Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရပ်ဖက်အဖွဲ့အစည်းများမှတ်ပုံတင်ရာတွင် ငြိမ်းချမ်း‌ရေးကိုအထောက်အကူပြုရန်နှင့် ဆူပူမှုကို အားမပေးရန် အာမခံချက်များပါရန်လို

သန့်ဇင်(NP News)-အောက်တိုဘာ ၁၆


အရပ်ဖက်အဖွဲ့အစည်းများမှတ်ပုံတင်ရာတွင် ငြိမ်းချမ်းရေးကို အထောက်အကူပြုရန်နှင့် ဆူပူမှုကို အားမပေးရန် အာမခံချက်များ ပါရန်လိုကြောင်း တပ်မတော်အရာရှိဟောင်း၊ နိုင်ငံရေးလေ့လာ၊သုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောကြားသည်။


ယနေ့(အောက်တိုဘာ ၁၆ရက်) မွန်းလွဲပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-(၁) (MICC-I) တွင် ကျင်းပသော NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည် အလုပ်ရုံဆွေးနွေးပွဲယာယီရပ်နားစဉ် မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


လက်ရှိကျင်းပပြုလုပ်လျက်ရှိသော အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာအောင်မျိုးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အရပ်ဖက်အဖွဲ့ အစည်းများ ပါဝင်လာရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


“အဖွဲ့စည်းတိုင်းရဲ့စိတ်မှာငြိမ်းချမ်းရေးရတာကောင်းတယ်။ ငြိမ်းချမ်းရေးရတာမြတ်နိုးဖွယ်ရာပဲ။ ဆူပူမှုကမကောင်းဘူးဆိုတဲ့ Idea ကို အဖွဲ့တိုင်းမှာဝင်သွားအောင်ပေါ့နော်။ အဲဒါကတော့ ပထမဆုံးရည်မှန်းချက်ပေါ့နော်။ အဲဒါကိုရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဘယ်အဖွဲ့ ရယ်လို့မဟုတ်ဘူး။ အဖွဲ့တိုင်းပေါ့နော်”ဟု ဒေါက်တာအောင်မျိုးက ဆိုသည်။


အရပ်ဖက်အဖွဲ့အစည်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင်မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ရသည့် ရည်ရွယ်ချက်အတွင်း ငြိမ်းရေးအား အထောက်အကူပြုရန်နှင့် ဆူပူမှုကို အားမပေးကြောင်း ရည်မှန်းချက်ပါရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။



“အဲဒါက ဒေသန္တရအုပ်ချုပ်ရေးနဲ့သွားရမှာ။ သူတို့အဖွဲ့အစည်းဆိုတဲ့အတွက် မှတ်ပုံတင်မယ်။ မှတ်ပုံတင်တဲ့ရည်ရွယ်ချက်က တစ်ခုပါမှာက ငြိမ်းရေးကိုအထောက်အကူပြုရမယ်။ ဆူပူမှုကို အားမပေးဘူးဆိုတဲ့ ရည်မှန်းချက်ပါရမယ်။ အဲဒါကဘာနဲ့သွားမလဲဆိုရင် ဒေသန္တရအုပ် ချုပ်ရေး ထွေအုပ်ပေါ့‌နော်အဲဒီတော့မှတ်ပုံတင်ရမယ်။ လွယ်လွယ်ကူကူပဲတင်ရမယ်။ လွယ်လွယ်ကူကူတင်နိုင်အောင် လည်းလုပ်ပေးရ မယ်။ အဲဒီအချက်တွေထည့်သွင်းပေးရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။


သို့သော်လက်ရှိအနေအထားအရ ငြိမ်းချမ်းရေးလမ်းစဉ်တွင် အရပ်ဖက်အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်ရေးမှာ နိုင်ငံရေးအခြေအနေအပြင်စသောအကြောင်းအရာများကြောင့် ငြိမ်းချမ်းရေးအတွက်ပြတ်သားစွာရပ်တည်ရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်


“လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေးလမ်းစဉ်ကို အရပ်ဖက်အဖွဲ့က ပူးပေါင်းဆောင်ရွက်ရေးအခြေအနေက အဲဒါကလက်ရှိအနေ အထား မှာ စစ်လည်းဖြစ်နေတယ်လေ။ ငွေကြေးဖောင်းပွမှုကလည်းမြင့်တက်နေတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံတော်ကလည်း စစ်အနိုင် တိုက်ရေး ကိုပဲ စဉ်းစားနေရတယ်။ အဲဒီတော့ တကယ့်တကယ်ကျတော့ Good Government ဆိုတဲ့ အုပ်ချုပ်ရေးကောင်း ပေါ့နော်။ ဥပမာတရားရုံးတွေက မှန်ကန်တယ်လို့လက်ခံရမယ်။ အားလုံးက ကုန်ဈေးနှုန်းတွေကလည်းကျရမယ်။ တိုင်းပြည်ကလည်း ကောင်းကောင်းမွန်မွန် သွားနေတယ်ဆိုတဲ့။ ဥပမာ ရွေးကောက်ပွဲလုပ်တော့မယ် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားတော့မယ်။ အဲဒီလိုမျိုး မကောင်းရင်တောင်မှပဲ‌ ကောင်းတဲ့အလားလာရှိနေတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုတည်ဆောက်ရမယ်။ အဲဒီလိုတည်ဆောက်တော့မှ စောစောအချက်တွေနဲ့ဟန်ချက်ညီလိုက်တာ။ အဲဒီလိုမျိုးမတည်ဆောက်နိုင်ရင်တော့ လူအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးဘက်ကို ပြတ်ပြတ်သားသားရပ်တည်ဖို့ဆိုတာ အခက်အခဲရှိဦးမှာပါ”ဟု ၎င်းကပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Peace Forum ထဲမှာ ဘာတွေဆွေးနွေးကြသလဲ၊ မဲဆွယ်ခွင့် စတင်မယ့်ရက် ကြေညာခြင်းနဲ့ ပေါင်းစပ်လုပ်ဆောင်ရမည့်ကိစ္စများ၊ ဘီလာရုစ် မော်ဒယ်ပေါက်စ မြန်မာနယ်စပ် ကျားဖြန့်ထဲမှာ အသတ်ခံရသလား ၊ ကိုးကန့် ဝေနဲ့ လျို မိသားစုကို တရုတ်က တရားစွဲချက်တင် (၁၆-၁ဝ-၂ဝ၂၅)

