ပြည်ပနိုင်ငံများသို့ အလုပ်သွားလုပ်ရန် နယ်စပ်မှတဆင့် ထွက်ခွာမှုများရှိနေသည့်အတွက် ထိုင်းမှ အကျိုးအမြတ်ရ နေ
စော (NSS) - အောက်တိုဘာ ၁၇
ပြည်ပနိုင်ငံများသို့ အလုပ်သွားလုပ်ရန် နယ်စပ်မှတဆင့် ထွက်ခွာမှုများရှိနေသည့်အတွက် ထိုင်းနိုင်ငံမှ အကျိုး အမြတ်ရနေကြောင်း ဂျပန်စာသင်တန်းကျောင်းဖွင့်လှစ်ထားသူတစ်ဦးက NP News သို့ပြောသည်။
ပြည်ပနိုင်ငံများအလိုက် အလုပ်ခေါ်စာ(Demand)တစ်စောင် လျှင် ထိုင်းနိုင်ငံကို (၅၀) ဦး၊ ဂျပန်နိုင်ငံကို (၁၅) ဦး၊ တောင်ကိုရီးယားနိုင်ငံကို (၁၀) ဦး နှင့် စင်ကာပူနိုင်ငံကို (၅) ဦးသာ စေလွှတ်ခွင့်ပြုထားကြော င်း သိရသည်။
ထိုသို့ကန့်သတ်လိုက်သည့်အတွက် ဂျပန်နိုင်ငံသို့ အလုပ်သွားလုပ်ကြမည့်လူငယ်များသည် တာချီလိတ်ဘက်မှ တဆင့် ယိုးဒယားသို့သွားရောက်ပြီး ၎င်းနိုင်ငံ၏ ဂျပန်စာသင်တန်းကျောင်းများတွင် ကျောင်းတက်ကာ ဂျပန်သို့ သွားကြကြောင်း သိရသည်။

“ယိုးဒယားနိုင်ငံရဲ့ဂျပန်စာသင်တန်းကျောင်းတွေမှာ တက်တယ်။ ပြီးတဲ့အခါကျတော့ ဂျပန်ကိုသွားတယ်။ ဟိုဘက်သံရုံးတွေက COE(Certificate of Eligibility) ဆိုတာရှိတယ်။ အဲဒီ Certificate တွေပေးနေတဲ့အတွက် ကြောင့်မို့လို့ အားလုံးကသွားလို့ရနေတယ်။ ဆိုတော့ ပြန်သုံးသပ်ရင် ဒီဟာက ဘယ်သူနစ်နာနေလဲဆိုတော့ ကျွန်တော်တို့တွေပဲ နစ်နာနေတာပေါ့။ ကျွန်တော်ဆီက သွားတဲ့ကလေးတွေက နစ်နာနေတာ ဘယ်လိုပဲ ပိတ်ပိတ်၊ နည်းမျိုးစုံနဲ့ထွက်ကြတာကို။ ပုံမှန်ဆိုရင် မြန်မာပြည်မှာ ဝန်ဆောင်ခက ဒေါ်လာ (၁၈၀၀)လောက်နဲ့ ထွက်လို့ရနေ တဲ့ဟာက ယိုးဒယားကို သွားအကျိုးပြုနေသလိုလဲဖြစ်နေတယ်။ တာချီလိတ်ကနေ ထွက်တယ်။ လေဆိပ်ကနေ ထွက်တယ်။ ဟိုဘက်မှာ ကျောင်းတက်တယ်ဆို ကျောင်းစရိတ်တွေထပ်ကုန်တယ်။ နေထိုင်စရိတ်တွေ ထပ်ကုန် တယ်။ တစ်ခါပြီးရင်သွားမယ်ဆိုရင် အလုပ်လျှောက်မဲ့ဝန်ဆောင်ခက ထပ်ကုန်တာဆိုတော့ တကယ်တကယ်က ကိုယ့်နိုင်ငံကသွားတဲ့ကလေးတွေပဲ နစ်နာပြီးတော့ ယိုးဒယားက အမြတ်ထွက်သလိုဖြစ်နေတာပေါ့။ မြန်မာနိုင်ငံ ကုမ္ပဏီတွေလည်းအလုပ်မဖြစ်ဘူး” ဟု ၎င်းက ပြောသည်။
