို စောင့်ကြည့်ပြီး ထောက်ပံ့ပေးနေပေမယ့် ကျွန်တော်တို့ဆီမှာတော့ အခုထိကို မရှိသေးဘူးဖြစ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိမြန်မာနိုင်ငံတွင် နေပြည်တော်နည်းပညာတက္ကသိုလ် အပါအဝင် နည်းပညာတက္ကသိုလ် (၃၄) ခုရှိနေပြီး နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာအခြေခံအုတ်မြစ်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် များ ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ၊သံမဏိများ၏ အရည်အသွေးကို နည်းပညာဖြင့် စိစစ်ကြပ်မတ်သင့်
RELATED POSTS
28 Mar 2026 | ပညာရေး,နိုင်ငံတကာ
28 Mar 2026 | ပညာရေး,ပြည်တွင်း
26 Mar 2026 | ပညာရေး,ပြည်တွင်း