RECENT POSTS
လှိုင်မြစ်အတွင်းသို့ အောင်ဇေယျကြိုးတံတားပေါ်မှ သက်လတ်ပိုင်းအမျိုးသား (၁)ဦး ခုန်ချ ဆုံးစီရင်ဟုဆို
12 Sep 2026
ယနေ့ စက်တင်ဘာလ(၁၂)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
12 Sep 2026
မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့် ရပ်နားပြီးနောက် မနက်ဖြန်တွင် ပြန်လည်ပေးဆွဲမည်ဟု MAI အသိပေး
12 Sep 2026
ဖလမ်းမြို့တွင် MPT ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိ
12 Sep 2026
Teng Hui စက်ရုံလုပ်သားများ နစ်နာကြေးရရှိရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်သမားဝန်ကြီး ကြိုးပမ်းဆောင်ရွက်နေ
12 Sep 2026
YBS ဘတ်စ်ကား(၆၃) စီးအား ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လျှပ်စစ်ဘတ်စ်ကားများ အစားထိုးမည်
12 Sep 2026
သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်မှု ဟက်တာ (၂၉,၀၀၀) နီးပါးအထိမြင့်တက်လာကြောင်း ICG ဆို
12 Sep 2026
မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ရောက်ရန် ကမ္ဘောဒီးယားက ဆက်လက်ကြိုးပမ်းမည်
12 Sep 2026
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြည်သူ့ပါတီတွင် ဂုဏ်ထူးဆောင်နာယက အဖြစ်ဆက်ရှိမည်
12 Sep 2026
အမျိုးသမီးများကိုပါ စစ်မှုထမ်းခိုင်းရန် ယူကရိန်းကို ဥရောပသမဂ္ဂကတိုက်တွန်းခဲ့ကြောင်း ရုရှားစွပ်စွဲပြောဆို
12 Sep 2026
BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနှင့်တရုတ် သမ္မတတို့ သီးခြားတွေ့ဆုံဆွေးနွေးမည် မဟုတ်ဟုဆို
12 Sep 2026
ရုရှားထုတ်ခရီးသည်တင်လေယာဉ်(၁၀၅)စင်းကို အိန္ဒိယဝယ်ယူမည်
12 Sep 2026
ယီမင်ကမ်းရိုးတန်းတစ်လျှောက် ဟူသီအဖွဲ့ချီတက်လာမှုကြောင့် ပင်လယ်နီလမ်းကြောင်း ပိတ်ဆို့ခံရနိုင်မည့် အန္တရာယ်မြင့်တက်နေ
12 Sep 2026
ဖိလစ်ပိုင်ကဟန်ဆောင်လိမ်လည်နေဟု တရုတ်အစိုးရဝေဖန်
12 Sep 2026
နိုင်ငံတော်သမ္မတကို ကမ္ဘောဒီးယားက ခမ်းခမ်းနားနားကြိုဆိုပြီး ပထမနေ့တွင် သဘောတူစာချုပ်နှင့် MOU (၄) ခု လက်မှတ်ရေးထိုး
12 Sep 2026
အမေရိကန်တွင် လူပေါင်း(၂၀ဝဝ)နီးပါးက Jeppson’s Malort အရက်ကို တစ်ပြိုင်တည်းသောက်ပြီး ဂင်းနစ်စံချိန်သစ်တင်
12 Sep 2026
အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်မည့် QIP အမြန်အကျိုးပြု စီမံကိန်း (၅) ခုအတွက် MoU လက်မှတ်ရေးထိုး
12 Sep 2026
မင်းတုန်းမင်းတရားကြီး နတ်ပြည်စံသက် (၁၄၈) နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကို ရွှေနန်းတော်ကြီးပေါ်ပြုလုပ်နိုင်ရေးကြိုးပမ်းမည်
12 Sep 2026
အကြမ်းဖက်သမားများကြောင့် ယမန်နေ့က နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့
12 Sep 2026
အီရန်နှင့်စစ်ပွဲဖြစ်ခဲ့ခြင်းကို နောင်တမရကြောင်း အမေရိကန်သမ္မတပြော
12 Sep 2026
FOLLOW US

Copyright © News Services Station | All Right Reserved