ထိုသို့ထွက်ခွာမှုများရှိနေသည့်အပြင် နယ်စပ်လမ်းကြောင်းများမှတဆင့် ဂျပန်နိုင်ငံသို့ အမြန်ဆုံးပို့ဆောင် ပေးမည် ဟုဆိုကာ အခကြေးငွေများယူ၍ ဆောင်ရွက်နေသည့် ပြင်ပဂျပန် စာသင်တန်းကျောင်းများ ပိုမိုများပြားလာပြီး အလိမ်ခံရသည့်ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။
“ဂျပန်က တော်တော်များများထွက်တဲ့ထဲပါတာပေါ့။ ဂျပန်နဲ့ပတ်သက်တဲ့ဟာတစ်ခုကတော့ ဖြေလျော့ပြီး စဉ်းစားပေးစေချင်တယ်။ အလုပ်နဲ့လာတဲ့ဟာက ဘယ်လိုပဲဖြစ်ဖြစ် ပိတ်ထားလဲထွက်မှာပဲ။ ထွက်သွားပြီးတော့ သူများနိုင်ငံက သွားအကျိုးရှိမယ်။ ကိုယ့်ကလေးက ပိုဒုက္ခရောက်တယ်။ အဲဒီတော့ ခိုးထွက်တဲ့လမ်းကြောင်းကို ဘယ်လိုနည်းနဲ့ပိတ်ပိတ် ရတဲ့နည်းတဲ့အကုန်ထွက်မှာပဲ။ ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ နယ်စပ်တွေကိုဘယ်လိုမှ ပိတ်လို့ မရတာ။ စစ်မှုမထမ်းမနေရဆိုတာက တစ်နှစ်မှလူဦးဘယ်လောက်မှမရှိဘူး။ ခေါ်တဲ့ဟာ ဘယ်လောက်မှမရှိတာကို သန်းနဲ့ချီပြီး သိန်းနဲ့ချီပြီး ထွက်နေကြတာကို ပြန်ကာသင့်တာပေါ့။ ပြန်ကာဗာလုပ်တဲ့အနေနဲ့ ဂျပန်နိုင်ငံကိုတော့ ဖွင့်ပေးသင့်တယ်။ နောက်တစ်ခါကျတော့ ဂျပန်နိုင်ငံကိုထွက်ပြီးရင်လဲ တရားဝင်ငွေပြန်လွှဲတာတွေကို သေချာ ကြပ်ကြပ်မတ်မတ်လုပ်စေချင်တယ်။ ယိုးဒယားကနေ ထွက်သွားတဲ့လူတွေကျရင် အခွန်လည်းကောက်လို့မရဘူး။ နိုင်ငံတကာမှ ရှိတဲ့သံရုံးတွေကလည်း အဲဒီလူတွေကို စီမံခန့်ခွဲဖို့ ခက်တယ်။ အဲဒီလူတွေအနေနဲ့ကလည်း အလည် Passport တွေနဲ့ထွက်တဲ့အတွက်ကြောင့်မို့လို့ အဲဒီစာအုပ်တွေကို နိုင်ငံခြားမှာသက်တမ်းကုန်သွားရင် ဆက်သွယ် ဆောင်ရွက်ဖို့ကခက်သွားကော သံရုံးတွေက အလည်အပတ်ကိုတိုးပေးလို့မရဘူး။ ဆိုတော့ ကိုယ်နိုင်ငံသားတွေပဲ ဒုက္ခရောက်တယ်။ ရသင့်တဲ့ အခွန်တွေဝင်ငွေတွေ ကိုယ့်နိုင်ငံက မရဘူး။ ကိုယ်နိုင်ငံက သွားတဲ့ကလေးတွေက သူများနိုင်ငံကသွားတဲ့ကလေးတွေထက် ပိုပြီးကုန်ကျပြီးတော့ ဒုက္ခနဲ့ခက်ခက်ခဲခဲသွားရတယ်” ဟု ၎င်းက အကြံပြု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နည်းပညာကျောင်းသားများ၏ ပရောဂျက်များကို နိုင်ငံတော်က စောင့်ကြည့်အသုံးပြုစေလိုကြောင်း အကြံပြု
RELATED POSTS
12 Sep 2026 | ခရီးသွား,ပြည်တွင်း
12 Sep 2026 | ခရီးသွား,နိုင်ငံတကာ
